သဘာဝနည်းလမ်း ဖြင့် စိုက်ပျိုးခြင်း နည်းပညာ ဟောပြောပွဲ
Myanmar Nature Farming Network (MNFN) မှ ကြီးမှူး၍ နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်သော သဘာဝ နည်းလမ်းဖြင့် စိုက်ပျိုးခြင်း (Nature Farming) နည်းပညာ ဟောပြောပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့လည် ၁၂နာရီ တွင် ရန်ကုန်မြို့၊ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ Central Hotel တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါ သဖြင့် မည်သူ မဆို လာရောက် နိုင်ပါကြောင်း MNFN မှ ဖိတ်ကြား ထားပါ သည်။
Myanmar Nature Farming Network (MNFN) ဆုုိသည္မွာ
Multi Agri Development Association မှ ကြီးမှူး၍ ဂျပန်နိုင်ငံ မှ International Nature Farming Research Centre (INFRC) ၏ အကူအညီဖြင့် Myanmar Nature Farming Network (MNFN) ကို ထူထောင်ထားပါသည်။
ရှေ့ပြေး အစီအစဉ် အနေဖြင့် ဂျပန်နိုင်ငံမှ Nature Farming Expert တစ်ဦး မြန်မာပြည်တွင် (၃) နှစ်ကြာ လာရောက် နေထိုင်၍နည်းပညာ အကူအညီများ ပံ့ပိုး ပေးသွားမည် ဖြစ်ပါသည်။ ထို့နောက် INFRC မှ မြန်မာနိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ပါသည်။
နည်းပညာ လေ့လာ နိုင်ရန် ဂျပန် အကူ အညီ ဖြင့် မှော်ဘီတွင် စံပြ စိုက်ခင်း တစ်ခု ဆောင်ရွက် သွား မည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သိလိုသည် များကို နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင် များနှင့် ကိုယ်တိုင် လာရောက် တွေ့ဆုံ၍ ဖြစ်စေ၊ online မှ ဖြစ်စေ တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆောင်ရွက် သွားပါမည်။ Website forum တစ်ခုလည်း ပြုလုပ် ထားမည် ဖြစ်ပါသည်။ အသင်း၏ vision, mission and activities များကို website တွင် ဖေါ် ပြပေး ထားပါမည်။
MNFN Steering Committee ကို အောက်ပါ အတိုင်း ဖွဲ့စည်း ထားပါသည်။
၁။ ဒေါက်တာစောလွင် (မြန်မာနိုင်ငံပန်းအသင်း) ဥက္ကဌ
၂။ ဦးညဏ်လင်း (ရှမ်းမောမြေ၊ သြဂဲနစ်သွင်းအားစု ထုတ်လုပ်ရေး) ဒု ဥက္ကဌ
၃။ ဒေါ်လဲ့လဲ့ဦး (မာလာမြိုင် ကုမ္ဗဏီလိမိတက်) ဒ ုဥက္ကဌ
၄။ ဒေါက်တာခင်မောင်ဝင်း ( Jaguco Co., EM production) ဒု ဥက္ကဌ
၅။ ဒေါက်တာခင်လေးဆွေ (အငြိမ်းစား ဒု ပါချုပ်၊ Green Growth Generation Co.) အဖွဲ့ဝင်
၆။ ဒေါက်တာခင်မောင်လွင် (FAME, ဆေးဝါးထုတ်လုပ်ရေး) အဖွဲ့ဝင်
၇။ ဦခင်မောင်ဝင်း (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း) (REAM) အဖွဲ့ဝင်
၈။ ဒေါက်တာနန်းဖေါက်ဆိုက် (Rise Trade International Trading Co.,Ltd) အဖွဲ့ဝင်
၉။ ဒေါက်တာမြင့်လွင် (အငြိမ်းစားပါမ္ခော၊ မြန်မာ့စိုက်ပျိုးအားမာန်အသင်း) အတွင်းရေးမှူး
အဖွဲ့ဝင်များအား ဖိတ်ခေါ်
သို့ပါ၍ Nature Farming/ Organic Farming/ Chemical Free farming/ GAP farming (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း အားလုံး အကျုံးဝင် ပါသည်) လုပ်ကိုင် နေသူများ၊ ၎င်းပစ္စည်းများ ရောင်းဝယ် ဖေါက်ကား နေသူများ၊ စားသုံး နေသူများ၊ နည်းပညာ လေ့လာလို သူများ နှင့် စိတ်ဝင်စား သူများ အားလုံးကို အသင်းတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ် အပ်ပါသည်။
MNFN တွင် အသင်းဝင်ခြင်း
အီးမေးဖြင့် အသင်းဝင်လိုလျှင် ဦးခွန်ထွန်းငွေ၊ [email protected]. ထံတွင် အောက်ပါ ပုံစံကို ဖြည့်၍အသင်းဝင် နိုင်ပါသည်။ အီးမေးဖြင့် အသင်းဝင်လျှင် Associate member အဖြစ် လက်ခံ ထား မည် ဖြစ်ပြီး၊ အသင်း ဝင်ကြေး ၃၀၀၀ ကျပ် သွင်းပြီး လျှင် အသင်းသား ဖြစ်မည် ဖြစ်ပါသည်။
အမည်
အသက်
မှတ်ပုံတင်အမှတ်
အလုပ်အကိုင်
အဖွဲ့အစည်း/ ကုမ္မဏီ
အီးမေးနှင့် ဖုန်းနံပါတ်
လုပ်ငန်းတည်နေရာ/နေရပ်လိပ်စာ
စိတ်ဝင်စားသော/ လက်တွေ့လုပ်ကိုင်နေသော Nature Farming နှင့်ပတ်သက်သည့် လုပ်ငန်း
ဥပမာ- သဘာဝ နည်းဖြင့် ငါးမွေးမြူခြင်း ကို စိတ်ဝင် စားပါသည်။ သြဂဲနစ် စပါး စိုက်ပျိုးရေး ဆောင်ရွက် နေပါသည်။ ဓါတု ကင်းလွတ် ကြက်မွေးမြူရေး ဆောင်ရွက် လိုပါသည်။
ကိုယ်တိုင် လာရောက် အသင်းဝင် လိုလျှင် ဦးခွန်ထွန်းငွေ နှင့် ဆက်သွယ် ၍ရုံးတွင် လာရောက် အသင်းဝင် နိုင်သည့်အပြင် ဟောပြောပွဲ နေ့တွင်လည်း လာရောက်၍လေ့လာ ဆွေးနွေးပြီး အသင်းဝင် နိုင်ပါသည်။
ဆက်သွယ်ရန်
အသေးစိတ် အချက် အလက် များ သိလိုလျှင် ဒေါက်တာမြင့်လွင် ( ၀၉၇၃၁၉၇၅၀၁ ။ e-mail: [email protected]) သို့ဖြစ်စေ ဦးခွန်ထွန်းငွေ Admin Officer (၀၉၂၅၀၁၆၈၈၂၈၊ e-mail: [email protected]) သို့ ဖြစ်စေ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ အသင်း အကြောင်းသိလိုလျှင် admin officer ထံတွင် လည်း အီးမေးဖြင့် စုံစမ်း နိုင်ပါသည်။
Photo reference: http://lornali.com/wp-content/uploads/2009/09/10-best-green-social-netwo...
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026