မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ပေါင်း ၅၀၀ ခန့်ရှိပြီး ထိုအထဲမှ မီးတောင် ၁၂၇ ခုဟာ သက်ဝင်နေတဲ့ မီးတောင် (Active Volcano) တွေဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ အင်ဒိုနီးရှားနိုင်ငံဟာ Pacific Ring of Fire လို့ ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာနားက ငလျင်တွေနဲ့ မီးတောင်တွေ အများဆုံးဖြစ်ပေါ်ရာ မြင်းခွာပုံ ဒေသမှာရှိလို့ပါ။
ကမ္ဘာကြီးရဲ့ မြေထုအောက်မှာ tectonic plate လို့ခေါ်တဲ့ ကျောက်ဖျာချပ်ကြီးတွေရှိပြီး အဲ့ဒီကျောက်ဖျာတွေက ရွေ့လျားပွတ်တိုက်မှုတွေကနေ ကျောက်ဖျာတစ်ချပ်အောက် တစ်ချပ်တိုးဝင်တဲ့ subduction လို့ခေါ်တဲ့ဖြစ်စဉ်ကို ဖြစ်စေတာပါ။ အဲ့လို တွန်းတိုက် တိုးဝင်တာတွေ၊ တစ်ချပ်နဲ့ တစ်ချပ်အပေါ်အောက်ဒေါင်လိုက်ရွေ့လျားတာတွေ၊ တစ်ချပ်နဲ့ တစ်ချပ်ဆန့်ကျင်ဘက်ကိုရွေ့တာတွေကနေ တောင်တန်းတွေ၊ မီးတောင်တွေ ၊ ငလျင်တွေနဲ့ သမုဒ္ဒရာချောက်တွေကိုပါ ဖြစ်လာစေတာပါ။ အင်ဒိုနီးရှားနိုင်ငံက အပေါ်ကပြောခဲ့တဲ့ Pacific Ring of Fire ရဲ့ ကျောက်ဖျာတွေအဓိက သက်ဝင်လှုပ်ရှားတဲ့ major active zone မှာရှိပါတယ်။ ဒါကြောင့် မီးတောင်တွေ ငလျင်တွေ ရဲ့ သက်ဝင်လှုပ်ရှားမှုကို အမြဲတမ်းခံရပါတယ်။
အဲ့ဒီ Pacific Ring of Fire Region မှာ ရှိတဲ့ တခြားနိုင်ငံတွေလည်းရှိပါတယ်။ အဲ့ဒါတွေက ဂျပန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ အမေရိကန်၊ မက္ကဆီကို၊ ပီရူး နဲ့ ချီလီ တို့ပဲ ဖြစ်ပါတယ်။
အခု ရက်ပိုင်းအတွင်းပေါက်သွားတဲ့ အင်ဒိုနီးရှားက Anak Krakatau မီးတောင်ဟာ စက်တင်ဘာလ (၄)ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာစတင်ပေါက်ကွဲခဲ့ပြီး ၂၅ နာရီကြာအောင် ချော်ရည်တွေ ပြာတွေ အားအပြင်းဆုံးပန်းထွက်ခဲ့ကာ အခုတော့ အားပျော့သွားပြီဟု ဆိုထားပါတယ်။ အဆိုပါ မီးတောင်ပေါက်ကွဲမှုနဲ့အတူ တခြားမီးတောင်သုံးခုကလည်း အချိန်တူစွာ ပေါက်ဖို့အားပြင်းတဲ့အနေအထားနဲ့ သက်ဝင်လှုပ်ရှားအနေထားမှာရှိခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန်တွေက ပေ ၅၀၀၀၀ အထိ အမြင့်နဲ့ ၄၀၀ ကီလိုမီတာ (မိုင် ၂၅၀) အထိ ပျံ့လွင့်ခဲ့ပါတယ်။ လေယာဉ်ပျံသန်းမှုခရီးစဉ်တွေလည်း ၃၀၀၀ နီးပါးရပ်တန့်ခဲ့ရပါတယ်။ ဒါပေမယ့် စက်တင်ဘာ (၈) ရက်နေ့ (အင်္ဂါ)မှာတော့ လေကြောင်းခရီးစဉ်တွေ ပြန်စတင်နေပြီလို့ သိရပါတယ်။
ဒီမီးတောင်အပြင် နောက်ထပ် မီးတောင် တစ်ခုဖြစ်တဲ့ Mount Semeru ကလည်း စက်တင်ဘာ ၆ ရက်နေ့မှာ ထပ်ပေါက်ခဲ့သလို တစ်ခြားမီးတောင်သုံးခုကလည်း အခုချိန်မှာ active အရမ်းဖြစ်နေတာကြောင့် အင်ဒိုနီးရှားဟာ တချိန်ထဲမှာ မီးတောင်တွေရဲ့ တစ်ပြိုင်ထဲ သက်ဝင်လှုပ်ရှားတာကို ခံနေရပါတယ်။
