ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
Citrus Chlorotic Dwarf Disease (CCDD)သည် ရှောက် သံပရာအပင်များတွင် ကျရောက်သော ဗိုင်းရပ်ရောဂါဖြစ်ပါသည်။

ထိုရောဂါကြောင့် ရှောက် သံပရာပင်များတွင်အရွက်များ ရောင်မညီကွက်ကျားပုံစံဝါလာခြင်း၊ အရွက် များ တွန့်လိမ်ကာပုံစံပျက်လာခြင်း၊ အရွက်များနူထွတ်ကာ လိပ်တက်လာသောကြောင့်အညွန့်စားရှောက်ပင်များတွင်အရွက်ရောင်းပန်းမလှခြင်း၊ အပင်များသည်ခြုံပုံစံပုတိုတိုဖြစ်လာခြင်း၊ အသီးထွက်နှုန်းကျခြင်း၊ အသီးအရွယ်စားသေးလာခြင်းစသည်တို့ကိုဖြစ်စေပါသည်။
ရောဂါဖြစ်စေသောအဓိက အကြောင်းအရင်းမှာ ဗိုင်းရပ်စ်ပါသော မျိုးကိုင်းကို စိုက်ခြင်း၊ ရောဂါရှိကိုင်းကို ကိုင်းကူးကိုင်းဆက်လုပ်ခြင်းနှင့် ဗိုင်းရပ်စ်သယ်ဆောင်သော ယင်ဖြူ သို့မဟုတ် ပျ နှင့် အခြားစုပ်စားပိုးတစ်မျိုးမျိုး မိမိစိုက်ခင်းအတွင်း၌ရှိခြင်းကြောင့်ဖြစ်ပါသည်။
ဗိုင်းရပ်စ်ရောဂါ၏သဘာ၀အတိုင်း ကူးစက်ပါက အရှင်းပျောက်ကင်းအောင်ကုသရန်မလွယ်ပါ။ သို့သော် ရောဂါမဆိုးရွားစေရန်ပထမဦးစွာ ရောဂါကိုသတိပြုမိသည်နှင့် အခင်းလိုက်စိုက်ကာ ပင်ကြားတန်းကြားစိတ်သော အညွန့်စားရှောက်ပင်များတွင် ရောဂါဖြစ်သော အပင်ကိုဆွဲနှုတ်ကာဖျက်ဆီးပစ်ရပါမည်။
ဆွဲနုတ်ထားသောနေရာကိုထုံးမှုန့်ဖြူးခြင်း၊ ထုံးကန့်ဆေးရည်လောင်းခြင်းများ ပြုလုပ်ရပါမည်။ ထိုအပင်နှင့် နီးစပ်သည့်အပင်များကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်ရပါမည်။
ဆေးဖျန်းရန်အတွက်မူ ငါးဂါလန်ဆေးဖျန်းပုံးတစ်ပုံးလျှင် နွားနို့ သို့မဟုတ် ဒိန်ချဉ် 200 cc ခန့်ကို အရက်ဆီ ( 99.9% ethyl alcohol) 100 cc မှ 150cc ခန့်နှင့်ရောကာ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ဖျန်းပေးလျှင် နူထွတ်ခြင်း များစွာသက်သာကြောင်း ကိုယ်တိုင်လက်တွေ့လုပ်ကိုင်စမ်းသပ်ချက်များအရ သိရှိရပါသည်။
ရောဂါသယ်ဆောင်သောယင်ဖြူနှင့်ပျများကို ကာကွယ်ရန်အတွက် တမာဆီသုံးခြင်း၊ အဝါရောင်ကော်စေးထောင်ချောက်သုံးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
Plant virus ရောဂါကို ခုခံနိုင်မည့် နောက်တစ်နည်းသည် Anti Viral Proteins (ဗိုင်းရပ်စ်ဆန့်ကျင်ပရိုတိန်း) များပါသည့် အပင်များ၏အရည်ကို ဗိုင်းရပ်ရောဂါကျသော အပင်များတွင်ဖျန်းပေးခြင်း ဖြစ်ပါသည်။
