အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်လ ၂၃ ရက်အထိ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှမိုးများနိုင်

မတ်လ ၂၃ ရက်အထိ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှမိုးများနိုင်

“ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသည့်မိုးလေဝသအခြေအနေ (လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း) ဖြစ်ပေါ်ခြင်းမရှိပါ။ တောင်တရုတ်ပင်လယ်တွင် မတ်လ ၁၆ ရက်နောက်ပိုင်း အရှေ့မြောက်မုတ်သုံ(ဆောင်းမုတ်သုံ)အားလျော့လာပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အနောက်မြောက်လေစီးကြောင်း ဆက်လက်အားကောင်းနေပါမယ်။”

မတ်လ ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ် Update အရ

🔸 တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေဆက်လက်အားကောင်းနေပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အနောက်မြောက်လေစီးကြောင်းသည်လည်း အိန္ဒိယ-ပါကစ္စတန်နယ်စပ်အနီးမှ လက်ယာရစ် Anti-Cyclonic လေဝဲကြောင့် အားကောင်းနေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးများနိုင်မည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေနိုင်ပါမယ်။

🔸 စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ်လ ၂၃ ရက်အထိ နေရာကွက်၍ မိုးအသင့်အတင့်မှမိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများမှာ နေရာကျဲကျဲမိုးအနည်းငယ်ရွာသွန်းနိုင်ပြီး မိုးရေချိန်အလွန်နည်းနိုင်သည့်အခြေအနေများ မတ်လ ၂၁ ရက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ နေ့အပူချိန်များမြင့်တက်လာနိုင်သော်လည်း လာနီညာနှစ်ဖြစ်သဖြင့် အပူလွန်ကဲခြင်းမဖြစ်နိုင်ပါ။

🔸 ပြည်နယ်တိုင်းဒေသများ၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ(Relative Humidity) များ ၁၀% မှ ၃၀% အတွင်းရှိနိုင်ပြီး၊ တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းရိုးတန်းအနီးဒေသများတွင် ညနှင့် နံနက်အစောပိုင်းအချိန် လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အတွင်းရှိနေနိုင်ပါမယ်။ အလယ်ပိုင်းနှင့်  တောင်ပိုင်းဒေသအများစုတွင် နေ့အပူချိန်မြင့်တက်ပြီး လေထုခြောက်သွေ့ခြင်းဆက်လက်၍ရှိနေနိုင်ပါမယ်။

နေ့အပူချိန်များမြင့်တက်လာပြီးနောက် လေထုခြောက်သွေ့လာလျှင်

ကျန်းမာရေးဆိုင်ရာသတိထားရမည့်အချက်များ -

🔸 ရေဓါတ်လျော့နည်းခြင်း(Dehydration)

🔸 အပူလွန်ကဲခြင်း(Heat exhaustion/Heat Stroke)

🔸 အသက်ရှုလမ်းကြောင်းပြဿနာ (Respiratory Issues)

🔸 UV Radiation မြင့်တက်ခြင်းတို့ကို သတိထားကြရပါမယ်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိထားရန်အချက်များ -

🔸 မြေဆီလွှာစိုထိုင်းဆလျော့ကျလာခြင်း (Soil moisture loss and Evapotranspiration)

🔸 အပင်ရေငွေ့ပျံနှုန်းမြင့်မားလာခြင်း (Heat Stress)

🔸 ပိုးမွှားကျရောက်မှုတိုးမြင့်လာနိုင်ခြင်း(Pest Outbreaks) တို့ကြောင့်စိုက်ပျိုးသီးနှံဆုံးရှုံးခြင်း၊ အထွက်နှုန်းလျော့နည်းခြင်းတို့မှကာကွယ်ရန် အစိမ်းရောင်လမ်းဆော့ဝဲ၏ အမေးအဖြေကဏ္ဍတွင် ဝင်ရောက်အကြံဉာဏ်ရယူနိုင်ပါသည်။ 

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။