မီးတောင်တွေများတဲ့ဒေသမှာ ရှိတာကြောင့် အရမ်းစိုးရိမ်ရတာမျိုးမဟုတ်ပေမယ့် အချိန်တစ်ခုထဲနီးပါးမှာ အကုန်လုံးက ပေါက်ကွဲခဲ့ ပေါက်ကွဲမယ့် alert level ရှိခဲ့တာကြောင့် လေကြောင်းခရီးတွေနှောင့်နှေးခဲ့တာနဲ့ ခုချိန်ထိ သတိအနေအထားနဲ့နေရတာတော့အမှန်ပါ။
မီးတောင်တွေ ပေါက်ကွဲပြီးတဲ့ အချိန်မှာ သက်ရောက်မှုက ပြာမှုန်တွေလွင့်တဲ့ဒေသတစ်ဝိုက်ဟာ ဒေသတစ်ခုလုံး မှုန်ရီဝါးတားပြီး မြူဖုံးသလိုတွေဖြစ်ကုန်သလို အိမ်တွေ အပင်တွေမှာလည်း ပြာတွေအုပ်ပြီး pollution ဖြစ်စေပါတယ်။ လေထုညစ်ညမ်းမှု air pollution တွေလည်းဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ပန်းနာရင်ကြပ်၊ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေပါတယ်။
ဒါ့အပြင် မီးတောင်ချော်ရည်တွေ စီးဆင်းရာတောက်လျှောက်မှာရှိတဲ့ အပင်တွေ သစ်တောတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကိုပါ သေကြေစေခြင်း သို့ ရွေ့ပြောင်းစေခြင်းစတဲ့ ဂေဟစနစ်ကို ရေတိုမှာထိခိုက်စေပါတယ်။ ချော်ရည်ပူတွေဟာ မြစ်ချောင်းတွေထဲ ရောက်ရင်လည်း ရေစီးကြောင်းတောက်လျှောက်က ရေနေသတ္တဝါတွေနဲ့ အပင်တွေကို ထိခိုက်စေပါတယ်။
ရေရှည်အနေနဲ့ဆိုရင်တော့ မီးတောင်ပေါက်ကွဲရာဒေသတောက်လျှောက် မီးတောင်ချော်မြေတွေနဲ့ မီးတောင်ပြာတွေဟာ အပင်အတွက် များစွာအကျိုးပြုတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဖော့စရပ်၊ ကယ်ဆီယမ်၊ ပိုတက်ဆီယမ်တွေပါတဲ့အပြင် Andisol လို့ခေါ်တဲ့ မီးတောင်ချော်မြေတွေဖြစ်ပါတယ်။

#photo crd
မြန်မာနိုင်ငံမှာဆိုရင် ပုပ္ပါးတောင်ရှိတဲ့ မြင်းခြံခရိုင် ပုပ္ပါးဒေသနားမှာပဲတွေ့ရတဲ့ မြေအမျိုးအစားပါ။
မီးတောင်ပေါက်ပြီးအချိန်ကာလ ဆယ်စုနှစ်ကနေ ရာစုနှစ်ကြာတဲ့အခါ အဆိုပါမြေတွေဟာ စိုက်ပျိုးရေးအတွက်အရမ်းကောင်းမွန်တဲ့ မြေဆီမြေနှစ်ကိုဖြစ်စေတဲ့ Andisol မြေလွှာဖြစ်ပါတယ်။ ၎င်းဟာ ရေထိန်းစွမ်းအားကောင်းတာ၊ အမြစ်တွေဖွံ့ဖြိုးမှုအတွက်ကောင်းတာ၊ မြေသားဖွဲ့စည်းမှုကောင်းမွန်တာအပြင် အာဟာရကြွယ်ဝတဲ့ မြေသားကို ဖြစ်စေတာတွေကြောင့် မီးတောင်ဟောင်းရှိရာဒေသတွေဟာ သီးနှံစိုက်ပျိုးဖြစ်ထွန်းကြပါတယ်။
သတိပြုစရာကတော့ မီးတောင်ချော်မြေတွေကို လောလောလတ်လတ် အပင်တွေတွက်သုံးလို့မရပါဘူး။ ဆယ်စုနှစ်ကနေ ရာစုနှစ်ကြာမှသာ သဘာဝတရားက အလိုလို ပြောင်းလဲပေးပြီး ထိုဒေသတွေဟာ စိုက်ပျိုးရေးအတွက် အရေးပါတဲ့ ဒေသတွေဖြစ်လာတာပါ။ ချက်ချင်းအသုံးပြုမယ်ဆိုရင် အက်စစ်ဓာတ်များတာကြောင့် အပင်လောင်တာတွေ ဖြစ်စေပါတယ်။
ဒါကြောင့် လက်ရှိရဲ့ social media တွေမှာ နေရာယူထားတဲ့ မီးတောင်တွေအကြောင်း မီးတောင်ပေါက်ကွဲမှုတွေ အကြောင်းကို တင်ပြရင်း စိုက်ပျိုးရေးကဏ္ဍအတွက်လည်း မည်သို့မည်ပုံ သက်ရောက်မှုရှိကြောင်း တင်ပြလိုက်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from စုမြတ်မြတ်မိုး
အားလုံး