လုပ်ငန်းရှင်ကြီးဖြစ်ဖို့ - ၃
ထုတ်ကုန်ကို ဘယ်လိုထုတ်လို့ ရနိုင်သလဲ။ ဘယ်လိုပြောင်းလဲ မလဲ။
ကိုယ်က စပါးစိုက်ရင် ထုတ်ကုန်က စပါးပေါ့။ တစ်ဆင့်တက်ရင် ဆန်ပေါ့။ အဲ့လိုက ရိုးရှင်းနေပြီဆိုတော့ နောက်ထပ် ထုတ်ကုန်ကို လုပ်ငန်းရှင်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုထုတ်လုပ်မလဲဆိုတာကို ဒီဆောင်းပါးမှာ တွေ့ရပါမယ်နော်။
ထုတ်ကုန်
ထုတ်ကုန်လို့ ဆိုလိုက်ရင် တစ်ခုတည်းမဟုတ်ပါဘူး။ သူ့မှာပေါင်းစပ်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ထပ်ပေါင်းထားတဲ့ တန်ဖိုးတွေပါပြီးတော့ နောက်ဆုံး စားသုံးသူလက်ထဲမှာ စားသုံးလိုက်ပြီးတော့မှ အဆုံးသတ်သွားတာမျိုးပါ။
အနှစ်သာရထုတ်ကုန် (Core Product)
အဓိက ထုတ်ကုန်ပါ။ ခုဏက ဥပမာနဲ့ပြောရရင် ကိုယ့်ထုတ်တဲ့ အဓိက ထုတ်ကုန်အဖြစ် ဆန် က်ု ရောင်းမှာလား၊ စပါးကိုရောင်းမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲ့အထဲက တကယ်ရောင်းတဲ့ ကုန်ပစ္စည်းက အနှစ်သာရထုတ်ကုန်ပါ။
စုစုပေါင်းထုတ်ကုန် (Total Product)
သူက အနှစ်သာရ ထုတ်ကုန်ဖြစ်တဲ့ ဆန် ကို တစ်တင်း တစ်တင်းခွဲ အထုပ်နဲ့ ထုတ်ရောင်းလိုက်တဲ့အခါမျိုးမှာ အနှစ်သာရထုတ်ကုန် နဲ့ အတူ ထုပ်ပိုးခ၊ အလုပ်သမားခ ကိုပါ ရောပေးလိုက်ရပါတယ်။ အသီးအနှံတွေဆိုလည်း အရွယ်အစားခွဲထားတာ၊ အရင့်အမှည့်ခွဲထားတာ၊ အရည်အသွေး ခွဲထားတာမျိုးကနေ မူလ အနှစ်အရသာထုတ်ကုန်ကို ထူးကဲလိုက်တာကြောင့်မို့ ကုန်ပစ္စည်းက ပိုပြီး တန်ဖိုး တက်သွားတာ ကိုဆိုလိုပါတယ်။ နားလည်အောင်ပြောရရင် စပါးက ကုန်ကြမ်း ဆန်က ကုန်ချော သဘောမျိုးဖြစ်ပါတယ်။
အားကြီး ထုတ်ကုန် (Augmented Product)
သူက ဘာကိုဆိုလိုတာလဲဆိုတော့ ထုတ်လုပ်သူဖက်ကနေ ပေးနိုင်တဲ့ အာမခံမှုအပေါ်မှာ ထုတ်ကုန်က တန်ဖိုးကွာတာကို ပြောတာပါ။ ရပ်ကွက်ထဲက လျှပ်စစ်ပစ္စည်းဆိုင်မှာ မီးလုံးဝယ်ရသလိုပါပဲ။ အာမခံပါတာ ယူမလား မပါတာ ယူမလားလို့ မေးပါလိမ့်မယ်။ ဈေးက ၂၀၀၀ လောက်ကွာ ပါတယ်။ ဘယ်လို လိုချင်သလဲ ရစေရမယ်။ ဖြစ်သွားရင် လာခဲ့လိုက် ပြန်အမ်းမယ် ဆိုတာလေးတွေနဲ့ လုပ်စားရတာပေါ့။
ထုတ်ကုန် တစ်ခုတည်းမှာ ကိုယ်က core အဆင့်နဲ့ပဲ ငြိမ်နေမလား။ Agument အထိရောက်အောင် သွားမလာဆိုတာက လုပ်ငန်းရှင်ကြီးတွေ အပေါ်မှာ မူတည်ပါတယ်။
