အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်လ ၂၅ ရက် မှ ဧပြီလ ၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

မတ်လ ၂၅ ရက် မှ ဧပြီလ ၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

“ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသည့်မိုးလေဝသအခြေအနေ (လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း) ဖြစ်ပေါ်ခြင်းမရှိပါ။ မတ်လ ၃၁ ရက်နေ့အထိ အနောက်-အနောက်မြောက်လေစီးကြောင်းနှင့် ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်တိုက်ခတ်လာသည့် အရှေ့-အရှေ့တောင်အရပ်မှ လေစီးကြောင်းများ အားကောင်းလျှက်ရှိပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာသွန်းနိုင်သည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်”

မတ်လ ၂၅ ရက် ညနေ ၅ နာရီ ၅၀ မိနစ် Updateအရ

📌 ဩစတေးလျတိုက်မြောက်ဘက်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း NARELLE သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရေပြင်သို့ ဝင်ရောက်လာပြီးနောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းမှ CAT-1 ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာတာတွေ့ရပါသည်။

📌 ဩစတေးလျတိုက်မြောက်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်း NARELLE သည် အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားပြီး မုန်တိုင်းအရှိန်ကြောင့် မြောက်မှတောင်သို့တိုက်ခတ်သည့် အီကွေတာဖြတ်ကျော်လေစီးကြောင်း CEF အားကောင်းလာကာ တောင်ကမ္ဘာခြမ်းတွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရပါသည်။ ဆိုင်ကလုန်းမုန်တိုင်း NARELLE ၏အရှိန်သည် ကမ္ဘာ့မြောက်ခြမ်းသို့ တိုက်ရိုက်သက်ရောက်မှုမရှိပါ။

📌 မတ်လ ၂၅ ရက် မှ ဧပြီလ ၁ ရက်နေ့အတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေအေးစီးကြောင်းနှင့် ဘင်္ဂလားပင်လယ်အော်မှ လေနွေးစီးကြောင်းတို့ တွေ့ဆုံဖြစ်ပေါ်လာသော မိုးတိမ်များသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်-အနောက်တောင်ဘက်အရပ်များမှ ရွေ့လျားဝင်ရောက်လာနိုင်ပြီး ဧပြီလ လကုန်ရက်များအတွင်း “မုတ်သုံအကြိုမိုး”အနည်းငယ်မှ အသင့်အတင့်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်စေနိုင်ပါသည်။

📌 မတ်လ ၂၅ ရက် မှ ဧပြီလ ၁ ရက်နေ့အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပါသည်။ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ ကျန်ပြည်နယ်တိုင်းဒေသများတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး နေ့အပူချိန်များမြင့်တက်လာနိုင်ပါသည်။ 

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
Johnyawlay

Johnyawlay

လွန်ခဲ့သော ၆ လ က

ကျေးဇူးတင်ပါတယ်ဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။