လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၇)
အရင်တစ်ခေါက်က ဖြန့်ဝေရာလမ်းကြောင်းကို ဘယ်လိုဖော်ဆောင်ရမလဲ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီဆိုတော့ အခုတစ်ခေါက်မှာ လမ်းကြောင်းတစ်ခုကို ရွေးပြီးတော့ ဖြန့်ဝေကြည့်ကြမယ်။
ခု အစိမ်းရောင်လမ်းမှာ ဈေးတန်းကြီးရှိနေပြီ။ ကိုယ့်ဘာသာ လိုင်းပေါ်မှာတင်ပြီးရောင်းချင်လည်းရတယ် ဆိုတော့ကာ အဲ့ဒါတွေက အင်တာနက်ကို အသုံးပြုပြီးတော့ ကိုယ့်ပစ္စည်းတွေကို ဖြန့်ဝေလိုက်တာပါပဲ။ ဆိုတော့ အင်တာနက်ဆိုတဲ့ ဖြန့်ဝေရာလမ်းကြောင်းကို သုံးပြီးတော့ တောင်သူဦးကြီးတွေက ကုန်ပစ္စည်းတွေ ဖြန့်ဝေကြည့်ကြရအောင်။
အင်တာနက်ဟာဆိုရင် ကိုယ့်ကုန်အမှတ်တံဆိပ်ကို ပုံလေးတွေနဲ့ ကြော်ငြာလေးတွေလုပ်ပြီး ကြော်ငြာနိုင်တဲ့အတွက်ကြောင့် ဝယ်သူတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ့်ဆီက ထုတ်ကုန်အကြောင်းကို အသေးစိတ်ရေးပေးလို့ရတယ်။ လက်ကျန်ရှိသေးလား မရှိတော့ဘူးလားဆိုတာကိုလည်း ပြလို့ရတယ်။ ပြီးတော့ ကိုယ်လုပ်ချင်တဲ့ ပရိုမိုးရှင်းတို့ ဒစ်စကောင့်တို့လည်း လုပ်လို့ရတယ် စတဲ့ အာသာချက်တွေလည်းရှိနေတယ်။ ဆိုတော့ အောက်မှာ အချက်အလက်တွေနဲ့ ကောင်းတာ မကောင်းတာတွေကို လေ့လာသုံးသပ်ကြည့်ရအောင်။
အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းတစ်ခုအဖြစ် သုံးဖို့အတွက် ဘာတွေကောင်းကျိုးရှိနေသလဲ?
• ကိုယ့်ရဲ့ စိုက်ခင်းစိုက်ကွက်အကြောင်းကို အစအဆုံးသိအောင်ပြောပြနိုင်တယ်။ ဘယ်လိုထုတ်ကုန်တွေထွက်ပြီး ဘယ်နေရာမှာ ရှိတာလဲဆိုတာကိုပါ သေသေချာချာဖော်ပြထားလို့ရပါတယ်။
• တင်ထားပြီးရင် ဝင်ဖတ်လို့ရနေတာကြောင့်မို့ တစ်ယောက်လာတစ်ခါရှင်းပြစရာမလိုတာကြောင့် အချိန်ကုန်သက်သာပါတယ်။ စုံစုံစိစိတော့ ရေးထားဖို့ လိုတာပေါ့လေ။
• ပြီးတော့ အင်တာနက်ဖိုး ကုန်ပါတယ်။ ကြော်ငြာခတို့ ဘာတို့တော့ ရှိသေးတယ်။ ဒါပေမဲ့ သူတို့က ဆိုင်ခန်းငှားခလောက်တော့ မကုန်ပါဘူး။ အမြတ်များရင် ငွေနည်းနည်းထပ်ထည့်ပြီးတော့ ကိုယ်ပိုင် website ထောင်ပြီးတော့ ရောင်းလို့ရနိုင်ပါသေးတယ်။
• ကိုယ်ပိုင်မလုပ်ချင်ဘူးဆိုရင်တောင် တစ်ခြားသူများရဲ့ Website တွေမှာ ကြော်ငြာထည့်လိုက်လို့ရပါတယ်၊ အဲ့လိုဆိုလည်း ကုန်ကျစရိတ်က သက်သာပါတယ်။
• ကုန်ကျစရိတ်လည်း တတ်နိုင်တယ်ဆိုရင် ဖုန်းထဲမှာထည့်တဲ့ ဖုန်း အပလီကေးရှင်းလေး ပါ လုပ်ပြီးတော့ ဖုန်းထဲကနေ အလွယ်တကူဝယ်လို့ရအောင် လုပ်ပေးနိုင်ပါသေးတယ်။
ကိုယ့်ဘာသာရော ဘာတွေပြန်မေးရမလဲ?
