facebook အကြောင်းတစေ့တစောင်း
အားလုံးမင်္ဂလာပါနော်။
အရင်အပတ်တွေတုန်းကတင်ခဲ့တဲ့ ကမ္ဘာပေါ်မှာလူသုံးအများဆုံး လူမှုမီဒီယာတွေအကြောင်းကို ဖတ်ပြီးကြမယ်လို့ မျှော်လင့်ပါတယ်။ အခုတစ်ပတ်မှာတော့ ကမ္ဘာပေါ်မှာလူသုံးအများဆုံး လူမှုမီဒီယာဖြစ်တဲ့ Facebook ဖြစ်ပေါ်လာပုံကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ အောက်မှာ Facebook ရဲ့သမိုင်းကြောင်းလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ကြပါဦး။
Facebook ကိုစတင်တည်ထောင်သူကတော့ အားလုံးသိကြတဲ့ Mark Zuckerberg ပဲဖြစ်ပါတယ်။ Mark နဲ့အတူ Facebook ကုမ္မဏီကိုပူးတွဲကူညီတည်ထောင်သူများကတော့ Mark ရဲ့ကောလိပ်အခန်းဖော်တွေဖြစ်တဲ့ Eduardo Saverin၊ Andrew McCollum၊ Dustin Moskovitz၊ နှင့် Chris Hughes တို့ဖြစ်တယ်။
၂၀၁၃ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသားဖြစ်သော Mark Zuckberg သည် “Facemash” ဟုခေါ်သော ဟားဗက်တက္ကသိုလ်ကျောင်းသားများသာ အသုံပြုနိုင်သောဝက်ဆိုက်တစ်ခုကို ဖန်တီးခဲ့သည်။ “Facemah” ဝက်ဆိုက်သည် အသုံးပြုသူကျောင်းသား၊ကျောင်းသူများမှ ဝက်ဆိုက်တွင် တင်ထားသော တခြားသောကျောင်းသားနှစ်ဦး၏ ဓာတ်ပုံနှစ်ပုံကိုယှဉ်၍ ဘယ်ကျောင်းသားကပို၍ဆွဲဆောင်မှုရှိသည်ကို ရွေးချယ်နိုင်သည့် ဝက်ဆိုက်ဖြစ်သည်။

“Facemash” ဝက်ဆိုက်ကိုစတင်ဖန်တီးပြီးရက်အနည်းငယ်အကြာတွင် တက္ကသိုလ်မှ ဝက်ဆိုက်ကို ပိတ်ပင်လိုက်သည်။ “Facemash” သည် Mark Zuckberg အတွက် Facebook ဖန်တီးမှုဆီသို့ ခရီးစတင်ခြင်းပင်ဖြစ်သည်။
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် Mark Zuckerberg သည် “Thefacebook” အမည်ရှိ လူမှုမီဒီယာဝက်ဆိုက်ကို ဟားဗက်ကျောင်းသားများသာအသုံးပြုနိုင်ရန် စတင်ဖန်တီးခဲ့သည်။ “Thefacebook” သည် ဟားဗက်တက္ကသိုလ်ကျောင်းသားများအကြားတွင် အလျှင်အမြန် ရေပန်းစားပျံနှံသွားပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များတွင်ပါ အသုံးပြုနိုင်ရန် တိုးချဲ့နိုင်သည်။ ၂၀၀၄ ခုနှစ်အကုန်တွင် အမေရိကန်ပြည်ထောင်စုတွင် “Thefacebook” ကိုအသုံးပြုသူ ၁ သန်းကျော်ရှိနေပြီဖြစ်သည်။
၂၀၀၅ ခုနှစ် သြဂုတ်လတွင် “Facebook.com” domain နာမည်ကို ဒေါ် လာ ၂ သိန်းဖြင့် ဝယ်ယူခဲ့ပြီး နာမည်ရှေ့ရှိ “The” ကိုဖြုတ်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် “Facebook” ကုမ္ပဏီသည် PayPal ကုမ္ပဏီကိုမ္ပဏီကို ပူးတွဲတည်ထောင်သူ Peter Thiel ထံမှ ၎င်းတို့ အတွက် ပထမဆုံးရင်းနှီးမြှပ်နှံမှုကို ရရှိခဲ့သည်။ Thiel သည် “Facebook” ကုမ္ပဏီ၏ရှယ်ယာ ၁၀.