အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)

ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)

ယခုလိုပူတဲ့နွေရာသီမှာ မြန်မာနိုင်ငံမှာကြံရည်သောက်သူပေါများလှပါတယ်။ ကြံရည်ကြိတ်ပြီးပိုတဲ့ကြံကြိတ်ဖတ်တွေကိုတော့ ပြန်လည်အသုံးချခြင်းနည်းပါးတာ တွေ့ရပါတယ်။

ကြံကြိတ်ဖတ်ကိုပျော့ဖတ်တွေ ကတ်ထူတွေလုပ်ရာမှာသုံးသလို စိုက်ပျိုးရေးမှာလည်းမြေဆွေးပုံတဲ့နေရာမှာသုံးလို့ရပါတယ်။ နောက်တစ်နည်းအနေနဲ့အသုံးချမှုကတော့ ဘိုင်အိုချားလို့ခေါ်တဲ့ စိုက်ပျိုးရေးမှာ အသုံး၀င်လှတဲ့အရာ တစ်နည်းပြောရရင် အော်ဂဲနစ်မြေဩဇာလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ဘိုင်အိုချားကို စပါးခွံကနေ လုပ်ယူလို့ရတာတော့သိကြပြီး စပါးခွံမီးသွေးလို့ခေါ်တဲ့ ဒီဇီ၀မြေဩဇာဟာ အပင်တွေအတွက်သာမက မြေသားအတွက်ပါ ကောင်းမွန်တာကိုတော့ သိသူတွေသိကြမှာပါ။ ဒါပေမဲ့ ကြံကြိတ်ဖတ်ကို ဘိုင်အိုချားလုပ်လို့ရတာတော့ သိသူနည်းပါးသေးလို့ ဖော်ပြပေးလိုက်ပါတယ်။

သင့်ဒေသမှာကြံကြိတ်ဖတ်တွေပေါများစွာရပြီး အလေလွင့်ဖြစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပြုလုပ်အသုံးချခြင်းက အကျိုးများစွာ ရှိစေပါလိမ့်မယ်။ 

ကြံကြိတ်ဖတ်ဘိုင်အိုချားလုပ်ရန်

၁။ ကြံကြိတ်ဖတ်များ

၂။ ဆီတိုင်ကီ အလွတ်တစ်ခု

၃။ သံပုံးတစ်ခု

၄။ မီးခိုးခေါင်းတိုင်

၅။ သံဂေါ်ပြား တို့ လိုပါတယ်။

  • ပထမဦးစွာ မီးခိုးခေါင်းတိုင်လုပ်ရန် သံပုံးကိုမှောက်ပြီး အောက်ခြေကျောဘက်နေရာတွင်ခေါင်းတိုင်ပြွန်ထွက်ရန် အပေါက်ဖောက်ပါ။
  • ထို့နောက် သံပုံး၏ဘေးဘက်များတွင်အကွာဝေးတူညီသောအပေါက်ငယ်များဖောက်ရပါမည်။
  • ခေါင်းတိုင်ပြွန်အတွက် ၅ပေခန့် သံပိုက်ရှည်တစ်ချောင်းကို ပြွန်ထွက်ပေါက်ဖောက်ထားသောနေရာနှင့်ဆက်ပါ။ (သံဆိုင်များတွင်နမူနာပြပြီး အပ်လည်းရပါသည်။)
  • ရလာသောမီးခိုခေါင်းတိုင်နှင့်သံပုံးအိမ်သည် မီးရှို့ရန်‌သုံးရမည့်အရာ ဖြစ်ပါသည်။
  • ထို့နောက် ကြံကြိတ်ဖတ်များကို နွားစာစဉ်းစက်နှင့် အဖတ်ငယ်များရအောင်စဉ်းပါ။
  • ဆက်၍ မီးခိုးခေါင်းတိုင်အိမ်ထဲတွင်ကောက်ရိုးနှင့် လောင်စာအနည်းငယ်ထည့်ပါ။ 
  • ထို့နောက် ထိုခေါင်းတိုင်ကို ဆီပီပါအလွတ်ထဲပြောင်းထည့်ကာမီးကိုခေါင်းတိုင်မှချပါ။
  • မီးစွဲ၍မီးခိုးများခေါင်းတိုင်ထိပ်၀မှ ထွက်လာပါက ဆီပီပါအလွတ်ထဲသို့စဉ်းထားသောကြံဖတ်များထည့်ပါ။
  • မီးခိုးများသည်အမည်းရောင်မှပြာလဲ့လဲ့အရောင်သို့ ပြောင်းကာ ပီပါထဲတွင်တမြည့်မြည့်လောင်မည်ဖြစ်ပါသည်။
  • မီးသည်ခေါင်းတိုင်အပြင်သို့မထွက်ဘဲ အတွင်း‌၌သာ လေမဲ့အခြေအနေ(pyrolysis) လောင်ပြီးနောက် ကြံဖတ်များသည်ခေါင်းတိုင်အပူကြောင့်မီးသွေးအသွင်ပြောင်းလာမည်ဖြစ်ပါသည်။
  • ထိုကြံကြိတ်ဖတ်များကို လောင်ပြီးသည်နှင့်မလောင်သေးသည်များကို သတိထား‌၍မွှေပေးရပါမည်။ (သတိပြုရန်မှာဘိုင်အိုချားလုပ်ရာတွင်ပြာအဖြစ်သို့ရောက်၍မရပါ)
  • ကြံဖတ်အားလုံးအမည်းရောင်‌ပြောင်းသွားပါကခေါင်းတိုင်ကိုထုတ်ပစ်ရန်လိုပြီးကြံဖတ်များကိုလည်းဆက်မလောင်စေရန် ရေဖျန်းပေးရပါမည်။ 
  • ရရှိလာသော ဘိုင်အိုချားကို အအေးခံကာ အပင်များအတွက် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ 

