မုန်တိုင်းတွေမြူးနေမယ့် စက်တင်ဘာလကုန် အောက်တိုဘာလဆန်း
ပထမမုန်တိုင်း
ပြီးခဲ့တဲ့ post တွေမှာ တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်ကမ်းခြေမှာစတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း TD-13W က ကုန်းတွင်းကိုဝင်ပြီးနောက် ကုန်းတွင်းလေပွေလှိုင်းတစ်ခုအနေနဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေကိုဖြတ်ပြီး မြန်မာနိုင်ငံ-ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေပေါ်က ဖြတ်သန်းပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရောက်လာမှာဖြစ်ကြောင်း၊ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း လေပွေလှိုင်းရွေ့လျားမဲ့ လမ်းကြောင်းခန့်မှန်းပုံတွေနဲ့ တင်ပြပေးခဲ့ပြီးပါပြီ။ ဒီမုန်တိုင်းက ပထမ မုန်တိုင်းဖြစ်ပြီး ဒုတိယမုန်တိုင်းတလုံး ထပ်ဖြစ်လာဖို့ရှိကြောင်း ဒီနေ့ရရှိတဲ့ ကြိုတင်ခန့်မှန်းအချက်အလက်တွေမှာ တွေ့ရပါတယ်။

ဒုတိယမုန်တိုင်း
စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပထမမုန်တိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နယ်စပ်အနီးမှ ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့အခါ၊ အောက်တိုဘာလ ၁ ရက် နံနက် ၁၁ နာရီမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်လာဦးမယ့် လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီး ဒုတိယမုန်တိုင်းတလုံးဖြစ်လာရန်ရှိကြောင်းတွေ့ရပါတယ်။ ဒုတိယမုန်တိုင်းကလဲ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ပထမမုန်တိုင်းလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နယ်စပ်အနီးမှ အောက်တိုဘာလ ၃ ရက် ညပိုင်းမှာကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်မယ်လို့ ECMWF ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

**ဆက်စပ်ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေများ**
မုန်တိုင်း ၂ လုံး ရှေ့ဆင့်နောက်ဆင့်ဖြစ်လာနိုင်ပြီး ဦးတည်ရွေ့လျားမယ့် လားရာကလည်း တူနေတာကြောင့် မုန်တိုင်းညာဘက်ခြမ်းက မုန်တိုင်းအရှိန်သက်ရောက်မှုပိုပြီးရှိနိုင်ကြောင်း အရင်ကလည်းရှင်းပြပေးခဲ့ပြီးပြီမို့ မုန်တိုင်းညာဘက်ခြမ်းက ဘာကြောင့်မုန်တိုင်းအရှိန်သက်ရောက်မှုပိုများရတယ်ဆိုတာ အသေးစိတ်ထပ်ပြီးရှင်းမပြတော့ပါဘူး။
**ပင်လယ်ပြင်အခြေအနေ**
ညာဘက်ခြမ်းက ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသတွေ၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၄၀ ကျော်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေကျော်အထိ ရှိနိုင်ပါတယ်။
**မိုးရွာနိုင်မည့်အခြေအနေ**
မုန်တိုင်းများဖြစ်ပေါ်နေတဲ့ကာလတလျှောက်လုံးမှာ နိုင်ငံအနှံ့မိုးရွာနေမှာဖြစ်ပြီး လေပွေလှိုင်း(TD-13W)ဖြတ်မယ့် လမ်းကြောင်းတစ်လျှောက် မိုးများနိုင်ပါမယ်။ လေပြင်းတိုက်ခတ်မှုတော့လျော့နည်းနိုင်ပါတယ်။ လေပွေလှိုင်းမှ ပထမမုန်တိုင်းဖြစ်လာပြီးတဲ့နောက် စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်း ပထမပတ်အတွင်းမှာ တစ်နိုင်ငံလုံးမိုးရွာသွန်းမယ့် အခြေအနေတွေပိုလာပါမယ်။

**မိုးများနိုင်/မိုးနည်းနိုင်မည့်ဒေသများ**
မိုးအလွန်များ(၂၀၀ မီလီမီတာအထက်)
နောက်လာမယ့် ၂၄ နာရီ(၁ ရက်)မှ ၇၂ နာရီ(၃)ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ မိုးအလွန်များ(မီလီမီတာ ၂၀၀ ကျော်အထိရွာသွန်းနိုင်)ပါမယ်။
မိုးများ(၁၀၀ မီလီမီတာအထက်)
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက်ရွာသွန်းနိုင်/မိုးများနိုင်ပါမယ်။
မိုးနည်း(၂၅ မီလီမီတာအောက်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၂၅ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးမော်စီ
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ဘယ်နှစ်ရက်အထိမိုးရွာနိုင်ပါသလဲဆရာ
sanko
လွန်ခဲ့သော ၃ နှစ် ကအောက်တိုဘာလမှာ မကွေးတိုင်းမိုးရွာနိုင်လားဆရာ
ko ko thein
လွန်ခဲ့သော ၃ နှစ် ကရခိုင်ပြည် အခြေနေဘယ်လို့ရှိလဲ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026