ပျားကုထုံး အပန်းဖြေအိမ်..

25/07/2023 15:00 PM တွင် Nan Su San Nan Su San မှ ရေးသား

ပျားလေးတွေဆိုတာ  ဇီဝမျိုးစုံမျိုးကွဲတွေထဲက တစိတ်တပိုင်း၊ ပန်းများကို ဝတ်မှုန်ကူးစေသူ၊ လူသားများ ရှင်သန်ဖို့အတွက် အားကိုးအားထားပြုနေရတဲ့ အကျိုးပြုအင်းဆက်လေးတွေဆိုတာ လူတိုင်းအသိပါ။ ထိုမျှမကသေး။ ပျားတွေကို ရောဂါကုသရာမှာလည်း  ပျားကုထုံးတခုအနေနဲ့ပါ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 

ပျားကုထုံးတွေဟာ အရှေ့ဥရောပနိုင်ငံတွေမှာ နှစ်ပေါင်းများစွာကတည်းက လူသိများလာခဲ့ပြီး ရောဂါအချို့ ကုသရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ဆလိုဗေးနီးယား နိုင်ငံတွေမှာဆိုရင် ပျားတွေတောင်ပံခတ်ရာမှ ထွက်ပေါ်လာသော တုန်ခါသံနဲ့ ပျားရည်ရဲ့ ရနံ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကုသရာမှာ သက်သာပျောက်ကင်းစေတဲ့ အကျိုးအာနိသင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။  အိပ်ပျော်ဖို့ခက်ခဲနေတဲ့သူတွေနဲ့ စိတ်အပန်းဖြေလိုသူတွေအတွက်လည်း ပျားတွေရဲ့ တဝီဝီ၊ တစီစီမြည်သံတွေကို ကုထုံးတခုအနေနဲ့ အသုံးပြုကြပါတယ်။

ယူကေနိုင်ငံသား၊ မိုနာချိုင်းမော (Monachyle Mhor) ဟိုတယ်မှာ အလုပ်လုပ်နေတဲ့  ချားလော့ဘလက်ကာ (Charlotte Blacker) ဟာ ဆလိုဗေးနီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင်း ပျားကုထုံးနဲ့ စိတ်အပန်းဖြေတဲ့ အတွေ့အကြုံသစ် ရခဲ့ပါတယ်။ ချားလော့ဘလက်ကာ (Charlotte Blacker) ဟာ  ဒီအတွေ့အကြုံကို  Monachyle Mhor ဟိုတယ်သို့ လာရောက်အပန်းဖြေလာတဲ့သူတွေကို မျှဝေပေးချင်တဲ့ အတွေးတခုနဲ့ ယူကေကို ပြန်လာခဲ့ပါတယ်။ 

ဒီလိုမျိုး ပျားတွေရဲ့ တဝီဝီ၊တစီစီ သံစဉ်တွေနဲ့ တမူထူးခြားတဲ့ အတွေ့အကြုံတွေကို ဖန်တီးလိုတဲ့ ချားလော့ဘလက်ကာ (Charlotte Blacker) ရဲ့ အကြံဉာဏ်ကို ဟိုတယ်ပိုင်ရှင် တွမ်လူဝစ် (Tom Lewis) ဟာ သဘောကျပြီး  ပျား ကုထုံးအပန်းဖြေအိမ်ကို တည်ဆောက်ဖို့သဘောတူခဲ့ပါတယ်။ 

