ဆိုက်ဘာရာဇဝတ်မှု (လူမှုမီဒီယာအပိုင်း-၂)
စာဖတ်သူတို့နေကောင်းကျန်းမာကြရဲ့လားဗျ။
ရှေ့တစ်ပတ်တုန်းက မျှဝေခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၁) ကိုဖတ်ပြီးကြပြီဟုတ်။
ဆိုက်ဘာရာဇဝတ်မှုကို ကျူးလွန်ကြသူများသည် အင်တာနက်ကွန်ယက်ပေါ်အခြေခံ၍ တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းများအပေါ်ဖြစ်စေ ကျူးလွန်မည့်ပုံစံနှင့် အမျိုးအစားကိုရွေးချယ်ကြပါသည်။
အမျိုးအစားများစွာရှိသည့် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ကြမှုကို ဒီတစ်ပတ်မှာ ဖော်ပြပေးသွားပါမည်။ (ဆိုက်ဘာရာဇဝတ်မှုများကို National Cyber Crime reporting Portal မှ အမျိုးအစားခွဲခြားပြထားခြင်းပဲဖြစ်ပါသည်။)
လူမှုမီဒီယာနှင့်ဆက်စပ်သောမှုခင်းများ (Social Media Related Crime)
i) Cyber Bullying/Stalking/Sexting - ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူသည် ပစ်မှတ်ထားခံရသူ၏ အင်တာနက်အသုံးပြုမှုကို မရပ်မနားနှောက်ယှက်ခြင်းဖြင့်ကျူးလွန်ကြသည်။ ထိုသို့ကျူးလွန်ရာတွင် အီလက်ထရောနစ်မေးလ် (E-mail)၊ လူမှုမီဒီယာစာမျက်နှာများနှင့် စာတိုပို့နိုင်သည့် ဆော့ဝဲများမှတဆင့် ပစ်မှတ်ထားခံရသူအား အသုံးပြုရန်၊ ခြိမ်းခြောက်ရန်၊ အရှက်ရစေရန်နှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် တို့ကိုပြုလုပ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများအား လူမှုမီဒီယာကိုအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းသော စကားလုံးများပေးပို့ခြင်း၊ ရုပ်ပုံများနှင့် ဗီဒီယိုများကိုပေးပို့၍ ခြိမ်းခြောက်ခြင်း၊ စိတ်အနှောင့် အယှက်ပေးခြင်းများကို ပြုလုပ်ကြသည်။
ii) အီလက်ထရောနစ်မေးလ်ဖြင့် ဖြားယောင်းခြင်း(E-mail Phishing) - ကျူးလွန်သူသည် အဖွဲ့အစည်း (သို့) တကယ်ရှိသောလူတယောက်မှအသုံးပြုနေသော အီလက်ထရောနစ်မေးလ်( E-mail) ကဲ့သို့ အတုဖန်တီးကာ တခြားသောသူများထံသို့ပေးပို့၍ ကိုယ်ရေးအချက်အလက်များတောင်းခံခြင်း၊ ဘဏ်အကောင့်များ၊ လူမှုမီဒီယာအကောင့်နှင့် လျိုဝှက်နံပါတ်များ( Password )များကိုလိမ်လည် ရယူရန်ကြိုးပမ်းခြင်းဖြစ်သည်။
iii) အီးမေးလ်နှင့်ပရိုဖိုင်များကို ရယူခြင်း (E-mail & Profile Hacking) - လူတစ်ဦး၏ အင်တာနက်ချိတ် ဆက်ထားသော တစ်ကိုယ်ရည်သုံးကွန်ပြူတာ၊ လက်တော့ပ်(Laptop) နှင့် မိုဘိုင်းဖုန်းများအတွင်းသို့ တီထွင်ဖန်တီးထားသော ဆော့ဝဲကို အသုံးပြု၍ ကျူလွန်ခံရသူနှင့်ဝေးကွာသောအရပ်မှ ဝင်ရောက်ကာ အချက်အလက်များကိုရယူပြီး အလွဲသုံးစားပြုလုပ်ရန်နှင့်ကျူးလွန်ခံရသူအား ထိခိုက်နိုင်သည့် ရာဇဝတ်မှုများပြုလုပ်ရန်အသုံးပြုသည့်နည်းဖြစ်ပါတယ်။
iv) အယောင်ဆောင်ဖန်တီး၍ကျူးလွန်ခြင်း (Impersonating) - ရာဇဝတ်မှုကျူးလွန်သူသည် ပစ်မှတ်ထားခံရသူ၏ လူမှုမီဒီယာအကောင့်များ၊ အီးမေးလ်များပုံစံအတိုင်း အယောင်ဆောင်ကာ ငွေကြေးများလိမ်လည်ခြင်း၊ အသရေဖျက်ခြင်းနှင့် အခြားသူများကိုနှောက်ယှက်ခြင်းဖြင့်ကျူးလွန် သည့်ပုံစံဖြစ်သည်။
