မတ်ပဲဈေး ၁၆ သိန်းခွဲထိ ပြန်ကျ၊ ယခုရက်ပိုင်းဈေးအမြင့် မျှော်လင့်နိုင်မည်မဟုတ်ဟု ATC သုံးသပ်

07/07/2022 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တနင်္လာဈေးအဖွင့်တုန်းက တစ်တန်ကို ၁၇၀၇၅၀၀ ထိ ဈေးမြင့်သွားခဲ့တဲ့မတ်ပဲ (FAQ/RC - 2022) ဈေးဟာ ဒီနေ့မှာတော့ ၁၆ သိန်းခွဲထိ ဈေးပြန်ကျသွားပါတယ်။

၃ ရက်ဆက်ဈေးနှုန်းမတည်မငြိမ်ဖြစ်နေပြီး ဒီနေ့မှာတော့ ၁၆ သိန်းခွဲထိ ပြန်ဆင်းသွားတာပါ။ 

ဒီတစ်ပတ်တနင်္လာအဖွင့်ဈေးတုန်းက တစ်တန်ကို ၁၉၃၇၅၀၀ ကျပ်ထိ ရောက်သွားခဲ့တဲ့ မတ်ပဲ (SQ/RC-2021) ဈေးဟာလည်း ဒီနေ့မှာတော့ တစ်တန်ကို ၁၈၇၀၀၀၀ ထိ ပြန်ကျသွားပြီ ဖြစ်ပါတယ်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာန (ATC) က သတင်းထုတ်ပြန်ရာမှာတော့ “ မြန်မာပြည်တွင်းပဲဈေးကွက်သည်လည်း ရက်အနည်းငယ်မျှ စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း၊ မတ်ပဲဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်းတည်ငြိမ်မည်မဟုတ်ကြောင်၊း ဈေးအမြင့်သို့ဆက်လက်မျှော်လင့်နိုင်မည်မဟုတ်ကြောင်း သိရ” ဆိုပြီး ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်တွင်းပဲမျိုးစုံအပါအဝင် ပို့ကုန်သွင်းကုန်များ၏ဈေးနှုန်းများမတည်ငြိမ်ပဲ အရောင်းအဝယ်အေးနေတယ်လို့လည်း  ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

“ အရောင်းရှိသော်လည်းအဝယ်မရှိကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်သော အမိန့်ကြော်ငြာစာများအရ အချိန်ကာလအလျောက် မူဝါဒအမျိုးမျိုးပြောင်းလဲလျှက်ရှိပြီး ဈေးကွက်အပေါ်ယုံကြည်မှုကျဆင်းလာကြကြောင်း၊ ထို့ကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာဖြစ်ပေါ်ပြီးဈေးကျဆင်းလာခြင်းဖြစ်ကြောင်း၊ ပဲဈေးနှုန်းနှင့် ပဲဈေးကွက်အခြေအနေများသည် နိုင်ငံရေးအခြေအနေများပေါ်တွင်လည်းမူတည်ကြောင်း သတင်းရင်းမြစ်တစ်ခုမှသိရသည်” လို့လည်း ATC က ဆိုထားပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ(AMIA) က ပေးပို့သည့် ဈေးနှုန်းအချက်အလက်များအရ သတင်းဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


East West Seed Myanmar ကြော်ငြာ

စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများခင်ဗျာ...မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ သီးနှံက အရည်အသွေးပြည့်ဝပြီး စျေးကွက်မှာမျက်နှာလှဖို့ ဆိုရင် အဓိက အရေးကြီးတဲ့ မျိုး မှန်ကန်ဖို့လိုအပ်ပါတယ်...ဦးကြီးတို့ စိုက်ပျိုးမယ်ဆို ကျနော်တို့က မျိုး မှန်ကန်မှုကို တာဝန်ယူပါတယ်...East-West Seed (မြားနီ မျိုးစေ့)ဆိုတာ အရည်အသွေးပြည့်ဝတဲ့ မျိုးစေ့များကို သုတေသနပြု စမ်းသပ်ပြီးမှ ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်...ဒီတစ်ခါတော့ မြားနီ မျိုးစေ့ အနေနဲ့ အောက်ပါ အရည်အသွေးမြင့်မျိုးစေ့များနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ....
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်