အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပူပိုင်းမုန်တိုင်းငယ်နှင့်ပတ်သက်သည့်  သတိပေးချက် အမှတ်စဉ်(၀၄/၂၀၂၀)

အပူပိုင်းမုန်တိုင်းငယ်နှင့်ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၄/၂၀၂၀)

မိုးဇလ
မိုးဇလ • 08/10/2020
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို နာထရန်းမြို့(Nha Trang)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိပြီး၊ ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်ကာ အောက်တိုဘာလ(၉) ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
၂။ အဆိုပါ ‌လေဖိအားနည်းရပ်ဝန်းကြောင့် (၈.၁၀.၂၀၂၀)ရက်နေ့မှ (၁၃.၁၀.၂၀၂၀)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
၃။ သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုးဇလ
5
ကိုသန်းလိူင်

ကိုသန်းလိူင်

လွန်ခဲ့သော ၅ နှစ် က

ပူနေတယ် အပင်တွေ ခြောက်နေပြီ

moe moe

moe moe

လွန်ခဲ့သော ၅ နှစ် က

မကွေးတိုင်မို းမရာွနိုင်ဘူးလား

khun thame wai

khun thame wai

လွန်ခဲ့သော ၅ နှစ် က

ရှမ်းပြည်နယ် တောင်ပိုင်းဘက်ရွှာနိင်ပါသလားဗျာ

မေဇင်ထွန်း

မေဇင်ထွန်း

လွန်ခဲ့သော ၅ နှစ် က

2020 အောက်တိုဘာ 9 ရက်နေ့တွင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ နေ့အပူချိန်မြင့်တက်လာကာ ပူပြင်းခြောက်သွေ့နိုင်ပါတယ်။ Su Su San မိုးဇလပညာရှင်ရဲ့ ခန့်မှန်းချက်ကို ပြောပြပေးထားပါတယ်။

ဦးနိုင်အောင်ကျော်

ဦးနိုင်အောင်ကျော်

လွန်ခဲ့သော ၅ နှစ် က

အလယ်ပိုင်းဒေသစစ်ကိုင်းတိုင်းရောမီုးရေရနိုင်ပါသလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။