တန်ဖိုးလျော့ခြင်း (Depreciation Costs)

17/07/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအကြောင်းက စိုက်ပျိုးရေးပဲဖြစ်ဖြစ် မွေးမြူရေးပဲဖြစ်ဖြစ် စီးပွားရေးကို လုပ်ကိုင်နေကြတဲ့ သူတွေ အားလုံးအတွက် သိကိုသိထားရမဲ့ အကြောင်းအရာဖြစ်တာကြောင့်မို့ ပြောပြ ပေးမှာဖြစ်ပါတယ်။

လုပ်ငန်းသုံးဖို့အတွက် လိုအပ်တဲ့ ဘက်ထရီတစ်လုံးကို ဝယ်လိုက်တယ်။ ရေစုပ်စက် ဝယ်လိုက်တယ်။ စက်တစ်ခုခုဝယ်လိုက်တယ် ဆိုပါတော့။ အဲ့ဒါက ဈေးက ကိုယ်ဝယ်တုန်းက တစ်မျိုး ဖြစ်ပြီးတော့ ပြန်ရောင်းရင်တော့ အဟောင်းဈေးပဲ ရမှာပါ။ ခုပဲ အသစ်ဝယ်။ ရွာရောက်လို့ ပြန်ရောင်းရင်တောင် ဈေးက လျော့သွားမဲ့ အခြေအနေမျိုးမှာရှိပါတယ်။ မြေကွက်လိုတော့ မဟုတ်ဘူးပေါ့။ မြေဈေးကတော့ တက်သွားတယ်။ တစ်ခြားပစ္စည်းတွေကတော့ ဈေးကျသွားပါတယ်။

ဝယ်တုန်းက ()သိန်းတောင်ပေးရတာ။ ပြန်ရောင်းတော့ () သိန်းတောင် အနိုင်နိုင်ရယ် ဆိုတာက တန်ဖိုးလျော့တတ်လို့ဖြစ်တာပါ၊ အဲ့လို ဖြစ်တာကို တန်ဖိုးလျော့တယ် လို့ ခေါ်ပါတယ်။

ပုံမှန်ဆိုရင်တော့ အဲ့လို တန်ဖိုးလျော့သွားတာက လယ်ယာထဲမှာ ထည့်လိုက်တာဖြစ်တဲ့အတွက်မို့ ထွက်လာတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးမှာ ထည့်ပေါင်းပါတယ်။ ထည့်ပေါင်းလို့ ရပါတယ်။

ဘယ်လိုတွက်ချက်မလဲ

ကိုယ်က (၅၀၀၀) တန်ကုန်ပစ္စည်းတစ်ခုကို ဝယ်ထားတယ် ဆိုပါတော့၊ အဲ့ပစ္စည်းက (၁၀)နှစ်ခံတယ်ဆိုရင် တစ်နှစ်ကို (၅၀၀) ကျပါမယ်။ ပထမနှစ်မှာ (၅၀၀၀)ဖြစ်ပေမဲ့ ဒုတိယနှစ်ကျရင်တော့ (၄၅၀၀) ဖြစ်သွားတယ်။ အဲ့လို ဆိုရင်တစ်နှစ်အတွက် တန်ဖိုးလျော့တဲ့ ကုန်ကျစရိတ်က (၅၀၀)ပါ။ အရင်နှစ်ထက် ပိုသက်သာသွားတာကိုး၊။ အလွယ်ရှင်းပြတာပါ။ အဲ့လိုဆိုရင် နားလည်လောက်ပြီထင်ပါတယ်။ အောက်မှာ တွက်နည်းကိုပြောပြထားတယ်။ သူ့ကိုတွက်ရင် နှစ်အလိုက်ပဲ တွက်လေ့ရှိကြပါတယ်။ မတွက်ကြည့်သေးခင်မှာ သိစရာလေးတွေ ထပ်ပြောမယ်။

အသစ်ဈေး(New Value)

သူကတော့ ရှင်းပါတယ်။ ကိုယ်စစချင်းဝယ်လိုက်တဲ့ တန်ဖိုးကိုပြောတာပါ။ အသစ်ဈေးပေါ့။ ကိုယ်ဝယ်တဲ့ဈေးကို သုံးရပါတယ်။ အသစ်ပေါက်ဈေးကို မသုံးရပါဘူးနော်။ ကိုယ်က ၁ ရက်နေ့က (၅၀၀၀) နဲ့ ဝယ်လိုက်တယ်။ ()ရက်နေ့ကျတော့ ၄၈၀၀ ဖြစ်သွားတယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့ ဈေးကိုပဲ ယူရပါမယ်နော်။ အဲ့လိုဆိုတော့ (၅၀၀၀) ကိုပဲယူရပါမယ်။

