ရောဂါလား ဆေးလောင်တာလား မခွဲတတ်လို့ပါဗျ (copper oxychloride ကိုတော့ ၁၅ ရက်သား ၂၀ ရက်သား ၁ လသားမှာ ဖျန်းထားပါတယ်ဗျ)
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၄၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
ပုံပါ ကွမ်းရွက်များတွင် ညိုမဲသောအဝိုင်းကွက်များနှင့် အဝါရောင်အနားရစ်များ တွေ့ရသဖြင့် ဘတ်တီးရီးယား ဆီစွန်းရောဂါ ကျရောက်နေတာပါ။ မေးခွန်းရှင် ပြုလုပ်သကဲ့သို့ Copper Oxychloride ဆေးကို (၁၅) ရက်မှ (၁) လအထိ အချိန်ဆွဲပြီးမှ ဖြန်းခြင်းသည် ရောဂါကို မတားဆီးနိုင်ပါဘူး။ ထိရောက်စေရန် ရောဂါပြင်းထန်ချိန်တွင် (၇) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ် ဖြန်းပေးရပါမယ်။ ရောဂါရရွက်များကို ဖယ်ရှားမီးရှို့ပြီး ပိုမိုထိရောက်စေရန် ပင်လုံးပြန့်ဆေးများနှင့်စနစ်တကျ အလှည့်ကျဖြန်းပေးသင့်ပါတယ်။ ဆေးဖြန်းပြီးနောက် အနည်းဆုံး (၇) ရက်မှ (၁၄) ရက်အတွင်း ကွမ်းရွက်ကို လုံးဝ (လုံးဝ) ခူးဆွတ်စားသုံးခြင်း မပြုရန်သတိပြုပါခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာကြောင့် ဖြစ်တာလဲဗျ တော်တော်များတယ် ဘာဆေးသုံးရမလဲ ဖြေပေးပါအုံး
ဖြေကြားချက် 2 ခု
ခုနောက်ပိုင်း 16 ပါတ်လည်ဓာတ်မြေဩဇာတွေရှာဝယ်လို့မရတော့ဘူး 16ပါတ်လည်ဓာတ်မြေဩဇာ အစား ဘာဆေးကျွေးရင်ရလဲဗျ ကျေးဇူး...
ဖြေကြားချက် 3 ခု
ကွမ်းပင်ရဲ့ ကွမ်းရွက်မှာ အနိကြောတွေဖြစ်နေလို့ဗျ ဘာဖြစ်တာလည်းမသိလို့ ပိုးကြောင့်လား ရောဂါကြောင့်လား ဘာဆေးသုံး...
ဖြေကြားချက် 3 ခု
အစိုဓာတ်များပြီးစမ်းကိုင်နေတဲ့မြေကိုကျောက်မှုန့်သုံးရင်အဆင်ပြေနိုင်လား
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲသိပါရစေ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။