အားကောင်းသော မုန်တိုင်းငယ်ဖြစ်လာပြီ..
INVEST-92B က အခု နေ့လည် ၁၂ နာရီခွဲမှာ မုန်တိုင်းငယ် DEEP-DEPRESSION ဖြစ်ကြောင်း တက်လာတယ်။ INVEST-92B က DEEP-DEPRESSION 06B(SIX)လို့ အမည်စ ပေးပြီး အောက်တိုဘာလ ၂၃ ရက် ည သန်းခေါင်ကျော် ၁၂ နာရီခွဲမှာ ဆိုင်ကလုန်းမုန်တိုင်းစဖြစ်မယ်လို့ update လုပ်ထားတာတွေ့ရပါတယ်။
မိုက်ခရိုဝေ့ ပုံရိပ်တွေအရ မုန်တိုင်းရဲ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ အားကောင်းပေမဲ့ စုစည်းမှုကတော့ တိမ်နေ(အားနည်းနေဆဲ)ဖြစ်ကြောင်း၊ သင်္ချာပုံစံခန့်မှန်းရေးမော်ဒယ်တွေကတော့ မုန်တိုင်းဟာ မြောက်-အရှေ့မြောက်(ဘင်္ဂလားဒေ့ရှ်ဘက်) ကို ဦးတည်ရွေ့လျားမယ်လို့ပြသနေကြောင်း JTWC က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ကိုးကားတင်ပြထားတာတွေ့ရပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲအချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်အကွာတွင် ဗဟိုပြုနေပြီး၊ ပြီးခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ ရေမိုင် ၇ မိုင်နှုန်း(7 knots)ဖြင့် ရွေ့လျားခဲ့သည်။ ဗဟိုဖိအား ၁၀၀၃ ဟက်တိုပါစကယ်ရှိပြီး လှိုင်းအမြင့် ၁၅ ပေ ရှိကြောင်း JTWC မှ ထုတ်ပြန်ထားသည်။
ကျနော်တို့ APP တွေထဲက WINDY ရဲ့ ခန့်မှန်းချက်တွေမှာတော့ ဒီနေ့ - ၂၃ ရက် မွန်းလွဲ ၂ နာရီမှာ မုန်တိုင်းငယ်ရဲ့ဗဟိုချက်အနီးလေတိုက်နှုန်းက 32knots(37mph) ဖြစ်လာပြီး ရုတ်တရက်ဆောင့်တိုက်တဲ့လေပြင်း(WIND GUST)က 47knots(54mph) ရှိလာကြောင်းတွေ့ရပါတယ်။
မုန်တိုင်းရဲ့ လမ်းကြောင်းဦးတည်ရာကတော့ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ၁၈၆ မိုင်ခန့်၊ စစ်တကောင်းမြို့အနောက်ဘက် မိုင် ၆၀ ခန့်အကွာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဦးတည်ရွေ့လျားပြီး အောက်တိုဘာလ ၂၅ ရက် ညပိုင်းမှာအဲ့ဒီနေရာအနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်။ ဖြတ်ကျော်ဝင်ရောက်ပြီး ချက်ချင်းဆိုသလိုပဲ အားပျော့ပျက်ပြယ်သွားနိုင်မယ်လို့ တွေ့ရပါတယ်။

မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းက စတင်ပြီး ၂၅ ရက် ညနေပိုင်းအထိ
မုန်တိုင်းကုန်းတွင်းဦးတည်ရာလမ်းကြောင်းနဲ့ နီးကပ်တဲ့
- ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်ဖြူ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ ရဲကျွန်း၊ ဖရုံကာကျွန်းများ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးအစရှိတဲ့ မြို့နယ်တွေမှာ လေပြင်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ပါမယ်။
- တောင်ကုတ်၊ သံတွဲနဲ့ ငပလီအပါအဝင် တောင်ဘက်ဧရာဝတီကမ်းရိုးတန်းအထိပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ လေပြင်း တစ်နာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် တိုက်ခတ်နိုင်ပြီး မိုးသည်းထန်တာရှိနိုင်ပါမယ်။
- ကုန်တွင်းဒေသများအပေါ် မုန်တိုင်းအရှိန်သက်ရောက်မှုက အောက်တိုဘာ ၂၃/၂၄ နဲ့ ၂၅ ရက်တွေမှာပဲ ရှိနိုင်ပြီး အဲ့ဒီရက်တွေကျော်ရင်တော့ အရှေ့ဘက်ကဝင်လာနိုင်မဲ့ တိမ်တိုက်တွေကြောင့်သာ မိုးဆက်ရွာနေနိုင်ပါတယ်။ အရှေ့ဘက် တောင်တရုတ်ပင်လယ်က မိုးလေဝသအခြေအနေကို ဆက်ပြီး စောင့်ကြည့်ပေးရပါမယ်။
- ကုန်းတွင်းဒေသတွေအနေနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့ကလွဲရင် ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မှ အောက်ဘက်ကော့သောင်းအထိ)ဒေသတွေမှာ မိုးများနိုင်ပါမယ်။
Photo_ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးကျော်ဌေး
လွန်ခဲ့သော ၂ နှစ် ကကျောငိးကုန်း
Hla Ngwe
လွန်ခဲ့သော ၂ နှစ် ကမိုးလေဝသသတင်းတွေနေ့စဉ်သိချင်တယ်
သက်ခိုင်ဦး
လွန်ခဲ့သော ၂ နှစ် ကတကောင်းမှာ
ခိုင်လင်း
လွန်ခဲ့သော ၂ နှစ် ကစစ်တွေတွင် လေပြင်းဘယ်အချိန်ကနေ စတင်တိုက်ခိုက်နိုင်ပါလေး
bad boy
လွန်ခဲ့သော ၂ နှစ် ကမကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ မိုးများနိုင်ပါသလား
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....