ရွှေပဲသီးပင်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုမှန်ကန်စေရန် အထူးသတိပြုသင့်
ရွှေပဲသီးပင်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုမှန်ကန်စေရန် အထူးသတိပြုသင့်ကြောင်း စီးပွားဖြစ်စိုက်ပျိုးသူများက ပြောသည်။
"မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတတ်ဖို့ လိုအပ်ပါတယ်။ ရွှေပဲသီးပင်မျိုးတွေမှာ အစေ့စားမျိုး၊ အရွက်စားမျိုး၊ အသီးစားမျိုးဆိုပြီး ရှိပါတယ်။ ရွှေပဲသီး သီးတဲ့မျိုးကို စိုက်ပျိုးရတာပါ။ မျိုးမှားစိုက်မိရင် အပင်ကြီးလာမှသိရပြီး စိုက်ပျိုးထားသမျှ ကုန်ကျစရိတ်တွေ ဆုံးရှုံးသွားနိုင်လို့ပါ။ နောက်တစ်ချက်ကတော့ ရွှေပဲသီးပင်စိုက်ပျိုးရင် ဘယ်ဒေသမှာစိုက်စိုက် ဖားဥမှိုရောဂါက မဖြစ်မနေ ကျတတ်ပါတယ်။ စုပ်စားပိုးလည်း သတိထားရပါမယ်။ ဒါတွေကို ကြိုတင်ကာကွယ်တတ်ဖို့ အရေးကြီးပါတယ်။"
ဟု ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှ ရွှေပဲသီးပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုသက်လင်းဦးက ပြောသည်။
ရွှေပဲသီးပင်စိုက်ပျိုးသူများအနေဖြင့် ဖားဥမှိုရောဂါကို ကြိုတင်ကာကွယ်တတ်ရန် လိုအပ်ပြီး၊ အပင်အခြေအနေအပေါ်မူတည်၍ မှိုသတ်ဆေးများကို သင့်တော်သလို သုံးစွဲပေးရသည်။
"အပင်ငယ်စဉ်မှာ ပျ၊ ဖြုတ်စိမ်း၊ လှေးပိုး တို့ သတိထားနှိမ်နင်းရတယ်။ အသီးတွေမှာ စုပ်စားပိုး ဝင်သွားရင် အသီးတွေမလှဘဲ တွန့်ကောက်ကုန်တတ်တယ်။ ရွှေပဲပင်က နူးညံ့တဲ့အပင်ဖြစ်တဲ့အတွက် ပြင်းထန်တဲ့ပိုးသတ်ဆေးမျိုးတွေနဲ့ မသင့်တော်ပါဘူး။ စနစ်တကျ ချိန်ဆသုံးစွဲတတ်ရပါတယ်။ ကျွန်တော်က ဘောင်စနစ်နဲ့ စိုက်တယ်။ တစ်ပေခွဲ၊ တစ်ပေခွဲအကွာမှာ အနက်တစ်ထွာလောက် ကျင်းလေးတွေလုပ်ပြီး ကျင်းတစ်ကျင်းစီမှာ မျိုးစေ့ ၄စေ့စီ ထည့်စိုက်တယ်။ နွားချေးဆွေးကို ကျင်းထဲထည့်တယ်။ စိုက်ပြီး ရေတန်းပေးပါတယ်။ ၈ ပေအကွာစီမှာ ဝါးလုံးတိုင်တွေစိုက်တယ်။ တိုင်စိုက်ပြီးရင် ပီနံကြိုးတွေနဲ့ကြိုးတန်းတယ်။ ပြီးတော့ ရွှေပဲနွယ်တွေတက်ဖို့ ပိုက်တွေဆင်ရတယ်။ ၅ရက်အကြာမှာ အပင်ပေါက်လာတယ်။ အပင်ပေါက်ပြီး အပေါ်ရွက် ၄/၅ရွက်စုံတော့မှ ၁၅ပတ်လည်မြေဩဇာ ကျွေးရပါတယ်။"
ဟု ၎င်းကဆက်လက်ပြောသည်။
ရေပေးသည့်အခါ (၃)ရက်ခြား/(၄)ရက်ခြားလျှင် တစ်ကြိမ် ရာသီဥတုနှင့် မြေကြီးအစို/အခြောက် အပေါ်မူတည်ပြီး လိုအပ်သလိုပေးရပြီး၊ ရေကို လိုအပ်သည်ထက်ပို၍ ပေးမိပါက အပင်သေသွားတတ်ကြောင်း သိရသည်။
ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝင်းထိန်
လွန်ခဲ့သော ၁၁ လ ကရွှေပဲသီးမျိုးစေ့ကိုဘယ်လိုဝယ်ရလဲ
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022