• ဖုန်းတို့ ကွန်ပျူတာတို့ ဘယ်လောက်အထိ သုံးနိုင်သလဲ။
• အင်တာနက်ကို ဘယ်လောက်ထိ အချိန်ပေးနိုင်သလဲ သုံးနိုင်သလဲ ဆိုတာကို မေးကြည့်ရပါမယ်။
• ပြီးတော့ ကိုယ်ဈေးကွက်က ဘယ်လောက်အထိ ပေါက်နိုင်သလဲ ဆိုတာကို ပါ တွက်ချက်ကြည့်ရပါမယ်။
မြန်မာနိုင်ငံအတွက်ပေါ့နော်။ ကိုယ့်နိုင်ငံအတွင်းမှာ ဝယ်လို့ရအောင်ဆိုပြီးတော့ အင်တာနက် ကို အသုံးပြုပြီးတော့ ရောင်းနေတဲ့ Website လေးတွေရှိပါတယ်။
တောင်သူဦးကြီးတွေအတွက် ဈေးတန်းကြီး ရှိနေတဲ့ အစိမ်းရောင်လမ်းရဲ့ Website ဆိုရင် https://greenwaymyanmar.com
ပြီးတော့ ကုန်ပစ္စည်းတွေ တော်တော်များများကို ဝယ်လို့ရနေတဲ့ - https://www.shop.com.mm/ ရယ်၊ https://www.rgo47.com ရယ် ဆိုတာရှိပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ လုပ်ငန်းတွေပေါ့။ ရှာချင်ရင် အစိမ်းရောင်လမ်းထဲမှာ https://greenwaymyanmar.com/posts/knowledge_and_uses_of_google ဆိုတာလေးကို ဖတ်ကြည့်ပြီးတော့ လုပ်လို့ရပါတယ်။
အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းအဖြစ် သုံးပြီးတော့ အောင်မြင်သွားတယ်။ ချမ်းသာသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသလို ကျဆုံးသွားကြရတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြရမှာပေါ့။
အောင်မြင်သွားတဲ့ သူတွေထဲမှာ နာမည်ကြီး တဲ့ ပုဂ္ဂိုလ် ကတော့ တရုတ်ပြည့်က ဂျက်မား (Jack Ma) ပါ။ သူက ၁၉၉၉ ခုနှစ်မှာ သူ့သူငယ်ချင်း (၁၇)ယောက်ပါတဲ့ အဖွဲ့နဲ့ စပြီးတော့ Website - https://www.alibaba.com/ ကို ထောင်လိုက်တယ်။ အဲ့တုန်းကဆို အင်တာနက်က မြန်မာနိုင်ငံ ရောက်တောင် ရောက်လောက်သေးဘူး။ အရမ်းကြီးလည်း သုံးနေကြတဲ့အထဲမှာ မပါကြဘူး။ အခက်အခဲတွေလည်းရှိတဲ့အပြင်ကိုမှ မအောင်မြင်ဘူးပဲ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ သူအောင်မြင်ခဲ့ပါတယ်။ အောင်မြင်ပြီးတော့ ခုဆိုရင် နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ လုပ်နေပါပြီ။ ဂျက်မားက သူ အသက် (၃၀) မှ ကွန်ပျူတာကို စကိုင်တတ်တာပါ။ ကောလိပ်စာမေးပွဲလည် (၃)ကြိမ်ကျဖူးပါတယ်။ အလုပ်တွေကလည်း သူ့ကို လက်မခံကြပါဘူး။ ဒါပေမဲ့ ခုချိန်မှာ သူဟာ အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းအဖြစ် သုံးပြီးတော့ သူ့website ကနေ တစ်ဆင့် နိုင်ငံပေါင်း (၂၄၀)ကျော်ကို ကုန်ပစ္စည်းတွေရောင်းချနိုင်နေပါပြီ။ အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်နေပြီ။ သူ့အကြောင်းကို သိချင်ရင်တော့ GOOGLE မှာ ရှာကြည့်လို့ရပါတယ်။
ဆိုတော့ကာ Distribution Channel ဆိုတာကလည်း လုပ်ငန်းနဲ့ကိုက်ညီသွားတယ်ဆိုရင် အောင်မြင်သွားကြတာပဲ။ သူ့လို အောင်မြင်တဲ့သူတွေရှိသလိုပဲ ရှုံးသွားကြတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်တွေတောင်သူဦးကြီးတွေထဲကလည်း ပထမဆုံး အင်တာနက်လုပ်ငန်းရှင်ကြီး ပေါ်ပေါက်လာနိုင်ပါတယ်။
အားမလျော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည်....... တက်ကြပါ အထက်ကို တက်ကြပါ။ အောက်ကလူတွေကိုလည်း ဆွဲခေါ်ကြပါ။
Reference
https://en.wikipedia.org/wiki/Alibaba_Group
https://proxsoftwaresolution.com/aki-aeammhumete-swnlupnhtweakea
http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုထွေးကို
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဗျ
Ma San San Nwe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
Ko Myo Zaw
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါရှင့်
kooo
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....