ရုံးပတီသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ရုံးပတီသီးဆိုတာကပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ ပြုတ်ပြီးအတို့အမြုပ်အဖြစ်စားသုံးတာ၊ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုး လုပ်စားလို့ရပါတယ်။
ရုံးပတီသီးမှာကျန်းမာရေးအတွက် ကောင်းမွန်စေသောအာဟာရဓာတ်များစွာပါဝင်နေပြီး ရုံးပတီသီးစားသုံးပေးရင် ဘာအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကို သိရှိစေနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) အဆာခံနိုင်စေခြင်း
ရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်များစွာပါဝင်နေပါတယ်။ ၎င်းအမျှင်ဓာတ်တွေက ဗိုက်ပြည့်တယ်လို့မြန်မြန်ဆန်ဆန်ခံစားရစေနိုင်ပြီး အဆာခံနိုင်ခြင်းဖြစ်ပါတယ်။ ရုံးပတီသီးသည် ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်နေသူတွေအတွက်လည်း သင့်တော်ပါတယ်။
(၂) ပင်ပန်းမှုဒဏ်ကနေသက်သာစေနိုင်ခြင်း
ရုံးပတီသီးစေ့လေးတွေက သင့်ကိုပင်ပန်းမှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ ရုံးပတီသီးစေ့တွေမှာ အသည်းထဲကဂလိုက်ကိုဂျင်စုဆောင်းထားမှုကို တိုးမြင့်ပေးနိုင်တဲ့ polyphenols နဲ့ဖလေဗာနွိုက်တို့လိုမျိုးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ လှောင်ပေးပြီးမောပန်းမှုဒဏ်ကိုခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ စိတ်ကျဝေဒနာရှင်များအတွက်လည်း ရုံးပတီသီးက ဆေးစွမ်းတစ်လက်ပါ။
(၃) အစာကြေချက်နိုင်စွမ်းကိုတိုးစေနိုင်ခြင်း
ရုံးပတီသီးကိုနေ့စဉ်စားသုံးနေသော အစားအသောက်ထဲတွင်ထည့်သွင်းစားသောက်ပေးမည်ဆိုပါက ခန္ဓာကိုယ်အမျှင်ဓာတ်ကိုပိုမို ရရှိစေပါတယ်။ ရုံးပတီသီးမှာပါတဲ့အမျှင်ဓာတ်ကအစာချေလမ်းကြောင်းတစ်လျှောက်မှာအစာတွေပို့ဆောင်မှုကို ပိုမိုလွယ်ကူအောင် အထောက်အကူပေးပါတယ်။ အူမကြီးလှုပ်ရှားမှုကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတာကြောင့် လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်ထဲမှာ လေတွေများပြီး မအီမသာဖြစ်တာတွေကို သက်သာစေပါတယ်။ ဝမ်းလျှောတာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာပိုလျှံနေတဲ့ ကိုလက်စထရောတွေကိုဖယ်ရှားပေးရာမှာလည်း အထောက်အကူပြုပါတယ်။
(၄) အမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း
ရုံးပတီသီးမှာ ဗီတာမင်အေ (vitamin A) ကြွယ်ဝစွာပါဝင်သလိုဗီတာကယ်ရိုတီးနွိုက်၊ xanthein နဲ့ lutein တို့လိုမျိုးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအင်အားပြည့်ဝတဲ့ဒြပ်ပေါင်းတွေဖြစ်ပြီး free radical ကြောင့်ဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးပေးမယ်ဆိုရင်မျက်လုံးကြွက်သားတွေပျက်စီးတာနဲ့ အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၅) ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း
ရုံးပတီသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။
(၆) သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း
ရုံးပတီသီးမှာလူ့ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ်အပါအဝင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့် ကိုယ်တွင်းအရေဓာတ်ကိုဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ အရေးပါလှပါတယ်။ ပိုတက်ဆီယမ်က သွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကို ပြေလျော့စေနိုင်တာကြောင့် သွေးဖိအားကိုကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးစနစ်တင်းအားကို လျော့ကျစေနိုင်ပါတယ်။
(၇) အရေပြားကိုကျန်းမာစေနိုင်ခြင်း
ဗီတာမင်အေဓာတ်တိုးဆန့်ကျင်ပစ္စည်းပေးသလို အနာကျက်မြန်စေတဲ့အပြင်ဝက်ခြံတွေနဲ့အမာရွတ်ဖြစ်စေတာတွေကိုလည်းလျှော့ချပေးပါတယ်။ မျက်နှာပေါ်ကအရေးအကြောင်းတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။ ရုံးပတီသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားဆဲလ်တွေကိုပျက်စီးစေတဲ့ free radical တွေကိုလျှော့ပါးသက်သာစေပါတယ်။
(၈) အသည်းရောဂါတွေကိုကာကွယ်ပေးနိုင်ခြင်း
အသည်းကခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ကိုပြေစေနိုင်တဲ့အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ရုံးပတီသီးကအသည်းကိုရောဂါတွေမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်တွင် ရုံပတီသီးကဓာတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ နေ့တိုင်းစားသုံးပေးမည်ဆိုပါက free radicals တွေကြောင့်အသည်းရောဂါတွေကိုတိုက်ထုတ်ပြီး မြှေးပါးတွေကိုလည်းကျန်းမာအောင်ထိန်းညှိပေးပါတယ်။
(၉) ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း
ရုံးပတီသီးမှာပါတဲ့ lectin isolatedက ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမှုကို ၆၃ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ပါတယ်။ အမျိုးသမီး ၈ဦးမှာ ၁ ဦးက ရင်သားကင်ဆာရောဂါကိုခံစားကြရပါတယ်။ နေ့စဉ်စားသုံးပေးမယ့် အစားအသောက်စာရင်းထဲမှာ ရုံးပတီသီးကိုထည့်ပေးမယ်ဆိုရင် ရင်သားကင်ဆာစံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာဖြစ်ပါတယ်။
(၁၀) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ခြင်း
ရုံးပတီသီးက ပန်းနာရင်ကျပ်ဝေဒနာသည်တွေအတွက်လည်း အကျိုးပြုပါသေးတယ်။ ဘာကြောင့်လဲဆိုတာတိတိကျကျမသိရသေးပေမယ့် ရုံးပတီသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်မှုက အသက်ရှူလမ်းကြောင်းအတွက် အထောက်အကူပြုတာဖြစ်တယ်လို့သိရပါတယ်။
ထက်ယမင်းဦး
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မထက်ယမင်းဦး
အားလုံး
ပရန္နဝါရွက်ရဲ့ဆေးဖက်ဝင်ပုံ
23/12/2021
ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
06/10/2021
ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
22/09/2021
ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
09/09/2021
ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု
17/12/2020