ပီလောပီနံကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး(၇)ချက်
ပီလောပီနံ က ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ကောင်းပါတယ်။ ဒီလိုစားကောင်းတဲ့ ပီလောပီနံက ဘယ်လို ကျန်းမာရေး အာနိသင်တွေရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ပီလောပီနံ ဆိုတာ
ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။ အညိုရောင်ရင့်ရင့်အခွံရှိပြီး အဖြူရောင်အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိကနဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသအများစုမှာလည်း ပေါက်ရောက်ပါတယ်။
ပီလောပီနံမှာ ဘာတွေပါ
ပီလောပီနံမှာ ပြည့်ဝဆီပါဝင်မှုနည်းသလို ကိုလက်စထရောနဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း ပါဝင်ပါတယ်။
အခြား အာဟာရဓာတ်တွေအနေနဲ့ ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိ့၊ ကယ်လ်ဆီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။
ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ပီလောပီနံကို စားပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေတယ်
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ဆိုရင် ပီလောပီနံ စားပေးလို့ရပါတယ်။ ပီလောပီနံမှာ နေ့စဉ်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏရဲ့ ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေချင်တယ်ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။
မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
လေ့လာမှုတွေအရ ပီလောပီနံမှာ ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မပါစေဖို့ ကာကွယ်ပေးနိုင်မှာပါ။
အစာကြေစေနိုင်တယ်
ပီလောပီနံမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။ လေပွတာ၊ အစာအိမ် နာတာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။
နောက်ထပ် အားသာချက်တစ်ခုက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ပရိုတင်း ပြည့်ဝစေပါတယ်
ပရိုတင်းက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရပါ။ ပီလောပီနံမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဖွံ့ဖြိုးစေသလို ကြီးထွားစေပါတယ်။ အနာကျက်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။
အရိုးတွေ သန်မာစေတယ်
ပီလောပီနံမှာ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ကယ်လ်ဆီယမ်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရိုးတွေက အသက်အရွယ်ရတာနဲ့အမျှ အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ အသက်ရလာတာနဲ့အမျှ အရိုးထဲက သတ္တုဓာတ်တွေ ကျဆင်းလာတာကြောင့်ပါ။ ဒါကြောင့် အသက်အရွယ်ရလာလည်း အရိုးသန်မာစေဖို့ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။
အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ကာကွယ်ပေးတယ်
ဗီတာမင် K ပါဝင်နေတာက အရိုးတွေကိုတင် ကျန်းမာစေတာမဟုတ်ပါဘူး။ စိတ်ကိုပါ ကျန်းမာစေပါတယ်။ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတာကြောင့် အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
ပီလောပီနံမှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ပီလောပီနံမှာ ပိုတက်ဆီယမ် နဲ့ အခြားပါဝင်နေတဲ့ သတ္တုဓာတ်တွေက သွေးကြောတွေရဲ့ တင်းအားကိုလျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
hello ဆရာဝန် website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
မောင်မောင်
လွန်ခဲ့သော ၃ နှစ် ကပီလောပီနံဥ အခွံပါစားပါကဆိုးကြိုးတွေဖြစ်နိုင်ပါသလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026