အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
INVEST-90B ဖြစ်လာသည့် လေပွေလှိုင်း၏ မြန်မာနိုင်ငံပေါ် သက်ရောက်မှုများ

INVEST-90B ဖြစ်လာသည့် လေပွေလှိုင်း၏ မြန်မာနိုင်ငံပေါ် သက်ရောက်မှုများ

**ထူးခြားသည့်အခြေအနေ**

တောင်တရုတ်ပင်လယ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း TD-13W သည် - ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေကို လေပွေလှိုင်းအဖြစ်ဖြတ်ကျော်ပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းကိုရောက်လာပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီအချိန်မှာ စောင့်ကြည့်ရမဲ့ INVEST-90B ဖြစ်လာကြောင်းတွေ့ရပါတယ်။

တချိန်ထဲမှာဘဲ အာရေဗျပင်လယ်ဘက်မှာ INVEST-99A ဖြစ်နေပြီး အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်အထိ ရောက်လာနိုင်ဖွယ်ရှိကြောင်း တွေ့ရပါတယ်။

**မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်သည့်မိုးလေဝသအခြေအနေ**

INVEST-90B ရဲ့ ညာဘက်ခြမ်းမှာရှိနေတဲ့ မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံးမှာ မိုးထစ်ချုန်းရွာနိုင်မယ့် အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပြီး -

**တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၆၀ မီလီမီတာမှ ၂၅၀ မီလီမီတာအထိ ရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ပါမယ်။**

**ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ၃ ရက်အတွင်း မိုးရေချိန် ၃၀ မီလီမီတာမှ ၅၀ မီလီမီတာအထိသာ ရွာသွန်းနိုင်ပါမယ်။**

**၇၂ နာရီအတွင်း ၃၀ မီလီမီတာအောက် မိုးရွာပြီး မိုးအလွန်နည်းနိုင်မည့်ဒေသ သည်တနင်္သာရီတိုင်းတောင်ပိုင်းအစွန် ကော့သောင်းမြို့နယ်အတွင်းမှာသာရှိပါမယ်**

**ပင်လယ်ပြင်မှာတော့ ပြီးခဲ့တဲ့ post များမှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း နောက် ၃ ရက်(အောက်တိုဘာလ ၂ ရက်အထိ)လှိုင်း/လေ ကြမ်းနေပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေ မှ ၁၀ ပေအထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။**

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

4
ဦးချမ်းမြေ့ကျော်

ဦးချမ်းမြေ့ကျော်

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်တိုင်းအထက်ပိုင်း ကသာမြို့နယ်က မိုးအခြေအနေလေးသိချင်ပါတယ်ခင်ဗျာ

ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၂ နှစ် က

ဧရာဝတီတိုင်းမုတ်သုံမိုးခွာပိးလားဆရာစပါးတေအဖုံးတေနဲခထွက်တာတေနဲ့ဆိုတော့အခြေနေလေးကျေးဇူးပြုပီးဖြေပေးပါဆရာ

U Han win Aung

U Han win Aung

လွန်ခဲ့သော ၂ နှစ် က

မဂ်လာပါ ဆရာ။ ရမည်းသင်း ‌ပျော်ဘွယ်မြို့နယ်မိုးလေဝသ ခန့်မှန်းချက်ကျေးဇူးပြုပြီးပြောပေးပါ။

မအိမွန်ဖြူ

မအိမွန်ဖြူ

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ရှင့်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။