ယနေ့ခေတ်စားနေတဲ့ အောင်မဲညိုပန်း(Butterfly Pea Flower) အကြောင်းသိကောင်းစရာ
အောင်မဲညိုပန်း(Butterfly Pea Flower)
ယနေ့ခေတ်စားလာသော အောင်မဲညိုပန်းများကို စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ..
အောင်မဲညိုစိုက်ပျိုးနည်း
အောင်မဲညိုပန်းပင်ရဲ့ မျိုးစေ့ထုပ်ကို ခြောက်သွေ့သည့်နေရာ (သို့) အေးမြသောနေရာတွင် သိမ်း ဆည်းပေးရန် လိုအပ်ပါတယ်.
အောင်မဲညိုပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ချတော့မယ်ဆိုရင် ပထမဦးစွာ မျိုးစေ့ကို (၁) ရက် ရေစိမ်ထားပေးရန် လိုအပ်ပါသည်။
ရေစိမ်ထားပြီး စိုက်ပျိုးတော့မည်ဆိုလျှင် မြေဆွေး (သို့) နွားချေးရောပြီး စိုက်ပျိုးပါ။ ပျိုးအိတ်တွေရှိရင် တန်းစိုက်ပျိုးနိုင်ပါသည်။
အောင်မဲညိုပန်းမျိုးသည် အစိုဓာတ်ကြိုက်သောကြောင့် ရေမြောင်း၊ ရေတွင်းကုန်း မြေစိုသောနေရာ မှာ စိုက်ပျိုးပေးလျှင် ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
တိုက်ခန်း၊ နေအိမ်ခြံဝင်းမှာ စိုက်ရင် မနက် နေမတက်ခင်နဲ့ ညနေနေကျပြီး နောက်ပိုင်းရေ (၂) ကြိမ်ဖျန်းပေးပါ..
ထို့နောက် အောင်မဲညိုအပင်ပေါက်လေးများ စတင်ထွက်ရှိလာမည်ဖြစ်ပြီး၊ ရက်ပေါင်း (၄၀ / ၄၅) ရက်ဆိုလျှင် အပွင့်စတင်၍ ခူးနိုင်ပါပြီ.
တစ် ဧကစိုက်ပျိုးလျှင် မျိုးစေ့ (၇၀၀/၇၅၀)ထိ ချနိုင်ပြီး အပွင့်ရေ တစ်နေ့ကို (၆၀၀) ခန့်အထိ ပွင့်နိုင်ပါတယ်.
မျိုးစေ့ တစ်ကြိမ်ဝယ်ယူပြီးလျှင် နောက်တစ်ကြိမ်ထပ်မံဝယ်ယူရန် မလိုအပ်ပါ၊ အပင်က သီးလာသော အသီးခြောက်တွင် အစေ့ပါသောကြောင့် ငွေကုန်ကြေးကျ သက်သာစေနိုင်ပါသည်၊
ယနေ့ခေတ်တွင် အောင်မဲညိုပန်းကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန်များစွာကို ထုတ်လုပ် လျက်ရှိပါသည်။
အောင်မဲညိုပန်းပွင့်၏ လက်ရှိ ပေါက်ဈေးကတော့ အခြောက် တစ်ကီလိုလျှင် (၉၀၀၀) မှ (၁၀,၀၀၀) ကျပ်အထိ ဈေးကောင်းရရှိနိုင်ပါတယ် ခင်ဗျာ..
