၂၁ ရက်နေ့ မွန်းလွဲ-ညနေပိုင်းက စ ပြီး ၂၃ ရက်နေ့ ညပိုင်းအထိ တစ်နိုင်ငံလုံးနီးပါး မိုးထစ်ချုန်းရွာပြီး လေပြင်းများတိုက်နိုင်
မတ်လ ၁၉ ရက် နံနက် ၃ နာရီမှ မတ်လ ၂၄ ရက်နေ့ ညသန်းခေါင်အချိန်အထိ ECMWF Model ရဲ့ တိမ်ထုစုဖွဲ့ဖြစ်ပေါ်ရွေ့လျားမှု၊ မိုးရွာနိုင်မဲ့ အခြေအနေများနဲ့ လေဖိအားနည်း/များပြ မျဉ်းများဖြစ်ပေါ်မှုစသည်တို့ပါဝင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ -
- မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက စ ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အရှေ့ဘက်ကဝင်ရောက်လာတဲ့ မိုးတိမ်တွေကြောင့် မိုးရွာသွန်းခြင်း၊ အရှေ့-အရှေ့တောင်ဘက်မှာ လေပြင်း တစ်နာရီမိုင်၂၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။
- ၂၁ ရက်နေ့ မွန်းလွဲ-ညနေပိုင်းက စ ပြီး ၂၃ ရက်နေ့ ညပိုင်းအထိ ၄၈ နာရီခန့်အချိန်အတွင်းမှာ အနောက်ဘက်-အိန္ဒိယဘက်နဲ့ ကပ္ပလီပင်လယ်ပြင်မှဝင်လာတဲ့ မိုးတိမ်တွေရဲ့ ထုထည်စုဖွဲ့မှုအခြေအနေများပေါ်မူတည်ပြီး တစ်နိုင်ငံလုံး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့မှတဆင့် ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတစ်နာရီ ၁၅ မိုင်မှ အများဆုံး wind gust ၃၂ မိုင်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။
အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်စုဖွဲ့ဝင်ရောက်မှုမှာ အမြင့်ပေ ၂၀၀၀ မှ အမြင့်ပေ ၁၅,၀၀၀ အတွင်းဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်ကြီးများလည်းပါဝင်လာနိုင်ကြောင်းတွေ့ရတဲ့အတွက် အဲ့ဒီမိုးတိမ်တောင်များရွေ့လျားရာလမ်းတလျှောက် ခြောက်သွေ့စိုက်ဆင်းလေပြင်း(Dry Downburst)တိုက်ခတ်နိုင်တဲ့ အခြေအနေများရှိနေတာကို သတိပြုကြရပါမယ်။

MMWeather Knowledge Website လို့ခေါ်တဲ့ ဖော်ပြပါလင့်ခ်မှာ -
စိုက်ဆင်းလေပြင်းအကြောင်း၊ ပြည်နယ်နှင့်တိုင်းမြို့ကြီးများရဲ့ ၄ ရက်အတွင်းဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေ၊ ပြည်နယ်တိုင်းမြို့ကြီးများမဟုတ်သောမြို့များ(Non-Divisional Cities)ရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချေများတင်ပြပေးထားတာကြောင့် မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။
https://www.mmweather.org/special-weather-situation
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
aung.sal
လွန်ခဲ့သော ၂ နှစ် ကမှတ်လ28ရက်မှိလေ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026