Bubble Tea ဖျော်ရည် ကြိုက်နှစ်သက်ကြသူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူဖျော်သောက်နိုင်တဲ့ Bubble Tea ဖျော်ရည် ဖျော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ

- Tapioca ပုလဲလုံးအခြောက် ၁ ထုပ်
- သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
- နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ရေခဲတုံး အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်

၁။ Tapioca ပုလဲလုံးအခြောက်များကို အညွှန်းအတိုင်း ပြုတ်ထားလိုက်ပါ။

၂။ အိုးမတူးသော ဒယ်အိုးကို အပူပေးပြီး သကြားညိုနှင့် ရေတို့ထည့်ကာ ဆူပွက်လာအောင် မီးအေးအေးဖြင့် တည်ထားလိုက်ပါ။ ၅ မိနစ်ခန့် တည်ပြီးတဲ့အခါမှာတော့ သကြားရည်လေးက ပျစ်သွားပါလိမ့်မယ်။

၃။ ရရှိလာတဲ့ သကြားရည်များကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။

၄။ ကျိုထားသော သကြားရည်တစ်ဝက်ခန့်ကို ဆော့စ်ဘူးထဲ ထည့်လိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲသို့ သကြားရည်လေးများ အစဉ်းကျားလိုက်ပုံသဏ္ဍာန် ညှစ်ချလိုက်ပါ။

၅။ ထို့နောက် Tapioca ပုလဲလုံးလေးများ လောင်းထည့်လိုက်ပါ။

၆။ သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နွားနို့တို့ကို ရောနှောလိုက်ပါ။ ထို့နောက် ရေခဲတုံး ထည့်ကာ နောက်ဖန်ခွက်တစ်လုံးဖြင့် အုပ်ကာ လှုပ်ခါပေးလိုက်ပါ။

၇။ ရရှိလာတဲ့ သကြား နွားနို့ကို Tapioca ပုလဲလုံး ထည့်ထားပြီးသား ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Bubble Tea ဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more