ပျားကုထုံးအပန်းဖြေအိမ်ဆိုတာ သစ်သားအိမ်လုံးလေးပါပဲ၊၊ ကုတင်နှစ်လုံးပါပြီး ကုတင်တလုံးစီရဲ့ အောက်မှာ ပျားပုံးသုံးပုံးစီ ထည့်ထားပါတယ်။ ပျားတပုံးမှာ ပျားအကောင်ရေ တသောင်းခန့်စီ ရှိပါတယ်။ ဆိုတော့ ပျားအကောင်ရေစုစုပေါင်း ခြောက်သောင်းလောက်ပါတဲ့  ပျားပုံးခြောက်ပုံးပါတဲ့ သစ်သားအိမ်လေးပါ။ ပျားလေးတွေ အလွယ်တကူ ဝင်ထွက်သွားလာလို့ရအောင် သူတို့ရဲ့ သီးသန့် အထူးဝင်ပေါက်တွေကို သစ်သားအိမ်ရဲ့ အပြင်ဘက်မှာ ထားပေးထားပါတယ်၊၊ အဲတော့ ပျားတွေဟာ ဧည့်သည်တွေကိုလည်း ရန်မူခြင်းမပြုဘဲ အေးအေးဆေးဆေးပဲ သူ့အလုပ်ပဲ လုပ်နေတာပေါ့။ ပျားပုံးတွေရဲ့ အပေါ်တည့်တည့်မှာရှိနေတဲ့ ကုတင်တွေကိုတော့ သိုးသားရေတွေ ခင်းပေးထားတာဆိုတော့ ပျားတွေရဲ့  တုန်ခါမှု သေးသေးလေးအစ ခံစားလို့ရတဲ့ သဘောပါပဲ။ 

“ဒီလိုမျိုး ပျားတွေရဲ့ ရောဂါကုစားနိုင်တဲ့ အဖိုးအနဂ္ဃကတော့ တပုံတခေါင်းကြီးပဲဗျ။ ပျားတွေရဲ့ တဝီဝီမြည်သံက အာရုံကြောစနစ်ကိုလည်း အကူအညီပေးပါတယ်။ စိတ်ထိခိုက်စရာကြုံတွေ့ရပြီး နောက်ဆက်တွဲဖြစ်ပေါ်သော စိတ်ကစဉ့်ကလျား ရောဂါခံစားနေရတဲ့ လူနာတွေကို စမ်းသပ်ကုသမှု ပြုလုပ်ထားတာတွေလည်း ရှိပါတယ်”လို့ Blacker က ပြောကြားခဲ့ပါတယ်။

“ပန်းဝတ်မှုန်၊ ဝတ်ရည်တွေရဲ့ သင်းရနံ့တွေရယ် ပျားကော်၊ ပျားရည် စတဲ့ မွှေးရနံ့တွေနဲ့ ထုံမွှမ်းနေတဲ့ ပျားကုထုံးအပန်းဖြေအိမ်ထဲမှာအနားယူရင်း  မရပ်မနားအလုပ်ကြိုးစားကြတဲ့ ပျားလေးတွေရဲ့ နိစ္စဒူဝ လူးလာလှုပ်ရှားနေသံလေးတွေ ခံစားနားထောင်ရင်း စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ပါတယ်ဗျာ။

ပျားတွေရဲ့တောင်ပံခတ်သံမှ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကတော့  စိတ်ငြိမ်သက်မှုဖြစ်စေခြင်း၊ စိတ်သောကဖိစီးမှုကို လျှော့ချနိုင်ခြင်း စတဲ့ အပြုသဘောဆောင်စွမ်းအင်တွေ၊ အကျိုးသက်ရောက်မှုတွေလည်းရှိပါတယ် ” လို့ ဖော်ပြထားပါတယ်။

(ပျားကုထုံးအပန်းဖြေအိမ်ငှားရမ်းခကတော့  ၄၅ မိနစ် တစ်ဆက်ရှင်အတွက် တယောက်လျှင် ပေါင် ၈၀ (၁၀၂ ဒေါ်လာခန့်) ဖြစ်ပြီး  နှစ်ယောက်စာအတွက်ဆိုရင်တော့ ပေါင် ၁၂၀ (၁၅၃ ဒေါ်လာခန့်) ဖြစ်ပါတယ်။ လီမွန်တီးပူပူလေးတခွက်ရယ်၊ ပျားရည်သုပ်ထားတဲ့ ပေါင်မုန့်တချပ်ရယ်တော့ ပါပါတယ်။)

ပျားကုထုံးအပန်းဖြေအိမ်မှာ သွားတည်းဖို့ အဆင်မပြေသေးဘူးဆိုရင်တောင် ပျားတွေရဲ့ အသံဖိုင်တွေနားထောင်ပြီး စိတ်အပန်းဖြေလို့ရနိုင်ပါသေးတယ်။

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်