ဈေးကွက် ထိုးဖောက် ချဲ့ထွင်မယ်
အောင်မြင်တဲ့ စိုက်ပျိုး စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ဘယ်သူ့ကို ရောင်းမှာလဲ နဲ့ သူတို့က ဘာလို့ ဝယ်ချင်တာလဲ ဆိုတဲ့ အချက်တွေကို သိကိုသိရမှာ ဖြစ်ပါတယ်။
အရင်ဆုံး ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ကြမယ်။ ကိုယ်ရောင်းနေရတဲ့ ဈေးကွက် အခြေအနေက ဘယ်လိုမျိုးရှိလဲဆိုတာ ဘယ်လိုမျိုး လိုချင်လဲ ဆိုတာကို လေ့လာကြည့်ပါ။
• တစ်ဦးတစ်ယောက်ချင်းစီကို ရောင်းမှာလား
• လုပ်ငန်းစုကိုရောင်းမှာလား
• ဘယ်နေရာဒေသ ကိုရောင်းမှာလဲ
• တစ်နှစ်ကို ဝင်ငွေ ဘယ်လောက်လောက်ရနိုင်မလဲ
• သူတို့ ဘယ်ချိန်တွေမှာ ဘယ်လို ဝယ်ကြသလဲ
• တန်ဖိုး ဘယ်လောက်ထိ မြှင့်လို့ရမလဲ
စတဲ့ အချက်တွေကို အရင်ဆုံး လေ့လာရမှာ ဖြစ်ပါတယ်။
အဲ့ အချက်တွေ သိပြီဆိုရင် နောက်မှာ ကိုယ်က နှာတစ်ဖျား သာနေအောင် လုပ်ဖို့ အဆင့် ၂ ခု ထပ်ရှိပါတယ်။ နေရာယူခြင်းနဲ့ ကုန်တံဆိပ်သတ်မှတ်ခြင်းတွေပါ။
နေရာယူခြင်း
တစ်ခြား တစ်ခြား စိုက်ခင်းတွေထက် တစ်ခြား တစ်ခြားသော လုပ်ငန်းတွေထက် ကိုယ်တွေက ဘာတွေသာတယ်ဆိုတာကို ဝယ်သူတွေကို ပြသဖို့ ဖြစ်ပါတယ်။ အဲ့လို လုပ်ဖို့အတွက်ဆိုရင်
• ပြိုင်ဖက်တွေက ဘာတွေလုပ်နေလဲ ဆိုတာကို သိဖို့လိုပါတယ်။
• ကိုယ့်လုပ်ငန်းက ဘာတွေ အားနည်းနေလဲ ဘာတွေ အားသာနေလဲ ဆိုတာကို ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။
• ကိုယ့်ဆီလာတဲ့ ဝယ်လက်တွေက သူများတွေကို ကျော်ပြီး ကိုယ့်ဆီကို ဘာကြောင် လာဝယ်တာလဲဆိုတာကို ဖော်ထုတ်ပါ။
အဲ့ကနေ အဖြေထွက်လာပြီးတော့ ကိုယ်က မသာသေးဘူးဆို သာအောင်လုပ်မယ် သာနေတယ်ဆို ထိန်းထားမယ်။ သူများထက် သာအောင် နေရာယူထားတာပါ။
နောက်တစ်ခုက ကုန်အမှတ်တံဆိပ်
ကုန်အမှတ်တံဆိပ် တပ်မယ်ဆို ပါရမလဲဆိုရင်
• အမည်နာမ
• ဆောင်ပုဒ်
• သင်္ကေကေတ
• အရောင်အတွဲအစပ်
• ထုပ်ပိုးမှု
• အညွှန်းစာသား
• ကြော်ငြာ
စတာတွေ ပါပါတယ်။
ဒါတွေက ကုန်ပစ္စည်းဆိုတာကြီး အမှတ်တံဆိပ်ကြီးနဲ့ ထွက်လာမှ မဟုတ်ပါဘူး။ ကိုလှမောင် စပါးခင်းကြီး သန့်တယ်။ မအေးညွှန့်ဆီက ကန်စွန်းက အရမ်းသန့်တာ။ ဈေးညာဖက် အသည်က ဝယ် သူ့ဆီက လတ်တယ် ဆိုတာ ကိုယ့်ကုန်အမှတ်တံဆိပ်ပါပဲ။ အဲ့လိုဆိုတော့ ကိုယ့် အမှတ်တံဆိပ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး အများကြီး မပြောတော့ပါဘူး။
တောင်သူဦးကြီးတွေအနေနဲ့ စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုအဖြစ် လုပ်မယ်ဆိုရင် အောက်က ဈေးကွက်ရောနှောမှုကိုလည်း သိထားရပါမယ်။ အဓိက အခြေခံအကြောင်းကတော့ (၄) ခုဖြစ်ပါတယ်။
ပထမ တစ်ခုက ထုတ်ကုန်ပါ။ ထုတ်ကုန်ကောင်းရင် ဘယ်မှာ ရောင်းရောင်း အဆင်ပြေပါတယ်။
ဒုတိယတစ်ခုက ဈေးနှုန်းပါ။ တစ်ခါတစ်လေမှာ ဈေးနှုန်းထက် စားရတဲ့ အရည်အသွေးကို ပိုကြိုက်တာမျိုး ရှိပါတယ်။ အော်ဂဲနစ်က အော်ဂဲနစ်ဈေးပေါ့။
တတိယက နေရာဒေသပါ။ နေပြည်တော်က မုန့်က ရန်ကုန်က လူတွေလည်းစားချင်တာပဲ။ ရန်ကုန်ကိုရောက်လာမယ် လို့ သတင်းကြားရင် လိုက်ဝယ်စားကြမှာပဲ။ ရွှေဘိုပေါ်ဆန်းစစ်စစ် အညာဆုံဆီစစ်စစ် ဘယ်ကလာတာ လို့ဆိုလိုက်ရင် ဝယ်ကြတာပဲ။
စတုတ္ထ က အရောင်းမြှင့်တင်ခြင်း ပါပဲ။
တစ်လုံး ၃၀၀ ၂ လုံးဝယ်ရင် ၅၀၀ ကျပ် ဆိုတာက အမြဲတမ်းတွေ့နေကြပါ။ အရောင်းမြှင့်တင်ရေးလို့ ဆိုတိုင်းလည်း ဈေးလျော့ရောင်းတာမျိုးမဟုတ်ပဲ။ အလုံးကြီးသေး ရွေးတာလိုမျိုး လုပ်ငန်းစဉ်တွေ ပါပါတယ်။
ဘာပဲဖြစ်ဖြစ် လုပ်နိုင်တာ လုပ်ကြရမှာပဲ။ ဆိုတော့ကာ လုပ်သမျှ အကျိုးစီးပွားဖြစ်ထွန်းကြပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
Reference
https://www.google.com/url?sa=t&source=web&rct=j&url=http://www.fao.org/3/ca4601en/ca4601en.pdf%3Ffbclid%3DIwAR2_wwg7FzmbgNclVA8AeaJPZJqwmuAU5J94Xnc8UcTf8DWQHBc01Y0pYQ0&ved=2ahUKEwjlpo2UsvTpAhVggUsFHbYMDVMQFjAAegQIBBAB&usg=AOvVaw0Kl-3Wm8sA_pfxIySTKSTH
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026