v) အွန်လိုင်းအလုပ်အကိုင်လိမ်လည်ခြင်း (Online Job Fraud) - ကျူးလွန်သူများသည် အလုပ်အကိုင်ရှာ ဖွေသူများကို လစာများစွာရရှိမည်(သို့) အလုပ်အကိုင်ရရှိမည် (သို့) အပိုဝင်ငွေရှာဖွေနိုင်မည်ဟု မက်လုံးများပေးကာ ငွေကြေးများကိုလိမ်လည်ခြင်းဖြစ်သည်။
vi) ရန်ရှာခြင်းနှင့်ခြိမ်းခြောက်ခြင်း (Provocative Speech and Intimidating Mail) - ကျုးလွန်သူ သည် အကြောင်းမရှိဘဲ ခြိမ်းခြောက်ခြင်း၊ ရန်ရှာခြင်းနှင့် တိုက်ခိုက်ခြင်းများကို လူမှုမီဒီယာပေါ်မှ ပြုလုပ်ခြင်းဖြစ်သည်။

vii) လိမ်လည်ဖုန်းခေါ်ဆိုခြင်းနှင့် ခိုးယူခြင်း(Fraud Call & Vishing) - လူမှုမီဒီယာပေါ်တွင် တင်ထားမိသော လူများ၏ဖုန်းနံပါတ်များသို့ ထီပေါက်သည်(သို့) ကံစမ်းမဲပေါက်သည် (သို့) အိမ်မက်အရ (သို့) ဘဏ်အကောင့်သက်တမ်းကုန်၍အသစ်ပြန်လုပ်ရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် ဖုန်းဆက်ကာ ငွေလွဲစေခြင်း၊ အွန်လိုင်းငွေလွဲ အကောင့်၊ ဘဏ်ကဒ်နံပါတ်များ နှင့်လျို့ဝှက်နံပါတ်တောင်းခြင်း စသည့်ပုံစံဖြင့် ကျူးလွန်ခြင်းဖြစ်သည်။
viii) အွန်လိုင်းတရားမဝင်ကုန်ကူးမှု (Online Trafficking) - လူမှုမီဒီယာများကို အသုံးပြု၍ မူးယစ်ဆေးဝါးများ၊ တားမြစ်ထားသောထုတ်ကုန်များကို ရောင်းဝယ် ဖောက်ကားရန်ချိတ်ဆက်ခြင်းနှင့်ရောင်းခြင်း၊ အမျိုးသမီးများကို လူကုန်ကူးရန် သားကောင်များရှာဖွေခြင်း တို့အပြင် ကလေးညစ်ညမ်းရုပ်ပုံများ၊ စာပေများ ရောင်းချခြင်း၊ လူ့ခန္ဓာကိုယ်တွင်းအင်္ဂါများရောင်းချခြင်းတို့သည်လည်း အလွန်ဆိုးရွားသော ဆိုက်ဘာရာဇဝတ်မှုအမျိုးအစားဖြစ်ပါသည်။
ix) အွန်လိုင်းလောင်းကစား (Online Gambling) - လူသုံးများသော လူမှုမီဒီယာများကို အသုံးပြု၍ တရားမဝင်သောအွန်လိုင်းလောင်းကစားဂိမ်းများကို တခြားသူများကစားစေရန် မြူဆွယ်ခြင်း၊ ဖိတ်ခေါ်ခြင်းနှင့် ကိုယ်တိုင်ကစားပြခြင်း၊ ၂ လုံး ၃ လုံးကဲ့သို့ လောင်ကစားများကို ရောင်းခြင်းစသည်တို့သည်လည်း လူအများကိုဒုက္ခရောက်စေသော ဆိုက်ဘာရာဇဝတ်မှု များဖြစ်ပါသည်။
အထက်ပါအမျိုးအစားများသည် ယနေ့ခေတ်ကာလတွင် နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော ဆိုက်ဘာရာဇဝတ်မှုများဖြစ်သည်။ တိုးတတ်သောနိုင်ငံများတွင် ဆိုက်ဘာရာဇဝတ်မှုများကို ကာကွယ်ရန်နှင့် အရေးယူနိုင်ရန် နိုင်ငံတော်အဆင့်ဖြင့် ကြိုးစားနေကြသည်။ မြန်မာနိုင်ငံကဲ့သို့ဖွံဖြိုးဆဲနိုင်ငံများတွင်မှု ဆိုက်ဘာ ရာဇဝတ်မှုများကို အရေးယူမှုအားနည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ဆိုက်ဘာရာဇဝတ်မှု များကျုးလွန်ခံရခြင်းမှ ကာကွယ်ရန် လူမှုမီဒီယာ၊ အီလက်ထရောနစ်မေးလ်နှင့် အခြားသောအင်တာနက်အသုံးပြုသူများအနေဖြင့် ကိုယ်တိုင်ကာကွယ်မှုပြုလုပ်ရန်လိုအပ်ပါသည်။
နောက်တစ်ပတ်မှာတော့ ကိုယ်တိုင်ကာကွယ်ရန်နည်းလမ်းများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Nay
လွန်ခဲ့သော ၃ နှစ် ကnpks
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Okkar
အားလုံး