ဘိုင်အိုချားတွင်ကာဗွန် ၄၀ ရာခိုင်နှုန်းခန့်ပါ၀င်ကာ မြေဆီလွှာတွင် အက်ဆစ်ဓာတ်များခြင်းကို လျော့နည်းစေပါသည်။ 

ဘိုင်အိုချားကို အဏုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ပါကချိုင့်ခွက်များတွေ့ရမည်ဖြစ်ပြီး ထိုအရာများက ရေကို ဖော့တုံးသဖွယ်စုပ်ယူထားနိုင်၍ မြေဆီလွှာ၏ရေထိန်းစွမ်းအားကို ကောင်းစေပါသည်။ ထိုချိုင့်ခွက်ငယ်များတွင် မြေသားကိုအကျိုးပြုသောမိုက်ခရုပ်ပိုးမွှာများနေနိုင်သဖြင့် မြေသား၏အစွမ်းကိုတက်စေပါသည်။ ထို့ပြင် ထိုအပေါက်ငယ်များသည် မြေသားထဲရှိ အာဟာရများကိုစုပ်ယူကာ အပင်လိုအပ်သောအချိန်တွင် ပြန်လည်ပေးစွမ်းသောကြောင့် အပင်ကိုကျန်းမာသန်စွမ်းစေပါသည်။ ထို့ပြင်မြေသားထဲရှိအကျိုးပြုမိုက်ခရုပ်ပိုးများ ရှိခြင်းက အပင်ကို အချို့သော ရောဂါဖြစ်စေသော အရာများမှ ကာကွယ်ပေးပါသည်။

ရေရှားပါးလာသော ယနေ့‌ခေတ်တွင် အပင်သို့လောင်းလိုက်သောရေများ လွယ်လွယ်နှင့် အငွေ့မပျံနိုင်အောင်ဘိုင်အိုချားထည့်သုံးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။

မိမိတို့သုံးမည့်မြေဆွေးနှင့်ဘိုင်အိုချားရော‌၍လည်းကောင်း၊ မစိုက်မီမြေသားတွင် ထည့်ကာ မြေပြင်ခြင်းဖြင့်လည်းကောင်း သုံးကာ ကုန်ကျစရိတ်သက်သာစွာ မြေသားကိုအာဟာရပြည့်အောင်ကျွေးပြီး ကျန်းမာသန်စွမ်းသောအပင်များကို စိုက်ပျိုးနိုင်စေရန် ရေးသားလိုက်ရပါသည်။

ref: https://youtu.be/V66OpfCholw

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

စပါးကျဲခင်း၁၀ရက်သားဘယ်​ပေါင်းသက်​ဆေးသုံးရမလဲ။

u win zaw • ဖြေကြားချက် 1 ခု

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်

ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား

ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။