ဝါးပင်မှ သဘာဝပတ်ဝန်းကျင်အား အထောက်အကူပြုခြင်း 

12/11/2020 11:45 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

      ဝါးသည် ကမ္ဘာပေါ်တွင် အများဆုံးစိုက်ပျိုးသော အပင်များထဲမှ တစ်မျိုးဖြစ်ပါသည်။ ဝါးတွင် မျိုးစိတ်ပေါင်း ၁၅၀၀ ကျော်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၂,၀၀၀ ကျော်အထိ ရှင်သန်ပေါက်ရောက်နိုင်ပါသည်။ ဝါးပင်များသည် ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာများကို သိသိသာသာဖြေရှင်းပေးနိုင်သော အပင်အမျိုးအစားတစ်ခုလည်း ဖြစ်ပါသည်။ နည်းလမ်းမမှန်သော စိုက်ပျိုးရေးစနစ်များနှင့် အလွန်အကျွံ စားကျက်လွှတ်ကျောင်းမှုများကြောင့် ဖြစ်ပေါ်လာသော မြေဆီလွှာပျက်စီးမှုများကို ပြုပြင်ရန်အတွက် ဝါးပင်များကို အသုံးပြုနိုင်ပါသည်။ ဝါးပင်၏ ကွန်ယက်သဖွယ် ရှုပ်ထွေးလှသော အမြစ်များသည် မြေဆီလွှာတိုက်စားခြင်းနှင့် ရေလွှမ်းခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ အခြားသော အပင်မျိုးစိတ်များနှင့် မတူသည့်အချက်မှာ ဝါးပင်ကိုခုတ်သော်လည်း အပင်မှာသေဆုံးသွားခြင်းမရှိသည့်အတွက် မြေဆီလွှာတိုက်စားခြင်းနှင့် သစ်ပင်ခုတ်ခြင်း၏ ဆိုးကျိုးများမှာ အနည်းဆုံးရှိနေခြင်း ဖြစ်ပါသည်။  

       ပို၍အရေးကြီးသည်မှာ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ အပေါ်ခြိမ်းခြောက်နေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်နေချိန်တွင် ဝါးပင်များသည် အခြားသောသစ်ပင်များထက် အောက်စီဂျင် ၃၅ ရာခိုင်နှုန်းပို၍ ထုတ်လွှတ်ပေးနေပါသည်။ ဂျပန်နှင့် အခြားသောနေရာများမှ သုတေသနပြုလုပ်ချက်များအရ ဝါးပင်များသည် တစ်နှစ်လျှင် တစ်ဟက်တာအကျယ်အဝန်း၌ ကာဗွန်ဒိုင်အောက်ဆိုက် ၁၂ တန်အထိ စုပ်ယူနိုင်ကြောင်းတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ဝါးပင်များသည် ကျွန်ုပ်တို့ကမ္ဘာမြေ၏ လေထုတည်ငြိမ်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။  နှစ်ပေါင်း ၄၀၀၀ ကျော်ကာလအတွင်း လူများသည် စက္ကူထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ အစားအစာ၊ လက်နက်၊ ဆေးဝါးနှင့် ဆေးရည်ထုတ်လုပ်ခြင်းများ၌ပင် ၀ါးကိုနည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့ကြပါသည်။ အရှေ့တောင်အာရှရှိဒေသအချို့နှင့် အမေရိကအလယ်ပိုင်းတွင် ဝါးသည်စီးပွားရေးအရ တန်ဖိုးရှိသော မျိုးစိတ်တစ်ခုဖြစ်သောကြောင့် ဝါးအသုံးပြုခြင်းကို ကန့်သတ်ချက်များဖြင့် သတ်မှတ်ထားပါသည်။ 

