ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
ကွမ်းသီးစိုက်ပျိုးရာတွင် မိမိဒေသ ရေ မြေ ရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြကြောင်း တနင်္သာရီတိုင်းဒေသကြီးရှိ ကွမ်းသီးပင် စိုက်ပျိုးသူများထံမှ သိရသည်။
"ကျွန်တော်က ကွမ်းသီးပင်ရေ တစ်သောင်း စိုက်ပျိုးထားပါတယ်။ ကွမ်းသီးပင်တွေကို ခါတော်မီ စိုက်ပျိုးနည်းနဲ့ အဓိကစိုက်ပျိုးထားပါတယ်။ ခါတော်မီစိုက်ပျိုးတယ်ဆိုတာက တောခုတ်တဲ့အချိန်ဆို တောခုတ်ပေးတယ်။ မိုးဦးမှာ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ အစာကျွေးပေးတယ်။ ရေကတော့ သဘာဝအတိုင်းပဲထားတယ် ရေမပေးနိုင်ဘူး။ ကိုယ့်မှာရှိတဲ့မြေလေးနဲ့ သင့်တော်တဲ့ပင်ကြားတန်းကြားကို ထားတယ်။ စိုက်ပျိုးမယ့်တောင်သူက ကိုယ်စိုက်မယ့်ဒေသနဲ့ရာသီဥတုအပေါ် ချိန်ဆပြီး ကိုယ်ကဘယ်စိုက်ပျိုးနည်းနဲ့ သင့်တော်မလဲဆိုတာကို ချင့်ချိန်စိုက်ပျိုးရပါတယ်။"
ဟု တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှ ကွမ်းသီးပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုအောင်ကျော်မျိုးက ပြောသည်။
ကွမ်းသီးပင် စိုက်ပျိုးကြရာတွင် မိရိုးဖလာစိုက်ပျိုးနည်း၊ ခါတော်မီ စိုက်ပျိုးနည်း၊ စံချိန်မီ စိုက်ပျိုးနည်း ဟူ၍ စိုက်ပျိုးနည်း (၃) မျိုးဖြင့် အများအားဖြင့် စိုက်ပျိုးလေ့ရှိကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများထံမှ သိရသည်။
"ပင်ကြားတန်းကြားကိုလည်း ကိုယ့်မှာရှိတဲ့မြေအကျယ်အဝန်း ခြံရဲ့ဖွဲ့စည်းပုံတွေကိုမူတည်ပြီးပဲ ထားရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ မြေပြန့်တွေဆိုရင် ၁၀ ပေပတ်လည် ထားရတယ်။ တောင်မြေဆိုရင်တော့ အတိအကျမဟုတ်ဘဲ နည်းနည်းလျှော့ထားတာမျိုးလည်း ရှိတယ်။ တစ်ချို့လည်း တြိဂံပုံစံစိုက်ကြပါတယ်။ သို့သော် အပင်ရေအများကြီးနဲ့ ဖြစ်သွားရင်တော့ အတိအကျတွက်ချက်လို့တော့ မရတော့ဘူးပေါ့။ ကွမ်းသီးပင်က မြေရှိရင်စိုက်လို့ရပေမယ့် ဒေသတိုင်းမှာ အထွက်နှုန်းကောင်းတာမဟုတ်ပါဘူး။ တနင်္သာရီတိုင်းမှာတော့ အဓိကစိုက်ပျိုးဖြစ်ထွန်းတယ်။ ပြီးတော့ ရခိုင်ရိုးမတစ်ဝိုက်နဲ့ ဧရာဝတီတိုင်းဘက်တွေမှာ ဖြစ်ထွန်းမှုရှိပါတယ်။"
ဟု ကိုအောင်ကျော်မျိုးက ဆက်လက် ပြောသည်။
ကွမ်းသီးပင်သည် သဲဆန်သောမြေကို မနှစ်သက်ဘဲ သမပိုင်းရာသီဥတုတွင် ပိုမိုဖြစ်ထွန်းအောင်မြင်သည့် နှစ်ရှည်အပင်တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Khin Thida
လွန်ခဲ့သော ၁ နှစ် ကခွဲကြည့်တော့လောက်ထွက်လာပါတယ်
Khin Thida
လွန်ခဲ့သော ၁ နှစ် ကကွမ်းသီးပိုးကိုက်အက်ကွဲပြီးကြွေကျ ဘယ်လိုလုပ်ရမလည်း
သက်ခိုင်
လွန်ခဲ့သော ၃ နှစ် ကကျွန်တော် က ကွမ်းသီးပင် အခု မှစစိုက်ဖိုကြောင့်လေ့လာ နေတုန်းပါ အတွေ့ကြုံလေးတွေရှီရင် မျှဝေပေးပါလို့ တောင်းဆိုပါတယ်
Hein htet
လွန်ခဲ့သော ၄ နှစ် ကကွမ်းသီးပင်ကိုဘယ်မြေဩဇာသုံးရင်ကောင်းလဲ
ကိုဟန်ဝင်း
လွန်ခဲ့သော ၄ နှစ် ကကွမ်းသီးများများအသီးတင်အောင်ဘယ်လိုပြုစုရမလဲ
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
ရွှေပဲသီးပင်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုမှန်ကန်စေရန် အထူးသတိပြုသင့်
14/01/2022