တိုင်းဒေသကြီးအားလုံး မေလအထိ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် ၁.၅ - ၂°C ပိုပူနိုင် (၂၀၂၄ မိုးရာသီကာလအား ကြိုတင်ခန့်မှန်းခြင်း)
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာရရှိတဲ့ NOAA-National Oceanic and Atmospheric Administration is a scientific and regulatory agency က ထုတ်ပြန်တဲ့ The El Niño-Southern Oscillation (ENSO) အစီရင်ခံစာမှာ -
၂၀၂၄ ခုနှစ် ဧပြီလအထိ အယ်လ်နီညိုအစွန်းရောက်ရာသီဥတုဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေမဲ့အခြေအနေက ၁၀၀% ရှိနေဆဲဖြစ်ပြီး၊ မေလနဲ့ ဇွန်လတွေမှာ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ် ကြားနေရာသီဥတုဖြစ်စဉ်(Neutral) ဖြစ်နိုင်ချေ ၇၉% နဲ့ ဩဂုတ်လမှ နိုဝင်ဘာလအတွင်း လာနီညာအစွန်းရောက်ရာသီဥတုဖြစ်စဉ် ဖြစ်နိုင်ချေက ရာခိုင်နှုန်း ၇၀ အထက်ကို ရောက်လာကြောင်း တွေ့ရပါတယ်။

ဒီအစီရင်ခံစာအရ -
- မြန်မာနိုင်ငံရဲ့ ဒေသအားလုံးနီးပါးမှာ ၂၀၂၄ ခုနှစ်-မေလအထိ နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် ၁.၅°C မှ ၂°C အထိ ပိုမိုနေမှာဖြစ်ကြောင်း
- ဇူလိုင်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက် ၃၀ မီလီမီတာမှ ၄၀ မီလီမီတာအထိသာ မိုးရေချိန်ရရှိနိုင်မှာဖြစ်ကြောင်း Meteoblue ရဲ့ Seasonal Forecast အခြေအနေကနေ တွေ့ရပါတယ်။

အခုလိုတွေ့ရတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ
- နွေရာသီအကုန်-မိုးဦးကာလအတွင်းမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေပြီး ဘင်္ဂလားပင်လယ်အော်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများဖြစ်ပေါ်ခြင်းမရှိရင်တော့ မိုးဦးမိုးရွာသွန်းမဲ့အခြေအနေက အတော်ကို နည်းနေနိုင်ကြောင်း
- မိုးလယ်ကာလနဲ့ မိုးနှောင်းကာလအတွင်းမှာတော့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များမရှိဘဲNeutral(ပုံမှန်ရာသီဥတုဖြစ်စဉ်)နဲ့ လာနီညာဖြစ်နိုင်ချေမြင့်တက်လာတာကြောင့် မိုးလယ်ကာလမှာ ပုံမှန်မိုးရွာသွန်းနိုင်ပြီး မိုးနှောင်း/မိုးလွန်ကာလတွေမှာ မိုးပြန်များလာနိုင်ကြောင်း သုံးသပ်ရပါတယ်။

ရာသီဥတုဖြစ်နိုင်ချေကြိုတင်ခန့်မှန်းချက်များဟာ ပင်လယ်ပြင်မှဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများရဲ့ အမြဲပြောင်းလဲတတ်တဲ့ သဘာဝရှိတာကြောင့် မိုးဦး/မိုးလယ်/မိုးနှောင်းကာလ ၃ ခုစလုံးမှာ ဖြစ်ပေါ်တတ်တဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်များကို သတိထားစောင့်ကြည့်ကြဖို့လိုအပ်ပြီး ထူးခြားမိုးလေဝသဖြစ်စဉ်ဖြစ်ပေါ်နိုင်မဲ့အခြေအနေကြိုတင်တွေ့ရတာနဲ့ ကျနော့်အနေနဲ့ အသိပေးတင်ပြပေးသွားမှာပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ကိုစိုးအောင်
လွန်ခဲ့သော ၂ နှစ် ကဒီနစ်ဘယ်လလောက် မိုးဦးကြနိုင်မလဲ
zaw min thu
လွန်ခဲ့သော ၂ နှစ် က၄လပိုင်းကုန် ၅ လပိုင်းမှာ အပူရှိန်မြင့်တက်နေနိုင်ရင် အပူပိုင်း မုန်တိုင်းငယ်ဖြစ်နိုင်ပါသလား ဆရာ အဲဒီအရှိန်နဲ့ မိုးရွာနိုင်ပါသလားခင်ဗျ မိုးကြို မြေပဲစိုက်ပျိုးမဲ့တောင်သူများ အတွက်ပါ ဆရာ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....