သဘာဝကိုလေ့လာ၊ ရာသီဥတုကိုကာကွယ်၊ အနာဂတ်ကိုကယ်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့က သိပ်ကို အရေးပါတယ်ဗျ။
ဒီလိုပြောလိုက်လို့ ကျနော့်ကို မျက်စောင်းထိုးချင်သွားကြမယ် ထင်ပါတယ်။
ဟုတ်တယ်လေ။ လူတွေတောင်မှ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ အသက်ရှင်ဖို့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ။ သဘာဝပတ်ဝန်းကျင်ကို ဘယ်သူက တကူးတက ဂရုစိုက်နိုင်မှာတုန်း။
ကျနော် နားလည်ပါတယ်.. ဒါပေမဲ့ပေါ့နော်.. ဒါပေမဲ့လဲပေါ့နော် သဘာဝတရားကြီးက ကျနော်တို့တွေ တဦးချင်းစီမှာသော်လည်းကောင်း လူ့အဖွဲ့အစည်းတခုလုံးပေါ်မှာသော်လည်းကောင်း အကျိုးပြုနေတာကိုတော့ နားလည်ထားဖို့ လိုပါတယ်။
ဆိုတော့… ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အသာခဏထားလို့ သဘာဝတရားကြီးကနေ ကျနော်တို့ကို ပေးနေတဲ့လက်ဆောင်တွေကို ကျေးဇူးတင် ချီးမွမ်းခန်းဖွင့်ချင်ပါတယ်။
ကျနော်တို့ မျက်လုံးနှစ်လုံးပိတ်နေချိန်ဖြစ်စေ ဖွင့်နေချိန်ဖြစ်စေ အသက်ရှင်နေသူ တစ်ယောက်အဖို့ အမြဲတမ်းလိုအပ်နေတဲ့ အရာက လေပဲ ဖြစ်ပါတယ်။ ဒီလို စက္ကန့်မလပ် ရှုနေရတဲ့လေကို ဝယ်များ ဝယ်ရရင်တော့ ကျနော်တို့ဟာ အတော်လေး အကုန်အကျများကြရမှာပါ။ ဒါ့ကြောင့်မလို့ သန့်ရှင်းလတ်ဆတ်တဲ့လေဆိုတာ သဘာဝပတ်ဝန်းကျင်ကြီးက ပေးထားတဲ့ အဖိုးတန်ဆုံးလက်ဆောင်ပါပဲ။
ဒီလေရဲ့ တန်ဖိုးဟာ ယခုနှစ်တွေအတွင်း ပိုပြီးသိသာလာပါပြီ။ ခြောက်သွေ့ရာသီရောက်ပြီဆိုရင် မြို့ကြီးတွေမှာ ကြုံနေရတဲ့ လေထုညစ်ညမ်းမှုက သန့်ရှင်းလတ်ဆတ်တဲ့ လေရဲ့တန်ဖိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။
ယခုနှစ်နွေရာသီဆိုရင် ရန်ကုန်မြို့ကြီးမှာ လေထုညစ်ညမ်းမှု ခရမ်းရောင်အဆင့်(အလွန်ဆိုးရွား)ကို ကြုံလိုက်ရပါသေးတယ်။ လေထုညစ်ညမ်းမှုဆိုတာ ကြုံဖူးသူတွေတော့ ခံစားဖူးကြမှာပါ။ အသက်ရှုရတာ မဝဘူး။ နှာခေါင်းတွေ ယားမယ်။ လည်ချောင်းတွေ ခြောက်မယ်။ မျက်လုံးတွေစပ်မယ်။ ရေရှည်ဆိုရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တဲ့အထိကို ဆိုးရွားပါတယ်။
ကဲ.. ကျနော်တို့ လက်တလောရှုနေကြတဲ့ လေသန့်သန့်လေးဟာ ဘယ်လောက်တောင်များ အဖိုးတန်လိုက်ပါသလဲ။

လေပြီးရင် နောက်ထပ်အဖိုးတန်ဆုံးက ရေပါပဲ။
ရေရဲ့တန်ဖိုးကိုတော့ ကျနော်တို့ လူမျိုးတွေ နားလည်ထားပြီးသားပါ။ ရေအသက် တမနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါရဲ့။ ကမ္ဘာ့ဧရိယာရဲ့ သုံးပုံနှစ်ပုံကျော်ကို ရေတွေက ဖုံးလွှမ်းထားပေမဲ့ ရေချိုပမာဏက ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ဒီထဲကမှ ၂ ရာခိုင်နှုန်းလောက်က ဝင်ရိုးစွန်းရေခဲပြင်တွေဖြစ်ပြီး ကျနော်တို့ တကယ်ထုတ်ယူသုံးစွဲလို့ရတဲ့ ရေချိုပမာဏက ၁ ရာနှုန်းတောင် မပြည့်တတ်ချင်ပါဘူး။ မြေအောက်ရေနဲ့ မြစ်ချောင်း အင်းအိုင်တွေက ကျနော်တို့ရဲ့ ရေချိုအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ မြစ်တွေဆိုရင် သောက်သုံးရေအတွက်သာမက ရေကြောင်းသွားလာရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေအတွက်ပါ အရေးပါပါတယ်။ ဗွက်ရေထက်တောင် နောက်ကျိနေတဲ့ မြစ်ရေတွေဟာ ရေထဲမှာ နေတဲ့ ငါးတွေ မပြောနဲ့၊ မြင်ရတဲ့ သူတွေကိုပါ မွန်းကြပ်စေပါတယ်။
တချိန်မှာ ဒီမြစ်ကြီးတွေ ကောသွားခဲ့ရင်၊ မြစ်ထဲက ရေတွေသာ အဆိပ်သင့်သွားခဲ့ရင်၊ မြေအောက်ရေသည်လဲ ကုန်ခမ်းသွားခဲ့ရင် ဘယ်လောက်တောင် ဒုက္ခရောက်လိုက်ပါမလဲ။
