မေ၂၆တွင် ဩရိဿပြည်နယ်ကမ်းခြေအနီးမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိလာ
မေလ ၁၄ ရက် နံနက် ၆ နာရီခွဲအချိန်မှာ ECMWF AIFS ခန့်မှန်းချက်၊ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ ကြိုတင်ခန့်မှန်းခန့်မှန်းချက်များရရှိတဲ့ အခြေအနေများအရ -
🔸 ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းခြေအနီးမှာ မေလ ၂၆ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိလာကြောင်း၊
🔸 ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ကြောင်း၊
🔸 မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး မေလ ၂၅-၂၆ ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက် အန်ဒရာပရာဒက်ရှ်ကမ်းလွန်ပင်လယ်ပြင်၌ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း 40m/s = တနာရီ ၈၉.၅ မိုင်နှုန်း)ဖြစ်လာနိုင်ကြောင်းနှင့်
🔸 METEOBLUE ရဲ့ ECMWF AIFS Model ခန့်မှန်းချက်မှာလဲ အလားတူကြိုတင်ခန့်မှန်းချက်များတွေ့နေရပါတယ်။

🔸 ဒီအခြေအနေများကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်း-ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေသည် 50% အထိ သေချာမှုရှိလာပြီး၊
မုန်တိုင်းဖြစ်လာတဲ့အခါ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည့်အခြေအနေမတွေ့ရသော်လည်း "မုန်တိုင်းညာဘက်ခြမ်းမှ မြန်မာနိုင်ငံဒေသများသို့ မုန်တိုင်းအရှိန်သက်ရောက်မှုရှိလာနိုင်မည်"ဖြစ်တာကြောင့်
🔸 ပထမဦးစွာ ပင်လယ်ပြင်မှ ရေလုပ်သားများအနေဖြင့် လာမည့် ၇ ရက်လွန်လျှင် ပင်လယ်ပြင်မှာ လှိုင်းလေကြမ်းတမ်းလာနိုင်သည့်အခြေအနေကြောင့် ဘေးလွတ်ရာစတင်ရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
♦️ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်မည့် ကြိုတင်ခန့်မှန်းရက် ၇ ရက်မှ ၁၀ ရက်ခန့်အထိ လိုသေးတာကြောင့် ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026