အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၁၂ ကြိမ်မြောက် ကမ္ဘာ့မြေဆီလွှာနေ့

၁၂ ကြိမ်မြောက် ကမ္ဘာ့မြေဆီလွှာနေ့

Green Way
Green Way • 05/12/2025

🌎 ဟီဘရူးအယူအဆအရ ဘုရားသခင်ဟာ ကမ္ဘာကြီးကို ခြောက်ရက်တည်းနဲ့ ဖန်ဆင်းတော်မူခဲ့တယ်..

အဲ့ဒီမှာမှ ပထမဆုံးနေ့မှာ ပထမဆုံးဖန်ဆင်းခဲ့တာကတော့ ကမ္ဘာမြေကြီးပါပဲတဲ့.. 

ဆိုတော့... ကမ္ဘာမြေကြီးဟာ ထိပ်ဆုံးက ဖန်ဆင်းတော်မူခံရတာပေါ့လေ.. 

ယုံကြည်ခြင်းတွေ... အယူအဆတွေ မည်သို့ပင်ရှိစေကာမူ..

ကမ္ဘာမြေကြီးဟာ သက်ရှိတွေရပ်တည်နေထိုင်ဖို့ နေရာထိုင်ခင်းဖြစ်ပြီး..

Soil လို့ခေါ်တဲ့ အပေါ်ယံမြေဆီလွှာကတော့ လူသားတွေရဲ့ ဝမ်းရေးကိုဖြေရှင်းပေးနေတဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်ဖို့ အခြေခံအလွှာထုကြီးဖြစ်တယ်ဆိုတာဟာ ငြင်းမရတဲ့ အမှန်တရားပါပဲ။

လူသားတွေ စားသုံးနေတဲ့ စားနပ်ရိက္ခာရဲ့ ၉၅ ရာခိုင်နှုန်းကျော်ထိဟာ မြေဆီလွှာနဲ့ ရေထုကို အခြေပြုပြီး ရရှိလာတာတွေပဲဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကလည်း ဆိုထားပြန်ပါတယ်။

သို့သော်... ဒီလို အရေးပါလှတဲ့ ကမ္ဘာ့မြေဆီလွှာကြီးဟာ အခုဆိုရင်တော့...

သစ်တောပြုန်းတီးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှု

ဓာတုအလွန်အကျွံသုံးစွဲခြင်းကဲ့သို့ ရေတိုစိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးမှု

ညစ်ညမ်းပျက်စီးအောင် လုပ်ခံနေရမှု 

မြို့ပြဧရိယာများ ချဲ့ထွင်လာမှုစတဲ့ လူသားပယောဂတွေနဲ့အတူ ပျက်စီးယိုယွင်းခြင်းကပ်ဘေးရဲ့ ခြိမ်းခြောက်ခံရမှုကို ထိပ်တိုက်ရင်ဆိုင် နေရပါတယ်...။

ဆိုတော့ အစိမ်းရောင်လမ်းက မိတ်ဆွေတောင်သူတွေ ပြုလုပ်နိုင်တဲ့ အလေ့အကျင့်ကောင်းက ဘာဖြစ်လိမ့်မလဲ..? 

ကမ္ဘာ့မြေဆီလွှာနေ့အထိမ်းအမှတ် အမှတ်တရအနေနဲ့ ဖြေပေးသွားကြပါဦးနော် 😍

5
ဦးကောင်းမြတ်သူ

ဦးကောင်းမြတ်သူ

လွန်ခဲ့သော ၉ လ က

က

Khin Moe

Khin Moe

လွန်ခဲ့သော ၁၀ လ က

က

အောင်ငြိမ်းချမ်း

အောင်ငြိမ်းချမ်း

လွန်ခဲ့သော ၁၀ လ က

က

Ne Myo Aung

Ne Myo Aung

လွန်ခဲ့သော ၁၀ လ က

သီးလည့်စိုက်ခြင်း

Nay

Nay

လွန်ခဲ့သော ၁၀ လ က

သီးလှည့်စိုက်ခြင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ

U Yan • ဖြေကြားချက် 1 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။