လေပွေလှိုင်းဆက်လက်ဖြတ်သန်းမည့် အခြေအနေ update
စက်တင်ဘာလ ၂၆ ရက်(မနေ့က) တင်ပေးခဲ့တဲ့ မိုးလေဝသအခြေအနေတွေကို သတိကြီးစွာနဲ့စောင့်ကြည့်ရမယ့် စက်တင်ဘာလကုန်-အောက်တိုဘာလဆန်းပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း တောင်တရုတ်ပင်လယ်မှာ အစပျိုးဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း 13W သည် ကုန်းတွင်း (ဗီယက်နမ်ကမ်းခြေကို ဒါနန်းမြို့အနီးမှ) ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ရာမှာ နောက်ဆုံးရရှိတဲ့ ခန့်မှန်းချက်တွေအရ ဒီနေ့ညပိုင်းမှာ ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့နားအထိရောက်လာတာတွေ့ရပါမယ်။
အဲ့ဒီနောက်မှာတော့ 13W အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းက စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေကိုဖြတ်သန်းပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေပေါ်ကို ရောက်လာပါမယ်။
အဲ့ဒီကမှ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲအထိရောက်ရှိပြီး အနောက်မြောက်ဘက်ကို ဆက်ရွေ့ရင်း မုန်တိုင်းတစ်လုံးနဲ့ ဒုတိယမုန်တိုင်းနောက်တစ်လုံးက အမှန်တကယ်ဆက်ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
ECMWF CYCLONE ACTIVITY - GENESIS CHART မှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း-အနောက်မြောက်ပိုင်းနဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်တွေမှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ခြေက ၁၀၀% ရှိတယ်လို့ ပြနေတုန်းပါပဲ။

နောက် ၃ ရက်မှ ၅ ရက်အတွင်းဖြစ်လာနိုင်မည့် မိုးလေဝသအခြေအနေ
ပင်လယ်ပြင်အခြေအနေများ
မြန်မာ့ကမ်းရိုးတန်းဒေသအားလုံးရဲ့ ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးမယ့် အခြေအနေတွေက စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ဆက်ရှိနေပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေ မှ ၁၀ ပေအထိ ရှိနိုင်ပါတယ်။
ကုန်းတွင်းမိုးရွာနိုင်မည့်အခြေအနေများ
လေပွေလှိုင်း(TD-13W)ဖြတ်မဲ့လမ်းကြောင်းတစ်လျောက် နောက်၃ ရက်မှ ၅ ရက်အတွင်းမိုးများနိုင်ပါမယ်၊ လေပြင်းတိုက်ခတ်မှုတော့လျော့နည်းနိုင်ပါတယ်။ လေပွေလှိုင်းမှ ပထမမုန်တိုင်းဖြစ်လာပြီးတဲ့နောက် ဒုတိယမုန်တိုင်းတလုံး ထပ်ဖြစ်နိုင်မယ့် အလားအလာကလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
မိုးများနိုင်/မိုးနည်းနိုင်မည့်ဒေသများ
မိုးအလွန်များ(၂၀၀ မီလီမီတာအထက်)
နောက်လာမယ့် ၂၄ နာရီ(၁ ရက်)မှ ၇၂ နာရီ (၃) ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ မိုးအလွန်များ(မီလီမီတာ ၂၀၀ ကျော်အထိရွာသွန်းနိုင်)ပါမယ်။
မိုးများ(၁၀၀ မီလီမီတာအထက်)
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက်ရွာသွန်းနိုင်/မိုးများနိုင်ပါမယ်။
မိုးနည်း(၂၅ မီလီမီတာအောက်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၂၅ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
U Han win Aung
လွန်ခဲ့သော ၃ နှစ် ကရမည်းသင်း။ပျော်ဘွယ်ဒေသမိုးလေဝသ
Visitor
လွန်ခဲ့သော ၃ နှစ် ကမန်းလေးတိုင်းပုသိမ်ကြီးမိုးမျာူနိူင်ပါသလား။
A K
လွန်ခဲ့သော ၃ နှစ် ကပဲခူးတိုင်းသကလဘက်မိုးများနိုင်ပါလားကြည့်ပေးပါအုံး
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့ များပါမယ်
တင်၀င်းလှိုင်
လွန်ခဲ့သော ၃ နှစ် ကပဲခူးနောက်၂ရက်မိုးများနိုင်မလား
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026