သဘာ၀အရ နေကြာမျိုးနွယ်များ၊ စိန်ခြယ်များ၊ ကြက်ဆူ၊ ရွက်လှ ၊ ကစ်စမီ စသောအပင်များ၏ အစိတ်အပိုင်းများတွင် ဗိုင်းရပ်စ်ဆန့်ကျင်သည့်ဓာတ် များစွာပါ၀င်သဖြင့် ထိုအပင်များ၏ အပွင့်၊ အရွက်၊ အခေါက်များကို အစိမ်းတိုင်းကြိတ်ခြေ၍ ရေ၊ အရက်ဆီများရောကာလည်းကောင်း၊ ပြုတ်၍ရသော ပြုတ်ရည်ကို ရေရော၍ လည်းကောင်း ရောဂါကျသောအပင်များကို ဖျန်းပေးနိုင်ပါသည်။ စနစ်တကျဖျန်းပေးလျှင် ထိုအရည်များသည် ရောဂါကျနေသော အပင်၏ခုခံအားစနစ်ကို တိုးတက်စေကာ ရောဂါဒဏ်မှ နာလန်ပြန်ထူစေသည်ကို လက်တွေ့သိရှိရပါသည်။
ထို့ပြင် ဂျင်း၊ လေးညှင်း ၊ နနွင်းတို့ကိုပါ ရောပြုတ်ကာ ဖျန်းပေးလျှင် အာနိသင် ပိုမိုထိရောက်ပါသည်။ ဆေးဖျန်းရာတွင် ထိုအရွက်ပြုတ်ရေကို ငါးဂါလန်ပုံးလျှင် 150 cc ၊ ဂျင်းပြုတ်ရည် 50 cc ရောကာ ရေကို အပင်အရွယ်အစားနှင့်သက်တမ်းပေါ်မူတည်ပြီး အနည်းအများ ချိန်ဆကာဖျန်းနိုင်ပါသည်။ ဒိန်ချဉ်နှင့်အရက်ဆီကိုလည်း အထက်တွင်ဖော်ပြခဲ့သောအချိုးအတိုင်း ကြားရက်များတွင် ဖျန်းပေးနိုင်ပါသည်။
အချုပ်ဆိုသော် ရှောက်၊ သံပရာတွင်အဖြစ်များသော ဤဗိုင်းရပ်ရောဂါကို ကာကွယ်ရန် စတင်စိုက်ပျိုးသည့် အချိန်မှစ၍ ဗိုင်းရပ်စ်ခံနိုင်ရည်ရှိသောမျိုးကို ရွေးစိုက်ခြင်း၊ ကိုင်းကူးကိုင်းဆက်လုပ်သော ကိရိယာများကို စနစ်တကျပိုးသန့်ခြင်း၊ ရောဂါသယ်ဆောင်သော ပိုးမွှားများကို ကြိုတင်နှိမ်နင်းခြင်း၊ မိမိစိုက်ခင်းအခြေအနေကို အဆက် မပြတ် စောင့်ကြည့်ခြင်းတို့ကို သေချာစွာပြုလုပ်ပါက ဤရောဂါကျလာခဲ့လျှင်လည်း ဆိုးရွားသော ပျက်စီးဆုံးရှုံးမှုကိုကြုံတွေ့ရမည် မဟုတ်ကြောင်း ကိုယ်တိုင်လက်တွေ့စမ်းသပ်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများကို မှီငြမ်းကာ ရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်
လွန်ခဲ့သော ၃ နှစ် ကချွေလိုက်
သိန်းထိုက်အောင်
လွန်ခဲ့သော ၃ နှစ် ကhi
စံပယ်
လွန်ခဲ့သော ၄ နှစ် ကနှင်းဆီအရွက်လိပ်ရင် ဘာသုံးရမလည်းရှင့်
ဆက်စပ်မေးခွန်းများ
ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ
ဘိုဘို • ဖြေကြားချက် 1 ခု
(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေးေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ
aungsoe • ဖြေကြားချက် 2 ခု
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု
ဘိုစားပဲ တချို့အပင်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 2 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
Dar Gypt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from စုမြတ်မြတ်မိုး
အားလုံး