မုန်တိုင်းကာလ သတင်းတု၊ သတင်းယောင် သတိပြု
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်( Deep Depression) သည် ဆိုင်ကလုန်းမုန်းတိုင်း (Cyclonic Storm) မိုခါ(MOCHA) အဖြစ်သို့ရောက်ရှိသွားပြီး မြန်မာနိုင်ငံရှိအချို့သော ဒေသများသို့ ဝင်ရောက်မည်ဖြစ်ပါသည်။
ယခုလို သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သောကာလများတွင် လူမှုမီဒီယာများ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးအများဆုံးဖြစ်သည့် Facebook, Viber, Telegram များတွင် သတင်းတု၊ သတင်းယောင်များပျံ့နှံတတ်ပါသည်။
တချို့သော မီဒီယာအယောင်ဆောင်ထားသည့် လူမှုမီဒီယာ Page များ၊ Group များနှင့် Channel များသည် တကယ်ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများကို ၎င်းတို့၏ Page များ၊ Group များလူကြည့်များစေရန် ထင်ယောင်ထင်မှားဖြစ်စေသောအကြောင်းအရာ အမှားများဖြင့် တွဲဖက်၍ ဖြန့်ဝေကြလေ့ရှိသည်။
ထိုကဲ့သို့ သတင်းတု၊ သတင်းယောင်များကြောင့် တကယ်ဖြစ်ပေါ်နေသော အခြေအနေများကို လူအများမသိရှိနိုင်ဘဲ သတင်းများဝေဝါးစေပါသည်။
လူအများအနေဖြင့် မိမိတို့အသုံးပြုသော လူမှုမီဒီယာများတွင် သတင်းများဖတ်ရှုရာ၌ ယုံကြည့်စိတ်ချရသော သတင်းစာမျက်နှာများ၊ website များတွင်သာ ဝင်ရောက်ဖတ်ရှုကြရန် သတိပေးနှိုးဆော်လိုက်ရပါသည်။

ဥပမာ -
မိုးလေဝသတင်းများကိုကြည့်ရှုနိုင့်သည် website များနှင့် page များ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန website link
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန Facebook Page
https://www.facebook.com/dmhmoezalanaypyitaw
အစိမ်းရောင်လမ်း website link
အစိမ်းရောင်လမ်း Facebook Page
https://www.facebook.com/greenwaymyanmar )
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင် Facebook Page
https://www.facebook.com/uwinnaing
ပြည်သူများအားလုံးဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
jerry jerry
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ ဆရာ
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Okkar
အားလုံး