သဘာဝနည်းလမ်း ဖြင့် စိုက်ပျိုးခြင်း နည်းပညာ ဟောပြောပွဲ

24/04/2018 18:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Myanmar Nature Farming Network (MNFN) မှ ကြီးမှူး၍  နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်သော သဘာဝ နည်းလမ်းဖြင့် စိုက်ပျိုးခြင်း (Nature Farming) နည်းပညာ ဟောပြောပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့လည် ၁၂နာရီ တွင် ရန်ကုန်မြို့၊ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ Central Hotel တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါ သဖြင့် မည်သူ မဆို လာရောက် နိုင်ပါကြောင်း MNFN မှ ဖိတ်ကြား ထားပါ သည်။

Myanmar Nature Farming Network (MNFN) ဆုုိသည္မွာ

Multi Agri Development Association မှ ကြီးမှူး၍ ဂျပန်နိုင်ငံ မှ International Nature Farming Research Centre (INFRC) ၏ အကူအညီဖြင့် Myanmar Nature Farming Network (MNFN) ကို ထူထောင်ထားပါသည်။

 ရှေ့ပြေး အစီအစဉ် အနေဖြင့် ဂျပန်နိုင်ငံမှ Nature Farming Expert တစ်ဦး မြန်မာပြည်တွင် (၃) နှစ်ကြာ လာရောက် နေထိုင်၍နည်းပညာ အကူအညီများ ပံ့ပိုး ပေးသွားမည် ဖြစ်ပါသည်။ ထို့နောက် INFRC မှ မြန်မာနိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

နည်းပညာ လေ့လာ နိုင်ရန် ဂျပန် အကူ အညီ ဖြင့် မှော်ဘီတွင် စံပြ စိုက်ခင်း တစ်ခု ဆောင်ရွက် သွား မည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သိလိုသည် များကို နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင် များနှင့် ကိုယ်တိုင် လာရောက် တွေ့ဆုံ၍ ဖြစ်စေ၊ online မှ ဖြစ်စေ တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆောင်ရွက် သွားပါမည်။  Website forum တစ်ခုလည်း ပြုလုပ် ထားမည် ဖြစ်ပါသည်။ အသင်း၏ vision, mission and activities များကို website တွင် ဖေါ်  ပြပေး ထားပါမည်။ 

MNFN Steering Committee ကို အောက်ပါ အတိုင်း ဖွဲ့စည်း ထားပါသည်။

၁။ ဒေါက်တာစောလွင် (မြန်မာနိုင်ငံပန်းအသင်း)                                                   ဥက္ကဌ

၂။ ဦးညဏ်လင်း (ရှမ်းမောမြေ၊ သြဂဲနစ်သွင်းအားစု ထုတ်လုပ်ရေး)                             ဒု ဥက္ကဌ

၃။ ဒေါ်လဲ့လဲ့ဦး  (မာလာမြိုင် ကုမ္ဗဏီလိမိတက်)                                                    ဒ ုဥက္ကဌ

၄။ ဒေါက်တာခင်မောင်ဝင်း ( Jaguco Co., EM production)                                 ဒု ဥက္ကဌ

၅။ ဒေါက်တာခင်လေးဆွေ (အငြိမ်းစား ဒု ပါချုပ်၊ Green Growth Generation Co.)     အဖွဲ့ဝင်

၆။ ဒေါက်တာခင်မောင်လွင် (FAME, ဆေးဝါးထုတ်လုပ်ရေး)                                       အဖွဲ့ဝင်

၇။ ဦခင်မောင်ဝင်း   (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း) (REAM)                                အဖွဲ့ဝင်

၈။ ဒေါက်တာနန်းဖေါက်ဆိုက် (Rise Trade International Trading Co.,Ltd)             အဖွဲ့ဝင်

၉။ ဒေါက်တာမြင့်လွင် (အငြိမ်းစားပါမ္ခော၊ မြန်မာ့စိုက်ပျိုးအားမာန်အသင်း)                        အတွင်းရေးမှူး

အဖွဲ့ဝင်များအား ဖိတ်ခေါ်        

သို့ပါ၍ Nature Farming/ Organic Farming/ Chemical Free farming/ GAP farming (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း အားလုံး အကျုံးဝင် ပါသည်) လုပ်ကိုင် နေသူများ၊ ၎င်းပစ္စည်းများ ရောင်းဝယ် ဖေါက်ကား နေသူများ၊ စားသုံး နေသူများ၊ နည်းပညာ လေ့လာလို သူများ နှင့် စိတ်ဝင်စား သူများ အားလုံးကို အသင်းတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ် အပ်ပါသည်။

MNFN တွင် အသင်းဝင်ခြင်း

အီးမေးဖြင့် အသင်းဝင်လိုလျှင် ဦးခွန်ထွန်းငွေ၊ [email protected]. ထံတွင် အောက်ပါ ပုံစံကို ဖြည့်၍အသင်းဝင် နိုင်ပါသည်။ အီးမေးဖြင့် အသင်းဝင်လျှင် Associate member အဖြစ် လက်ခံ ထား မည် ဖြစ်ပြီး၊ အသင်း ဝင်ကြေး ၃၀၀၀ ကျပ် သွင်းပြီး လျှင် အသင်းသား ဖြစ်မည် ဖြစ်ပါသည်။

အမည်

အသက်

မှတ်ပုံတင်အမှတ်

အလုပ်အကိုင်

အဖွဲ့အစည်း/ ကုမ္မဏီ

အီးမေးနှင့် ဖုန်းနံပါတ်

လုပ်ငန်းတည်နေရာ/နေရပ်လိပ်စာ

စိတ်ဝင်စားသော/ လက်တွေ့လုပ်ကိုင်နေသော Nature Farming နှင့်ပတ်သက်သည့် လုပ်ငန်း      

 ဥပမာ- သဘာဝ နည်းဖြင့် ငါးမွေးမြူခြင်း ကို စိတ်ဝင် စားပါသည်။ သြဂဲနစ် စပါး စိုက်ပျိုးရေး ဆောင်ရွက် နေပါသည်။ ဓါတု ကင်းလွတ် ကြက်မွေးမြူရေး ဆောင်ရွက် လိုပါသည်။                                                      

ကိုယ်တိုင် လာရောက် အသင်းဝင် လိုလျှင် ဦးခွန်ထွန်းငွေ  နှင့် ဆက်သွယ် ၍ရုံးတွင် လာရောက် အသင်းဝင် နိုင်သည့်အပြင် ဟောပြောပွဲ နေ့တွင်လည်း လာရောက်၍လေ့လာ ဆွေးနွေးပြီး အသင်းဝင် နိုင်ပါသည်။

ဆက်သွယ်ရန်

အသေးစိတ် အချက် အလက် များ သိလိုလျှင် ဒေါက်တာမြင့်လွင် ( ၀၉၇၃၁၉၇၅၀၁ ။  e-mail: [email protected]) သို့ဖြစ်စေ ဦးခွန်ထွန်းငွေ Admin Officer (၀၉၂၅၀၁၆၈၈၂၈၊ e-mail: [email protected]) သို့ ဖြစ်စေ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ အသင်း အကြောင်းသိလိုလျှင် admin officer ထံတွင် လည်း အီးမေးဖြင့် စုံစမ်း နိုင်ပါသည်။

Photo reference: http://lornali.com/wp-content/uploads/2009/09/10-best-green-social-netwo...


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်