အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုလတ်
လွန်ခဲ့သော ၁၄ နာရီ က

ဆရာတို့ခင်ဗျာ ကျနော့မြေပဲခင်းမှာ စစိုက်ပြီး ၁၅ရက်သားတစ်ကြိမ် ၂၂ရက်သားမှာ တစ်ကြိမ် ပိုးက မ နိုင်တာ ၁လသားအရမှာ ပုံပါဆေးကို ၁ဇွန်းခွဲ ထည့်ပက်ထားတာ(ဆေးညွှန်းမှာ၁၀-၂၀စီစီ ထည့်ရန် ညွှန်းထား) ဆေးပက်ပြီး ၅ရက်အကြာမှာ ယာခင်းရဲ့ ၈၀%လောက် တော့ ရှင်းပြီး ကျန်တာက အဲ့အတိုင်းဖြစ်နေတာ ​ပေါင်းဆွယ်ပွင့်က စ နေပြီမို့ ​မြေပဲပင် ကြီးထွားမှုထိခိုက်မှာစိုးလို့ ကျနော် အဲ့ဒီဆေးပဲ သုံးရင်ရလား တခြားဆေး ပြောင်းသင့်လား ကျနော့် အကြံလေးတေ ပေးကြပါဦးခင်ဗျာ

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

AungNaingWin
AungNaingWin 72 လွန်ခဲ့သော ၂ နာရီ က

Emamectin Benzoate + indoxacarb သုံးပါ မာဃမင်းကဆို ပရိုသိုင်း သုံးကြည့်ပါ

သော်ဇင်
သော်ဇင် 456,894 လွန်ခဲ့သော ၃ နာရီ က

@ငြိမ်းချမ်း ကျော် Fbက VPN ခံရခက်လို့ အမြဲမသုံးဖြစ်ပါဘူးခင်ဗျာ။ အစိမ်းရောင်လမ်း Appမှာလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ငြိမ်းချမ်း ကျော်
ငြိမ်းချမ်း ကျော် 873 လွန်ခဲ့သော ၃ နာရီ က

Fb. acc ပေးပါလားအကိုသော်ဇင်ခင်ဗျ့

သော်ဇင်
သော်ဇင် 456,894 လွန်ခဲ့သော ၃ နာရီ က

@ကိုလတ် Emamectin Benzoate + Chlorantraniliprole ဒီဆေးက လက်ကျန်ရှိသေးတယ်ဆိုရင်တော့ ဆေးအသစ်မဝယ်လည်းရပါတယ်။

သော်ဇင်
သော်ဇင် 456,894 လွန်ခဲ့သော ၃ နာရီ က

@ကိုလတ် လက်ရှိမြေပဲခင်းတွင် ကျရောက်နေသော ပိုးမှာ မြေခဲကြားပုန်းအောင်းပြီး ညဘက်ထွက်စားလေ့ရှိသည့် ငမြှောင်တောင်ပိုး (သို့မဟုတ်) ရွက်စားခူကောင် ဖြစ်ပါတယ်။ ယခုအသုံးပြုနေသော ဆေးကို ညွှန်းထားသည်ထက် ပိုထည့်ဖျန်းသော်လည်း ၈၀% သာ သေဆုံးသဖြင့် ဆေးယဉ်ပါးနေပြီ ဖြစ်သောကြောင့် ထပ်မသုံးသင့်တော့ပါဘူး။ ဆေးအဆပိုထည့်ပါက စွယ်ချနေပြီဖြစ်သော မြေပဲပင်ကို အပူလောင်စေပြီး ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။ Emamectin Benzoate + Chlorantraniliprole ဆေးသည် အာနိသင်အလွန်ကောင်းမွန်သော်လည်း အကောင်ကြီးလွန်းပြီး အရေခွံထူနေသော ငမြှောင်တောင်ပိုးများ ကျန်ရှိနေပါက ယင်းဆေးကို ထပ်မံအဆပိုမဖျန်းသင့်ပါဘူး။ ဆေးအုပ်စုတူကို ဆက်တိုက်ဖျန်းပါက ပိုးများ ဆေးယဉ်ပါးသွားနိုင်သလို စွယ်ချချိန်တွင် အပင်ကိုလည်း အပူလောင်စေနိုင်ပါတယ်။ ထို့ကြောင့် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အာနိသင်လမ်းကြောင်း မတူညီသော Indoxacarb သို့မဟုတ် Spinetoram အုပ်စုဝင် ပိုးသတ်ဆေးသို့ အလှည့်ကျ ပြောင်းလဲကာ စွဲကပ်ဆေးရော၍ ညနေ ၅ နာရီနောက်ပိုင်းတွင်သုံးစွဲလေ့ရှိတယ်။ ထို့အပြင် မြေကြီးထဲ ပုန်းအောင်းနေသော ပိုးကောင်များကို ထိမိစေရန် အပင်ခြေနှင့် မြေကြီးပေါ်သို့ပါ ဆေးရည်စိုရွှဲအောင် ဖျန်းပေးလေ့ရှိတယ်။

ကိုလတ်
ကိုလတ် 521 လွန်ခဲ့သော ၁၂ နာရီ က

၂၀ စီစီ ၁၅ စီစီ ထည့်ဖျန်းရမလား ဘယ်အခချိန် ပက်သင့် လည်း ကျနော် က ညနေ ၃ခွဲလောက်ဆို ဖျန်းတယ် တချို့က ည သွားပက်တာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,196 လွန်ခဲ့သော ၁၂ နာရီ က

တကြိမ်ပဲ ဖျန်းသေးတာဆိုရင်၊ ကော်ရည် ထည့်ပြီး နောက်တကြိမ် ဝင်နိုင်ပါသေးတယ်။နုန်းထားလျော့လို့တော့မရဘူး။ညနေချိန်ဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။