ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
ချဉ်စော်ကားသီးက မြန်မာပြည်မှာ ကချင်ပြည်နယ်ကထွက်တဲ့ အချဉ်သီးတစ်မျိုးဖြစ်ပါတယ်။ ချဉ်တဲ့အရသာရှိပြီး အသီးပုံကလုံးဝိုင်းကာ တချို့အသီးတွေကတော့ သစ်တော်သီးပုံစံရှိကြပါတယ်။ မူရင်းဒေသက အီရန်၊ တူရကီနဲ့ ဂရိလို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်ဘက်မှာ ပေါပေါများများထွက်တဲ့ချဉ်စော်ကားသီးကို ဝိုင်လုပ်တာတော့ လူတိုင်းလိုလို သိကြမယ်ထင်ပါတယ်။ အသီးလှိုင်လှိုင်ထွက်တဲ့ အောက်တိုဘာနဲ့နို၀င်ဘာမှာ ပေါများနေတဲ့အသီးတွေကို ဝိုင်နဲ့ယိုအပြင် ချဉ်စော်ကားသီးအသားခြောက်ပြုလုပ်ပုံလေးကို ဝေမျှပေးသွားပါ့မယ်။
အသားခြောက်လုပ်ပုံအဆင့်ဆင့်
- ပထမဦးစွာ အပင်ကခူးလာတဲ့ အသီးတွေကို အခွံခွာပါ။ အသီးအနေအထားသည် မပျော့လွန်း မမာလွန်းဘဲ အခွံက ရွှေရောင်သန်းချိန်ကို အသုံးပြုရပါမယ်။
- ခွာထားသောအသီးများကို အလယ်အူတိုင်နှင့်အစေ့များဖယ်ပစ်ကာ တစ်လက်မအရွယ်ခန့် အစိတ်များလှီးရပါမည်။
- ထို့နောက် သံပယိုရည်အနည်းငယ် ဆားအနည်းငယ်နှင့် သကြားအနည်းငယ်ထည့်ကာ ဖျော်ထားသောရေဇလုံတွင် အနည်းဆုံးရှစ်နာရီစိမ်ပေးရပါမည်။
- သံပယိုရည်ထည့်ခြင်းသည် အသီးများခြောက်သောအခါ အရောင်မညိုသွားစေရန်ဖြစ်ပြီးဆားနှင့်သကြားကိုမူ အရသာအတွက် ထည့်ရပါသည်။
- အချိုကြိုက်ပါက သကြားပိုထည့်နိုင်ပြီး အသီးသဘာ၀အရသာ မပျောက်လိုပါက သကြားလျှော့ထည့်နိုင်ပါသည်။
- သံပယိုရည်ကို အသီးပမာဏပေါ်မူတည်ပြီး ချိန်ဆထည့်ရပါမည်။ ဖျော်ရည်တစ်လီတာတွင် သံပယိုရည်စတီးဇွန်းနှစ်ဇွန်းခန့်နှုန်းဖြင့် ထည့်နိုင်ပါသည်။
- သံပယိုရည်အစား Sodawater (ဆိုဒါရည်)ကိုလည်း ထည့်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်မူ Sodawater ကို ready-made drink (အသင့်သုံးသောက်စရာ) အနေဖြင့် Pop Soda ဟူသောအမည်အဖြစ် ၀ယ်ယူနိုင်ပါသည်။
- ရှစ်နာရီစိမ်ပြီးနောက် အသီးဖတ်များကို ဇကာတွင်ရေစစ်ကာ နေပူလှန်းနိုင်ပါသည်။
- နေလှန်းရာတွင် စီးပွားဖြစ်ရောင်းချမည်ဆိုပါက နေရောင်ခြည်သုံးအခြောက်ခံရုံ(solar dome) ထဲတွင် ဆန်ကာများနှင့်စီထည့်ကာ အစိုဓာတ်ငါးဆယ်ရာခိုင်နှုန်းခန့်ချန်ကာ မစိုမခြောက် ခပ်တင်းတင်းအနေထားတွင် ပြန်ထုတ်ယူရပါမည်။ သို့မဟုတ် အခြောက်ခံစက် dehydrator တွင်ထည့်ကာ အခြောက်ခံနိုင်ပါသည်။
- စားကြည့်သောအခါအသီး၏အသားမှာမာကြွပ်နေခြင်းမျိုးမဟုတ်ဘဲတင်းတင်းအိအိနှင့်ချိုချိုချဥ်ချဉ်အရသာပေးစွမ်းပါသည်။အသီးခြောက်များကိုရောင်းချမည်ဆိုလျှင်လည်းလေလုံအိတ်များကိုလေစုပ်ထုတ်ကာ လှပစွာထုပ်ပိုး၍ရောင်းချနိုင်ပါသည်။
ချဉ်စော်ကားသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ချဉ်စော်ကားသီးစားသုံးခြင်းဖြင့်...
- အမျှင်များစွာပါသောကြောင့် ဝိတ်ကျစေခြင်း၊
- antioxidant များ ပါခြင်းကြောင့် အရွယ်တင်စေခြင်း၊
- အူလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေခြင်း၊
- အစာအိမ်ပြည်တည်နာကို သက်သာစေခြင်းများအပြင် ကိုယ်၀န်ဆောင်များတွင်ဖြစ်တတ်သောအော့အန်ခြင်းကိုသက်သာစေခြင်း
စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
အဲ့ဒီလိုမျိုး ကျန်းမာရေးအကျိုးများလှတဲ့ ချဉ်စော်ကားသီးတွေကို အခုလိုချိုချဉ်အရသာ အသားခြောက်ပြုလုပ်ပြီး တန်ဖိုးမြင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်အသုံးချနိုင်ဖို့ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်တာဖြစ်ပါတယ်နော်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 0 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 0 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from စုမြတ်မြတ်မိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....