အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဩဂုတ် ၂၄ နောက်ပိုင်း နေ့အပူချိန်များ ပြန်မြင့်လာနိုင်သော်လည်း ပုံမှန်မိုးရွာသွန်းမှုများတော့ ဆက်ရှိနေမည်

ဩဂုတ် ၂၄ နောက်ပိုင်း နေ့အပူချိန်များ ပြန်မြင့်လာနိုင်သော်လည်း ပုံမှန်မိုးရွာသွန်းမှုများတော့ ဆက်ရှိနေမည်

Green Way
Green Way • 22/08/2022

ယခု ဩဂုတ်လ ၂၄ ရက်နောက်ပိုင်း နေ့အပူချိန်များ ပြန်မြင့်လာနိုင်ပေမဲ့ ပုံမှန်မိုးရွာသွန်းမှုတွေကတော့ လကုန်ပိုင်းထိ ဆက်ရှိနေနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပြောကြားပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း 04B(FOUR) အရှိန်ကြောင့် ဒေသအချို့မှာ မိုးများပြီး ရေကြီးရေလျှံတာတွေရှိခဲ့ပါတယ်။ ဒီမုန် တိုင်းအလွန်ကာလ ဩဂုတ် ၂၄ ရက်နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးမှာ နေ့အပူချိန်တွေ အနည်းငယ်ပြန်တက်လာနိုင်ပေမယ့် ပုံမှန်မိုးရွာသွန်းမှုကတော့ ဆက်ရှိနေမယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ အပူချိန်ပြန်တက်မယ်။ အများကြီးတော့မဟုတ်ဘူး။ ၃၃၊ ၃၄ ဒီဂရီက အများဆုံးပဲ။ ပုံမှန်မိုးရွာသွန်းမှုတွေကတော့ ဆက်ရှိနေမယ်။ Climate Prediction Center (ကမ္ဘာ့ရာသီဥတုကြိုတင်ခန့်မှန်းရေးစင်တာ) ရဲ့ ကြိုတင်ခန့်မှန်းချက်အရဆိုရင်လည်း လကုန်အထိ ပုံမှန်မိုးရွာသွန်းမြဲအတိုင်း ဆက်ရှိနေမှာဆိုပြီး ခန့်မှန်းပေးထားတယ်။   ဒါပေမဲ့ တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်း 10W ကုန်းတွင်းကို ဝင်သွားပြီး ၂၆ ရက်နေ့ ညနေပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲက မုတ်သုံလေအားပါ သိသိလျော့ကျသွားပြီး မိုးအားလျော့သွားနိုင်ပါမယ်"

ဩဂုတ်လ လကုန်ပိုင်းမှာတော့ ECMWF Model ကြိုတင်ခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း(အီကွေတာအနီး)နဲ့ ဗီယက်နန်နိုင်ငံ-ဟိုင်နန်ကျွန်းကြား တုံကင်ပင်လယ်ကွေ့တွေမှာ လေဖိအားနည်းရပ်ဝန်းတွေအစီအရီဖြစ်လာနိုင်ကြောင်း ဖော်ပြထားပြီး အဲ့ဒါတွေဖြစ်လာရင်တော့ စက်တင်ဘာလဆန်းပိုင်းမှာ မိုးပြန်များလာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

“ လကုန်ပိုင်းလောက်မှာ ဘာကိုကြိုတွေ့လဲဆိုတော့ ဟိုးအောက်ဘက်က အိန္ဒိယတောင်ပိုင်းစွန်း ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ဖို့ရှိတယ်။ နောက်ပြီးတော့မှ အီကွေတာတောင်ပိုင်းက အခုအစပျိုးနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်လုံးကဖြစ်မယ်။ ဟိုး ကျွန်တော်တို့ ARSANI (အာစနီ) ဖြစ်တုန်းကလိုပဲ။ အပေါ်မှာတစ်လုံး၊ အောက်မှာတစ်လုံး။ အီကွေတာရဲ့ အပေါ်မှာတစ်လုံး၊ တောင်ဘက်မှာတစ်လုံးပေါ့။ အဲ့ဒါအပေါင်း ဗီယက်နမ် တုံကင်ပင်လယ်ကွေ့ထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်လုံးဖြစ်မယ်။ အဲ့ဒီတော့ ဩဂုတ်လကုန်၊ စက်တင်ဘာလဆန်းပိုင်း လောက်မှာ မိုးပြန်များလာနိုင်တယ်။ ဒါပေမဲ့ ဒါကတော့ ဝေးသေးတယ်။ လေပွေလှိုင်းအခြေအနေတွေ ဘာတွေ ဆက်ကြည့်ရဦးမှာပေါ့” 

လက်ရှိမှာ လာမယ့်နှစ် မတ်လအထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားတဲ့ လာနီညာရာသီဥတုက ဆက်ဖြစ်နေဆဲဖြစ်လို့ လာနီညာရဲ့သဘောအရ စိုစွတ်ပြီးအေးမြမယ့် အခြေအနေက ဆက်ဖြစ်နေမှာဖြစ်ပြီး မိုးနှောင်းကာလမှာလည်း မိုးက အနည်းဆုံးတော့ ပုံမှန်ရွာသွန်းမြဲလောက်တော့ တစ်ပြည်လုံးရွာနေနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

Photos Crd_ U Win Naing

✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။