ယခုလက်ရှိတောင်မှ တချို့ဒေသတွေမှာ နွေရာသီဆို သောက်သုံးရေရှားပါးလို့ အခက်ကြုံရတာတွေဟာ မျက်မြင်ကိုယ်တွေ့ပါပဲ။
နောက်တစ်ခုကတော့ မြေကြီးပဲ ဖြစ်ပါတယ်။ ကျနော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေအကုန်လုံးနီးပါးဟာ မြေကြီးကနေ ရရှိလာတယ်ဆိုရင် မှားမယ် မထင်ပါဘူး။ အဝတ်အထည်တွေပါ အဆစ်ပါပါသေးတယ်။ နေစရာအိမ်ကိုလဲ မြေကြီးပေါ်မှာ ဆောက်ရပါတယ်။ သွားစရာလမ်းကိုလဲ မြေကြီးပေါ်မှာပဲ ဖောက်ရပါတယ်။ မျိုးစေ့တွေဟာလဲ မြေကြီးထဲကိုပဲ ချရပါတယ်။ အပင်တွေဟာလဲ မြေကြီးပေါ်မှာပဲ ရှင်သန်ကြီးထွားရပါတယ်။ မြေကြီးဟာ ရွှေမသီးပါဘူး။ ရွှေထက် အဖိုးတန်တဲ့ စားစရာ နေစရာ ဝတ်စရာတွေ သီးပါတယ်။ ဒီမြေကြီးသာ အဆိပ်သင့်ပြီး အစားအစာတွေ မပေးတော့ရင်၊ မြေအောက်ရေတွေ အလွန်အကျွံထုတ်မိလို့ ဒီမြေကြီးသာ ပြိုကျသွားခဲ့ရင် ကျနော်တို့ဟာ ငိုဖို့ နောက်ကျသွားပါလိမ့်မယ်။
အပေါ်က အသက်ရှင်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ အရာတွေအပြင် သဘာဝပတ်ဝန်းကျင်ကြီးက ကျနော်တို့ လူသားတွေကို နေပျော်အောင် ဖျော်ဖြေပေးနေတာတွေလဲ ရှိပါသေးတယ်။ မနက်ခင်းကြားရတဲ့ ကျီကျီကျာကျာ ငှက်အော်သံလေးတွေက စလို့ လှပတဲ့ ရေတံခွန် စိမ့်စမ်းတွေ၊ တောတောင်တွေ ပန်းမန်သစ်ပင်တွေဟာ လူသားတွေရဲ့ မွန်းကြပ်မှုကို ပြေပျောက်စေပါတယ်။ ဒါ့ကြောင့်မို့လဲ စာချိုးလေးတောင် ရှိပါသကော။
“ဥတုရာသီ တောကိုမှီ၏၊ တောတောင်စိမ်းမှ စမ်းရေရ၏၊ ပန်းမန်သစ်ပင် လေသန့်စင်၍ ဥယျာဉ်တောတန်း စိတ်ရွှင်လန်း၏” တဲ့။
ကဲ.. စကားဆက်မရှည်ဘဲ အနှစ်ချုပ်ရရင်တော့ ကျနော်တို့ဟာ အသက်ရှင်ရေး ဘဝရပ်တည်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကပေးတဲ့ အဖိုးတန်လက်ဆောင်တွေကို နေ့စဉ်နဲ့အမျှ ရယူ သုံးစွဲနေကြပါတယ်။
ကျနော်တို့ ရှုနေတဲ့လေ၊ သောက်နေတဲ့ရေ၊ နင်းနေတဲ့ မြေရဲ့တန်ဖိုးကို သိရှိထားရမှာ ဖြစ်သလို ဒီအရာတွေ ရေရှည်တည်တံ့အောင်လဲ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာသည်လည်းကောင်း သဘာဝလက်ဆောင်တွေသည်လည်းကောင်း အလကားနီးပါး ရနေတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမသွားခင်မှာ ဒီအရာတွေရဲ့ တန်ဖိုးကို ကျနော်တို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။
အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေခင်ဗျာ..
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Pyay Hein Kyaw
လွန်ခဲ့သော ၄ လ ကကျွန်တော်ဆွေးနွေးလိုတာကတစ်နေ့လုပ်မှတစ်နေ့စားရတဲ့လက်လုပ်လက်စားသစ်ခုတ်ဝါးခုတ်သမားတွေဟာရာသီဥတုဆက်စပ်ပုံအကြောင်းတေကိုသိသည်ဖြစ်စေမသိဘဲဖြစ်စေဝမ်းရေးအတွက်လုပ်ကိုင်နေကြသူများဖြစ်သည်ထိုသူတေအတွက်တတ်နိုင်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းလေးတေကိုပြေပြပါလားဗျ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thu Ra Nyi Nyi
အားလုံး
သမိုင်းအစဉ်အလာကြီးတဲ့ ငရုတ်သီး
24/06/2026
ပုတက်ထီးတွေရဲ့ အားပြိုင်ပွဲက ပြောပြတဲ့ သဘာဝရဲ့မျှခြေ
07/01/2026
ဆေးဖိုးမကုန်ဘဲ ကြွက်နှိမ်နင်းနိုင်မယ့် လျှို့ဝှက်လက်နက် "ကိုဇီးကွက်"
19/11/2025
စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်..
07/07/2025
မျိုးသုဉ်းနိုင်ခြေရှိတဲ့ ပိုးစုန်းကြူးလေး မီးလင်းရတဲ့ လျှို့ဝှက်ချက်
26/06/2025