အကျိုးကျေးဇူးများ
• မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါများကို ပုံမှန်သောက်သုံးခြင်းအားဖြင့် မျက်စိပါဝါ လျော့ကျစေခြင်း၊ အမြင်မကြည်ခြင်း ပြသာနာများကို သက်သာစေနိုင်ပါသည်၊
• ဦးရေပြားကို အေးမြစေသည့်အတွက် ဆံပင်ကျွတ်ခြင်း၊ ဖောက်ထခြင်း၊ ဆံပင်ဖြူခြင်းမှ ကာကွယ် ပေးပါသည်၊
• စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကျရောဂါ၊ စိတ်မတည်ငြိမ်ဖြစ်ခြင်းတို့ကိုလည်း ကုသ ပေးနိုင်ပါသည်၊
• အစာချေဖြတ်မှု အားကောင်းစေပြီး အစာအိမ်နံရံများကို ကောင်းစွာအလုပ်လုပ်စေနိုင်သည့်အတွက် အစာအိမ်ရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါများကိုလည်း သက်သာစေနိုင်ပါသည်။
• သွေးလည်ပတ်မှု အားကောင်းစေပြီး ကိုယ်တွင်းအဖု အပိန့် ထခြင်းများကို သက်သာစေနိုင်ပါသည်၊
• ၁၀၀% သဘာဝစစ်စစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကလေးသူငယ်များကို အန္တရာယ်ကင်းစွာ တိုက်ကျွေးနိုင်ပြီး ဦးနှောက်ကြည်၍ မှတ်ဉာဏ် အားကောင်းစေပါသည်၊
• အောင်မဲညိုပန်းတွင် (AntiOxidience) အပြည့်အဝပါဝင်တာကြောင့် ပရိုတိန်းဓာတ် ပျက်စီး ဆုံးရှုံးမှုကို ဆန့်ကျင်တိုက်ဖျက်ပေးပါတယ်၊ ဒါကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်၊
• ဂျင်းပြုတ်ရည်ထဲကို ပန်းခြောက်ထည့်သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ခုခံအားကောင်းမွန်စေပြီး အစာအိမ်သမားများအတွက် အစာချေဖျက်နှုန်း ကောင်းစေပါသည်။
အားနည်းချက်။ ။ကိုယ်ဝန်ဆောင်မိခင်၊ ခွဲစိတ်ခန်းဝင်ခါနီးသူ၊ နို့တိုက်မိခင်နှင့် သွေးပေါင်ကျတတ်သူ၊ နှလုံးသွေးကြဲဆေးသောက်သုံးနေသောသူ များအတွက် သောက်သုံးရန်မသင့်တော်ပါ….
ပန်းပွင့်ရည်သောက်နည်း

အပွင့်ခြောက်လေး ၃/၄ ပွင့်ကို ရေသန့်စင်အောင်ဆေးပြီး ဖန်ခွက်ထဲထည့်ပါ ရေနွေးနဲ့စိမ်ပါ အရောင်ထွက်လာရင် ပွင့်ဖတ်ကို ဆယ်ထုတ်ပါ၊ အပြာရောင်ပြောင်းသွားတာနဲ့ သောက်လို့ရပါပြီ၊ ပန်းပွင့်ရည်ထဲကို သံပုရာသီး တစ်စိတ်ညှစ်ထည့်သောက်ပါ၊ သံပုရာသီးထည့်တဲ့အခါ ပန်းရောင် ပြောင်းသွားပါလိမ့်မယ် ပျားရည်ထည့်သောက်ရင် ပိုကောင်းပါတယ်။
ထမင်း (သို့) ကောက်ညှင်းဖြင့်ချက်နည်း

အပွင့်ကို အရင်ပြုတ်ပါ၊ အပွင့်ပြုတ်ရည်ဖြင့်သာ ထမင်းချက်ပါ ကောက်ညှင်းလဲ ထိုနည်းတူစွာ အပွင့်ရည်ဖြင့်ချက်ပြုတ်ပေးပါ၊ ထမင်း နဲ့ ကောက်ညှင်း အရသာက မပြောင်းဘဲပိုမွှေးလာပါတယ်၊ ထို့အပြင် ကျောက်ကျောနှင့် မုန့်ဖက်ထုတ်ရာမှာလည်း ပန်းပွင့်အရည်ဖြင့်လုပ်ပါက ခရမ်းရောင် လှလှလေး ရလာပါလိမ့်မယ်…
Crd.
ဉာဏ်လင်းထက်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Nyan Lynn Htet
အားလုံး