၂% အတွက် ဒေါ်လာ ၅၀၀,၀၀၀ ကိုရင်းနှီးမြှပ်နှံခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “Facebook” သည် သုံးစွဲသူများအတွက် ၎င်းတို့၏ ဝက်ဆိုက်အတွင်းသို့ မိုဘိုင်းဖုန်းများမှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်သော မိုဘိုင်းဖုန်းဆော့ဝဲလ်ကို စတင်မိတ်ဆက်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် “Facebook” သည် ၎င်းတို့၏ ဝက်ဆိုက်ကို Third-Party ဆော့ဝဲလ်ဖန်တီးသူများထံသို့ ဖွင့်လှစ်ပေးခဲပြီး “Facebook” ဝက်ဆိုက်နှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် ဖုန်းဆော့ဝဲလ်များ၊ဝက်ဆိုက်များကို ဖန်တီးစေခဲ့သည်။ ထိုကဲ့သို့ပြုလုပ်မှုသည် “Facebook” ၏လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးပွားစေခဲ့ပြီး အသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။
၂၀၀၈ ခုနှစ်တွင် “Facebook” သည် လူမှုမီဒီယာတခုဖြစ်သော MySpace ကိုကျော်ဖြတ်ကာ အမေရိကန်နိုင်ငံ တွင် ရေပန်းအစားဆုံး လူမှုမီဒီယာဖြစ်လာခဲသည်။ထို့အပြင် “Facebook” သည်စပိန်စကားပြောသူများအသုံးပြု နိုင်ရန်အတွက် ၎င်းတို့၏ပထမဆုံးနိုင်ငံတကာဝက်ဆိုက်ဖြစ်သည့် Facebook en Español ကို ၂၀၀၈ ခုနှစ်တွင်ပင် လွှင့်တင်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် Facebook သည် ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိသော အများပိုင်ကုမ္မဏီ(Initial Public offering- IPO) အဖြစ်ပြောင်းလဲခဲ့သည်။ IPO အဖြစ်သို့ပြောင်းလဲပြီးအစတွင် ကုမ္မဏီ၏စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး နည်းပညာကုမ္ပဏီများထဲမှတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် Facebook ကုမ္မဏီသည် Instagram နှင့် ၂၀၁၄ ခုနှစ်တွင် WhatsApp စသော လူမှုမီဒီယာများကို ဝယ်ယူခဲ့သည်။ အဆိုပါဝယ်ယူနိုင်မှုများကြောင့် Facebook သည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာနည်းပညာလောကတွင် နေရာတခုကိုအခိုင်အမာယူဆောင်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် Facebook ကုမ္မဏီ၏တည်ထောင်သူတဦီးဖြစ်သော Mark Zuckerberg သည် Facebook ကုမ္ပဏီကို Meta အဖြစ်နာမည်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။
ထိုသို့ပြောင်းလဲခဲ့ခြင်းမှာ metaverse ကိုတည်ဆောင်ရန်ဖြစ်ကြောင်းနှင့်AI နည်းပညာကို ပိုမိုတိုးတတ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်တွင် Facebook သည် ကမ္ဘာပေါ်တွင် အောင်မြင်မှုအရှိဆုံး နည်းပညာကုမ္ပဏီတခုအဖြစ် ရပ်တည်နေသော်လည်း သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ အလွဲသုံးစားပြုလုပ်ခြင်းနှင့် သတင်းမှားများပျံနှံမှုများကြောင့် နိုင်ငံတချို့တွင် တရားစွဲဆိုခံရခြင်းများ၊ အသုံးပြုခွင့်ပိတ်ပင်ခြင်းများနှင့် ရင်ဆိုင် ခဲ့ရသည်။ ကုမ္ပဏီသည် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေသော်လည်း သုံးစွဲသူများနှင့်ကမ္ဘာနိုင်ငံများအတွက် စိုးရိမ်စရာပြဿနာအရင်းအမြစ်တခုအဖြစ် ဆက်လက်တည်ရှိနေသည်။
Facebook သည် လူမှုကွန်ယက်၏စွမ်းအားနှင့် ကမ္ဘာပေါ်တွင် သေးငယ်သောဖန်တီးမှုတခုမှအလွန်ကြီးမားသော အောင်မြင်မှုဖြစ်နိုင်ကြောင်းသက်သေပြနေသည့် စံပြတခုပင်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးထွန်းထွန်းဦး
လွန်ခဲ့သော ၃ နှစ် က၏
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Okkar
အားလုံး