အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,043
လွန်ခဲ့သော ၉ နာရီ က · ချောက်

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ

စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်တစ်ပိဿာ ၅,၀၀၀ ကျပ် စံချိန်တင်ဈေးရရှိချိန်မှာ အပင် ၅၀၀ ကနေ ဒုတိယပတ်အတွင်း ၄၈ ပိဿာ ခူးဆွတ်နိုင်ပြီး၊ စုစုပေါင်း ပိဿာ ၃၀၀ မှ ၄၀၀ ကြား ထွက်ရှိဖို့ သေချာနေတာဟာ ဒေသနဲ့ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုကြောင့် ဖြစ်ပါတယ်။ လက်ရှိရရှိထားတဲ့ အသီးအောင်မြင်မှု အခြေအနေကို ရေရှည်ထိန်းထားနိုင်ဖို့နဲ့ နောက်ထပ် အထွက်နှုန်း မကျစေဖို့အတွက် ပိုတက်စီယမ်နဲ့ ကယ်လ်ဆီယမ်-ဘိုရွန် အာဟာရဓာတ်ကို ဆက်လက်ဖြည့်တင်းပေးရန် လိုအပ်သလို၊ အသီးကွဲခြင်းမှ ကာကွယ်ရန် ရေသွင်းခြင်းကို မျှတစွာ ဂရုစိုက်ရပါမယ်။ အပင်သက်တမ်း အဆုံးအထိ ဈေးကောင်းမိပြီး အမြတ်အစွန်း ပိုမိုရရှိစေဖို့ လက်ရှိအပင်တွေမှာ ပိုးမွှားနဲ့ မှိုရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်း ရှိမရှိ အမြဲစောင့်ကြည့်စစ်ဆေးပါခင်ဗျာ

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၅ နာရီ က

ခရမ်းချဉ်ပင် အသီးအပွင့် အားကောင်းစေရန်အတွက် ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင် နိုက်ထရိုဂျင်ဓာတ်ကို လျှော့ချပြီး ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော NPK 8-24-24 သို့မဟုတ် 10-26-26 ဓာတ်မြေသြဇာကို သုံးစွဲရပါမယ်။ ထို့ပြင် ဝတ်မှုန်ကူး အောင်မြင်ပြီး အပွင့်ကြွေခြင်းမှ ကာကွယ်ရန် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) အရွက်ဖျန်းဆေးကို မဖြစ်မနေ ဖျန်းပေးသင့်ပါတယ်။ အပင်ဟော်မုန်းအနေဖြင့် ပင်လယ်ရေမှော်ဆေး (Seaweed Extract) ကို အသုံးပြုနိုင်ပြီး အပင်ခွန်အားပြည့်စေရန် အမိုင်နိုအက်ဆစ်ကိုလည်း ဖျန်းပေးနိုင်ပါတယ်။ ဆေးအပြင် အပွင့်ပွင့်ချိန်တွင် ရေကို ပုံမှန်နှင့် မှန်မှန်ပေးသွင်းရန်လည်း အထူးလိုအပ်ပါတယ်။

ဦးနေအောင်
ဦးနေအောင် 25 လွန်ခဲ့သော ၅ နာရီ က

ခရမ်းချဉ်ကိုအသီးအပွင့်အားကောင်းအောင်ဘာဆေးသုံးရမလည်းဗျာ့

U Yan
U Yan 10,043 လွန်ခဲ့သော ၆ နာရီ က

ဟုတ်ဆရာကျေးဇူးအထူးပါခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။