ဂေဟဗေဒစနစ်နဲ့ ကိုက်ညီတဲ့ ဝါးပင်ရဲ့ အချက် ၆ ချက် 

၁။ လျှင်မြန်စွာ ကြီးထွားနိုင်ခြင်း  

       ဝါးပင်သည် မြက်မျိုးရင်းဝင်ဖြစ်ပြီး အံ့သြဖွယ်ကောင်းလောက်အောင် လျှင်မြန်စွာ ကြီးထွားနိုင်သော အပင်ဖြစ်ပါသည်။ အချို့သော ဝါးမျိုးများသည် ၂၄ နာရီအတွင်း၌ပင် ၂ ပေမှ  ၃ ပေအထိ ကြီးထွားနိုင်ကြပါသည်။ 

၂။ ဝါးထွက်ရှိမှုများခြင်း 

        ဝါးသည် သစ်မာပင်များကဲ့သို့ပင် တစ်ကြိမ်ခုတ်တိုင်း အကြိမ် ၂၀ ထက်ပို၍ အသုံးပြုနိုင်သော ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ပါသည်။ ဝါးပင်တစ်ပင်တည်းမှပင် ၅ နှစ်အတွင်း၌ ဝါးလုံးပေါင်း ၂၀၀ ကျော်အထိ ထွက်ရှိနိုင်ပါသည်။ ထိုကဲ့သို့ ထွက်ရှိခြင်းကြောင့် ဈေးသက်သာစွာဖြင့် ပေါများစွာအသုံးပြုနိုင်ပါသည်။ 

၃။ ဝါးကိုအခြေခံကာ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်ခြင်း 

        ၀ါးသည်လူကြိုက်များလာသည်နှင့် ဝါးနှင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်တိုးမြှင့်လာပါသည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာနှင့်အတူ စီးပွားရေးဆိုင်ရာ လုပ်ငန်းများဖြစ်ပေါ်စေလာပါသည်။

၄။ မြေဆီလွှာတိုက်စားမှုအား ထိန်းချုပ်ပေးခြင်း 

       ဝါးပင်၏ အမြစ်များသည် မြေဆီလွှာတိုက်စားခြင်းနှင့် ရေတားဆီးပေးခြင်းတို့တွင်လည်း ကူညီပေးနိုင်ပါသည်။ ဝါးတွင် ရေထုညစ်ညမ်းမှုကိုလျော့နည်းစေသည့် နိုက်ထရိုဂျင်စုပ်ယူသည့် ဖြစ်စဥ်လည်းပါရှိပါသည်။ 

၅။ လေသန့်စင်ပေးနိုင်ခြင်း 

        ဝါးပင်သည် အောက်စီဂျင်ပိုမိုထုတ်လွှတ်နိုင်ပြီး အခြားသောသစ်ပင်များထက်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို ပိုမိုစုပ်ယူနိုင်ပါသည်။ ဝါးများကိုဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအဖြစ် ထုတ်လုပ် အသုံးပြုခြင်းဖြင့် အခြားသောသစ်မာပင်များကို ခုတ်ယူခြင်းနှင့် သစ်တောများပြုန်းတီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။

၆။ အမျိုးအစားစုံလင်စွာ ပြုလုပ်အသုံးပြုနိုင်ခြင်း

        ယနေ့ခေတ် ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေသော အသုံးအဆောင် ထုတ်ကုန်များတွင် ၀ါးများကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုအသုံးပြုလာကြပါသည်။ ဝါးများကို အခြေခံကာ ဆောက်လုပ်ရေးပစ္စည်းများ၊ ကြမ်းခင်းနှင့် စက္ကူများမှသည် အဝတ်အထည်များနှင့် ကမ္ဘာပေါ်ရှိ အပျော့ပျောင်းဆုံးအိပ်ယာများအထိ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ၀ါးကိုလူကြိုက်များမှု တိုးလာသည်နှင့်အမျှ ၎င်း၏ထုတ်ကုန်များကိုလည်း ပိုမိုအသုံးပြုလာကြပြီ ဖြစ် ပါသည်။

ကိုးကားချက်

- https://cozyearth.com/blogs/news/how-using-bamboo-can-help-the-environment
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်