စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
စက်သုံးဆီဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေခြင်းသည် မိုးကြက်သွန်ဈေးနှုန်းအတက်အကျအပေါ် များစွာရိုက်ခတ်မှုရှိလာကြောင်း ကြက်သွန်နီ ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။
"အခုတစ်ပတ်ထဲမှာတင် ကြက်သွန်နီဈေးတွေ ပြန်ကျပါတယ်။ ဒီနှစ်မှာ မိုးကြက်သွန်အထွက်နှုန်းကမကျဘူး။ ပုံမှန်အထွက်နှုန်း ရှိတယ်။ အဓိက ဈေးကျသွားတဲ့အကြောင်းရင်းက ကားခတွေဈေးတက်တာကြောင့်ပါ။ ကျွန်တော်တို့က ပွဲရုံတွေဆီ တင်ပို့ရောင်းချရုံဆိုပေမယ့် ပွဲရုံတွေကနေပြီး မြို့ကြီးတွေနဲ့ တခြားဈေးကွက်တွေဆီ ထပ်မံတင်ပို့တဲ့အခါ ကားခတွေက အရင်ထက်ဈေးတက်နေတယ်လို့ သိရတယ်။ ဆီဈေးတွေတက်တော့ ကားခတွေ ဈေးတက်တယ်။ ကားခတွေဈေးတက်တော့ ပွဲရုံတွေကလည်း တောင်သူတွေကိုပေးရတဲ့ ကြက်သွန်နီဈေးကို အရင်ထက်နှိမ်တဲ့သဘောပါ။"
ဟု မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာမှ ကြက်သွန်နီစီးပွားဖြစ်စိုက်ပျိုးသူ ကိုအောင်ကျော်မြင့်က ပြောသည်။
ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ပြန့်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မပွင့်လန်းသည့်အတွက် မြေဆီမြေသြဇာနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစု စရိတ်များလည်း မြင့်တက်ခဲ့သည်။
"ဒီနှစ်မှာက စိုက်ပျိုးစရိတ်ကလည်း အရင်ထက်များတယ်လေ။ အခုကျတော့ ကြက်သွန်ဈေးက ကျသွားတော့ အရည်အသွေးကောင်းကြက်သွန်နီ တစ်ပိဿာကိုမှ ၄၅၀ ကျပ်/ ၅၀၀ ကျပ် လောက်ပဲ ရတော့တယ်။ တကယ်သာ ကြက်သွန်နီဈေးတက်ချိန်ဆို တစ်ပိဿာကို ကျပ် ၁၀၀၀/ ၁၁၀၀ လောက်အထိ ရနိုင်ပါတယ်။"
ဟု ၎င်းက ဆက်လက်ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း မြင်းခြံကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၅၅၀)ကျပ်၊ ပခုက္ကူကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၅၅၀)ကျပ်၊ ဆိတ်ဖြူကြက်သွန်နီ အရည်အသွေးကောင်းတစ်ပိဿာလျှင် (၈၀၀)ကျပ်၊ မုံရွာကြက်သွန်နီ အရည်အသွေးကောင်း တစ်ပိဿာလျှင် (၅၅၀)ကျပ်၊ မြစ်သားကြက်သွန်နီ အရည်အသွေးကောင်း တစ်ပိဿာလျှင် (၁၀၅၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ပေါက်ဈေးများအရ မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် Octane-92 1liter လျှင် (၁၆၁၅)ကျပ်၊ Octane-95 1-liter လျှင်(၁၇၂၅)ကျပ်၊ Diesel 1-liter လျှင် (၁၆၃၅)ကျပ်၊ Premium Diesel 1-liter လျှင် (၁၆၆၅)ကျပ် ဈေးနှုန်းများအထိ မြင့်တက်နေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
ရွှေပဲသီးပင်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုမှန်ကန်စေရန် အထူးသတိပြုသင့်
14/01/2022