ကုန်ပစ္စည်းရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေ
လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင်် ကိုယ့်ကုန်ပစ္စည်းရဲ့ စရိုက်လက္ခဏာက သူများတွေထက် ထူးခြားနေအောင် အမြဲကြိုးစားနေရပါတယ်။ ဥပမာဆို ဖုန်းတွေပဲကြည့် ဓာတ်ပုံရိုက်တဲ့ ဖုန်းကင်မရာက တစ်လုံးကနေ နစ်လုံး သုံးလုံး ထပ်ထုတ်နေကြတာ အခုဆို ကင်မရာ ၄ လုံးထိ တပ်ကြပြီ။ ထူးခြားဆန်းသစ်အောင် အမြဲလုပ်နေကြရပါတယ်။ ထူးခြားတယ်ဆိုတာကလည်း ကိုယ့်ဆီက ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးတာပါပဲ။ အရည်အသွေးပိုင်းကသော်လည်းကောင်း အရေအတွက်ပိုင်းကသော်လည်းကောင်းပေါ့။
စိုက်ပျိုးထုတ်ကုန်တွေရဲ့ စရိုက်လက္ခဏာများ
စိုက်ရေး ပျိုးရေး လုပ်ငန်းရှင်တွေက ထုတ်လုပ်ပေးတဲ့ စိုက်ပျိုးထုတ်ကုန်တွေမှာ ထုတ်လုပ်မှုပိုင်းဆိုင်ရာ၊ ဈေးကွက် ပိုင်းဆိုင်ရာနဲ့ စားသုံးမှုပိုင်းဆိုင်ရာ စတဲ့ အပိုင်းကြီး (၃) ပိုင်းကို အခြေခံပြီးတော့ ထုတ်ကုန်တွေကို ခွဲခြားလို့ရပါတယ်။
ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထုတ်ကုန်တွေမှာ
ရာသီအလိုက် ထွက်ရှိတဲ့ ရာသီထုတ်ကုန်နဲ့
ပျောက်ကြား ကွက်ကြား ထုတ်လုပ်တဲ့ ထုတ်ကုန်ဆိုပြီး ခွဲခြားလို့ရပါတယ်။
နောက်တစ်ပိုင်းဖြစ်တဲ့ ဈေးကွက်ပိုင်းဆိုင်ရာ မှာဆိုရင် ဈေးကွက်ထဲမှာ
(က) အလွယ်တကူ ပုပ်သိုး နိုင်တဲ့ ထုတ်ကုန်
(ခ) အများအပြားထုတ်လုပ်တဲ့ ထုတ်ကုန်ကြီးများ
(ဂ) အရည်အသွေး (သို့) အရေအတွက်ကို ဦးစားပေးပြီး ထုတ်လုပ်တဲ့ ထုတ်ကုန် ဆိုပြီး ဈေးကွက်ထဲမှာ တွေ့ရမှာပါ။
နောက် စားသုံးသူတွေဖက်ကနေ ကြည့်တဲ့ အပိုင်းမှာ
(က) အမြဲတမ်းစားနေတဲ့ ထုတ်ကုန်တွေ
(ခ) ပုံသေနှုန်းနဲ့ မလှုပ်မရှား ရောင်းနေရတဲ့ ထုတ်ကုန်တွေ
(ဂ) အတက်အကျ အရမ်းများတဲ့ ထုတ်ကုန် တွေ ဆိုပြီး လေ့လာတွေ့ရှိရမှာပါ။
ကိုယ်ထုတ်နေတဲ့ ထုတ်ကုန်က ဘယ်နေရာမှာပါတာလဲ။ ဘယ်အခြေအနေကိုပြောင်းချင်တာလဲ ဆိုတာ ကြည့်ပြီး ပြောင်းလဲလို့ရပါတယ်။ ဘယ်အခြေအနေထိကို ရည်ရွယ်ထားတာလဲဆိုတာထိ ဆက်လျှောက်နိုင်ပါတယ်။
ထွန်းဝင်းကျော်
Reference
www.smartfarmerproject.eu/SmartFarmerPlatform/files/untis_files/SmartFarmer_Training%20Material_Module2_Unit4_Final.pdf
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026