အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေဖိအားနည်းရပ်ဝန်းနှင့် ဆိုင်ကလုန်းမုန်တိုင်းအသိပေးချက်

လေဖိအားနည်းရပ်ဝန်းနှင့် ဆိုင်ကလုန်းမုန်တိုင်းအသိပေးချက်

Green Way
Green Way • 20/05/2021

    ယနေ့ညနေ (၁၉:၀၀) အချိန်ရရှိသော အချက်အလက်များအရ မေလ (၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိနေသာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။ ဖော်ပြပါနေရာတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီးလျှင် မေလ (၂၄) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ 

    အဆိုပါ ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ဦိးတည်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ် - အနောက်ဘန်ဂေါကမ်းရိုးတန်းများဆီသို့ မေလ (၂၆) ရက်နေ့တွင် ရောက်ရှိနိုင်ပါသည်။ 

    ECMWF နှင့် GFS MODEL တွက်ချက်မှုများအရ မြန်မာ့ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်နိုင်ခြေနည်းပါးပါသော်လည်း ဧရာဝတီတိုင်းဒေသကြီး/ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် နီးကပ်စွာ ဖြတ်သန်းသွားနိုင်ကြောင်း တွေ့ရှိရပါသည်။ 

    မိုးလေဝသအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သောကြောင့် ဆက်လက်စောင့်ကြည့်၍ အသေးစိတ်အချက်အလက်များအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပါမည် ခင်ဗျာ။ 

Source - ရာသီဥတုအခြေအနေမျှဝေကြမယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။