ငရုတ် အသီးမှည့်ပြောက်စွန်းရောဂါ (Anthracnose)

14/08/2019 10:39 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရောဂါကျရောက်သည့်အချိန် - မိုးရာသီ ငရုတ်ပွင့်ချိန်နှင့် အသီးသီးချိန်များတွင် စတင်ကျရောက်သည်။

ရောဂါလက္ခဏာ

ရောဂါကျရောက်ပါက ပထမတွင် ငရုတ်ပွင့်များ ညှိုးနွမ်းငိုက်ကျလာပြီး၊ တဖြည်းဖြည်းခြောက်၍ အချို့ကြွေကျသွားသည်။ ၎င်းမှိုရောဂါသည် အပွင့်မှတစ်ဆင့် ပွင့်ညှာကိုဖြတ်၍ အကိုင်းထိ ကူးစက်သွားကာ ကိုင်းဖျားခြောက်ရောဂါကို ဖြစ်စေသည်။ ထိုရောဂါရအကိုင်းများသည် ထိပ်ဖျားမှစတင်၍ ခြောက်လာပြီး၊ ကိုင်းဆုံ၊ ကိုင်းခွအထိ ခြောက်သွားနိုင်သည်။  ရောဂါရငရုတ်ပင်များတွင် ကိုင်းတစ်ခြမ်း (သို့မဟုတ်) ကိုင်းတစ်ခုလုံး ခြောက်နေသည်ကို တွေ့ရသည်။

မှိုရောဂါသည် အကိုင်းမှတစ်ဆင့် အသီးများပေါ်သို့ ကူးစက်သွားနိုင်သည်။ ရင့်မှည့်သော အသီးများပေါ်တွင် ရေစိုနာကွက်များ စတင်ဖြစ်ပေါ်လာ၍ ၎င်းမှ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နီညိုရောင်အနာကွက်များပေါ်တွင် အမည်းစက်အဖုငယ်များ ဖြစ်ပေါ်လာသည်။ ဤအနာကွက်ပေါ်၌ မှိုအစုအဝေး အဖုငယ်များသည် ဗဟိုတူစက်ဝိုင်းရစ်များကဲ့သို့ ပျံ့နှံ့တည်ရှိနေသည်။ အသီးနုများတွင်လည်း တစ်ခါတစ်ရံ ရောဂါဖြစ်ပေါ်နိုင်သည်။ ရောဂါပြင်းထန်းစွာရသော အသီးများ၏ အတွင်းပိုင်းသည် ရှုံ့တွန့်နေသည်ကို တွေ့ရှိရသည်။

ရောဂါသံသရာ

ရောဂါဖြစ်စေသောမှိုသည် မျိုးစေ့ဆောင်ဖြစ်၍ ငရုတ်မျိုးစေ့များမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။ သီးနှံ့ပင်ကြွင်းပင်ကျန်များတွင်လည်း ခိုအောင်းနေနိုင်သည်။ အခြားသော လက်ခံပင်ဖြစ်သည့် သီးနှံများတွင်လည်း ကျရောက်နိုင်ပါသည်။ ရေ၊ လေ၊ မိုးရေတို့ဖြင့်လည်း ပျံ့နှံ့နိုင်၍ ငရုတ်ပွင့်ကို စတင်တိုက်ခိုက်ခြင်းဖြင့် ရောဂါကျရောက်စေသည်။ ဤနည်းဖြင့် ငရုတ်သီးနုစဉ်တွင် ရောဂါဝင်ရောက်လာသော်လည်း ရင့်မှည့်ချိန်မှသာ ရောဂါလက္ခဏာကို တွေ့ရှိနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ရောဂါရ ပင်ကြွင်းပင်ကျန်များအား မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း၊ ဘိုကာရှီမြေဆွေးပြုလုပ်ခြင်းကို ဆောင်ရွက်ပါ။

(၂) လေဝင်လေထွက် ကောင်းမွန်အောင် စိုက်ပျိုးပါ။

(၃) မျိုးစေ့ကို မစိုက်ပျိုးမီ မှိုသတ်ဆေးဖြစ်သော ဟိုမိုင်း( Homai)  (လက်ဖက်စားဇွန်း ၂-၃ဇွန်း/မျိုးစေ့ ၆၀ ကျပ်သား) ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။

(၄) ရောဂါစတင်ကျရောက်သည့်အချိန်တွင် မှိုသတ်ဆေးများဖြစ်သော တော့(ပ်)ဆင်အမ် ( Topsin – M) ရိတ်သိမ်းရန် စောင့်ဆိုင်းရသောကြာချိန် - PHI (၇) ရက် (ဟင်းစားဇွန်း ၂၀ဇွန်း/ဧက) ဒက်ကိုနေး (Daconil) ရိတ်သိမ်းရန် စောင့်ဆိုင်းရသောကြာချိန် -  PHI (၁၄) ရက် (ဟင်းစားဇွန်း ၁၂-၁၇ဇွန်း/ဧက) နှင့် ဘာဗစ်စတင် အက်(ဖ်) အယ်(လ်) (Bavistil – FL) ရိတ်သိမ်းရန် စောင့်ဆိုင်းရသောကြာချိန် - PHI (၇) ရက် (ဟင်းစားဇွန်း ၅ဇွန်း/ဧက) နှုန်းတို့ကို အချိန်မီ (၁၀-၁၄) ရက်ခြား တစ်လှည့်စီ ပက်ဖျန်းကာကွယ်ပါ။ 

(၅) လက်ခံလွှဲပင်ဖြစ်သည့် ပေါင်းမြက်များကို ဖျက်ဆီးခြင်း၊ မြေဆွေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ပါ။ 

(၆) အပွင့်မပွင့်မီ (သို့မဟုတ်) ပွင့်ကာနီးချိန်တွင် ၅း၅း၅၀ ဘော်ဒိုဆေးရည် (Bordeaux Mixture) (သို့မဟုတ်) အထက်ပါ မှိုသတ်ဆေးများဖြင့် ကြိုတင်ပက်ဖြန်း ကာကွယ်နိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်