အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၅ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်

ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၅ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်

"ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်လာသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ရှိလာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိရောက်လာနိုင်ချေမရှိပါ"

ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီ ၃၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

 

📌 အီကွေတာအနီး  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း  LPA သည် အနောက်-အနောက်မြောက်ဘက် သီရိလင်္ကာနိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်လာမည့် ၂၄ နာရီအတွင်း အားပိုကောင်းကာပိုမိုသိသာသည့် MORE MARKED လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။ 

📌 လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ဗဟိုဖိအား ၁၀၀၈ ဟက်တိုပါစကယ် (1008 hPa)၊ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၉ မိုင်၊ မိုင် ၃၀ ခန့်ရှိပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း လေဖိအားနည်းရပ်ဝန်းအပေါ်မှ တိမ်ထိပ်အပူချိန် cloud top temperature သည် အနှုတ် ၉၀°C ရှိနေကြောင်း သိရပါတယ်။ 

📌 အိန္ဒိယမိုးလေဝသဌာနရဲ့ GFS နှင့် BFS model ကြိုတင်ခန့်မှန်းချက်များအရ နောက်လာမည့် ၂ ရက်အတွင်း အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ECMWF, NCEP GFS တို့မှ ဖေဖေါ်ဝါရီ ၂၁ ရက် မှ ၂၃ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းသစ်တခုဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ နောက်လာမည့် ၇ ရက်အတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့် အခြေအနေမရှိကြောင်း ခန့်မှန်းထားပါတယ်။

📌 ECMWF အပူပိုင်းမုန်တိုင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်မည့်အခြေအနေပြ chart မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖေဖော်ဝါရီ ၂၀ ရက် မှ ၂၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% ရှိကြောင်းဖော်ပြထားတာတွေ့ရပါတယ်။

📌 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ လေထုမငြိမ်မသက်မှုများကြောင့် ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၅ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးရေချိန်အများဆုံးရရှိနိုင်ပါတယ် (၇ ရက်မိုးရေချိန် ၁ လက်မအထက်ရရှိနိုင်ပါမယ်) ရှမ်းပြည်နယ်၊  ပဲခူးတိုင်း-အရှေ့ပိုင်းနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင်လည်း မိုးအနည်းငယ်/မိုးဖွဲကျနိုင်ပါတယ်။ 

📌 ကျန်ပြည်နယ်/တိုင်းများတွင် (ပဲခူးအနောက်၊ စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ နေပြည်တော်၊ ကယား၊ မကွေး၊ ချင်း) မိုးရိပ်တက်ပြီး မိုးအုံ့နိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်သော်လည်း မိုးရွာနိုင်၊ မိုးရေချိန်ရရှိနိုင်မည့် အလားအလာအလွန်နည်းပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
khun thein maung

khun thein maung

လွန်ခဲ့သော ၇ လ က

👍

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။