အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နောက် ၃ ရက်အတွင်း ဖြစ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ

နောက် ၃ ရက်အတွင်း ဖြစ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ

နောက်လာမည့် ၃ ရက် - ဇူလိုင် ၁၂-၁၃-၁၄ ရက်နေ့များအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းငယ်အဆင့်အထိရောက်နိုင်ကာ၊ ဘင်္ဂလားပင်လယ်အော်မှာတော့ အိန္ဒိယအရှေ့မြောက်ကမ်းခြေနဲ့ ထိစပ်နေတဲ့ပင်လယ်ပြင်အပေါ် "ကုန်းတဝက်ရေတဝက် အားမကောင်းသောလေဖိအားနည်းရပ်ဝန်း"လောက်သာ ဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။

ဒီအခြေအနေကြောင့် နောက်လာမဲ့ ၃ ရက်(ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်)အတွင်း -

💦 မြန်မာတနိုင်ငံလုံး နေရာအနှံ့အပြားမှာ မုတ်သုံမိုးများရွာနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်နိုင်ပါမယ်။

💦 💦 ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန်စုစုပေါင်း ၆၀ မီလီမီတာအထက်ရွာသွန်းပြီး မိုးများနိုင်ပါတယ်။ 

🌦 ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ ၃ ရက်အတွင်း မိုးရေချိန် စုစုပေါင်း ၆၀ မီလီမီတာအောက်သာရွာနိုင်ပြီး မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။

🔸 မြန်မာပြည်အနှံ့ ပြည်နယ်တိုင်းမြို့များရဲ့ မိုးရွာသွန်းနိုင်တဲ့ အခြေအနေကို MMWeathr Website - Divisional Cities Weather page: https://www.mmweather.org/divisional-cities-weather မှာ ကြည့်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Ko Zaw

Ko Zaw

လွန်ခဲ့သော ၂ နှစ် က

မကွေးတိုင်းချောက်မြို့နယ် မှာ မိုးအရမ်းလိုနေလို့ မိုးရွာမည့်ရက်ပြေားကြားပေးပါအုံးဆရာ

tun tun

tun tun

လွန်ခဲ့သော ၂ နှစ် က

ကျုပ်တို့ရွာ နှမ်းပင်တွေတော့ ရေငတ်နေပီ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။