လက်ကျန်တန်ဖိုး(Scrap Value)

ပြန်ရောင်းဈေးလိုမျိုးသဘောဖြစ်ပါတယ်၊ အကြမ်းပြောရရင်တော့ ကိုယ့်တိရိစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် ရောင်းထုတ်တဲ့ဈေးပေါ့။ စက်တွေလည်း တူတူပါပဲ။ နောက်ဆုံး တန်ဖိုးပါ။ ကိုယ်က စက်တစ်ခုကိုဝယ်မယ် အဲ့ဒါကိုလည်း () နှစ်လောက််ပဲ သုံးမယ်။ ()နှစ်ကြာလို့ ကိုယ်ပြန်ရောင်းထုတ်တဲ့အချိန်မှာ ဈေးဘယ်လောက်ရှိမလဲ ဘယ်လောက်ရမလဲဆိုတာကို မှန်းပြီးတွက်ချက်ရတာပါ။ တကယ်ရောင်းတဲ့အချိန်ကျတော့လည်း ဈေးက တစ်မျိုးပြောင်းချင်ပြောင်းမှာပေါ့လေ။ အဲ့တော့ အောက်မှာ ပုံသေနည်းကို ကြည့်ရအောင်

ကဲ ပုံသေနည်းကတော့ အဲ့အတိုင်းဖြစ်ပါတယ်။ တစ်ချက်လောက်တွက်ကြည့်ရအောင်။ ၁၀၀၀၀ တန်ပစ္စည်းတစ်ခုကို ဝယ်လိုက်တယ်။ ပြန်ရောင်းတော့ ၈၀၀၀ ပဲ ရတော့မယ်။ ကိုယ်က သုံးထားတာကလညး ၁၀ နှစ်ရှိပြီဆို တစ်နှစ်ကို စက်တန်ဖိုးက ဘယ်လောက်လျော့သွားသလဲ ဆိုတာကို တွက်ကြည့်ကြမယ်။

အသစ်ဈေးက - ၁၀၀၀၀

ပြန်ရောင်းဈေး - ၈၀၀၀

 

သုံးတဲ့နှစ်က - ၁၀ နှစ်

 

 

 

ဆိုတော့ အဖြေက - ၂၀၀ ရပါတယ်။ ကိုယ်သုံးလိုက်တဲ့ (၁၀)နှစ်အတွင်းမှာ အဲ့စက်တန်ဖိုးက တစ်နှစ်ကို ၂၀၀ နဲ့ ကျနေတာဖြစ်ပါတယ်။ မသုံးဘူးဆိုလည်း ဈေးက ကျနေတာပါ။ ထိန်းသိမ်းထားတယ် အသစ်အတိုင်းဆိုရင်တောင် သုံးရမဲ့ စက်ပစ္စည်းက မော်ဒယ်အောက်သွားလို့ ဈေး မရတော့တာတို့ ဖြစ်နိုင်ပေမဲ့ တစ်ခြားတစ်ဖက်ကျတော့ ရှေးဟောင်းပစ္စည်းမို့ ဆိုပြီး ဈေးကောင်းရသွားတာလည်း ဖြစ်နိုင်ပါတယ်၊

ကဲ အခုကတော့ တွက်နည်းကို ပြောပြတာပါ။ အဲ့လို တွက်နည်းကို ဘယ်သူတွေ အများဆုံးသုံးကြသလဲ ဆိုတော့ ဘဏ်တွေက အများဆုံး သုံးကြပါတယ်၊ သူတို့ချေးငွေထုတ်ပေးမယ်ဆိုရင် အဲ့လိုတွေတွက်ပြီးတော့ ပေးတာပါ။ မတွက်ပေးရင် သူတို့ ရှုံးသွားမှာပေါ့။ နောက်ပြီး ကုမ္ပဏီတစ်ခုကနေ တစ်ခုကို ချေးငွေထုတ်တာပဲဖြစ်ဖြစ် တစ်ခုလုံးကို ဝယ်ပစ်လိုက်တာပဲဖြစ်ဖြစ်၊ အဲ့လို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတိုင်းမှာ ဒီလို တန်ဖိုးလျော့ကျတယ်ဆိုတာကို တွက်ချက်ပြီးတော့မှ ဆုံးဖြတ်ချက်ချကြတာဖြစ်ပါတယ်။

နောက်တစ်ပိုင်းမှာ တန်ဖိုးကျတဲ့အထဲမှာ ဘယ်လိုပုံစံတွေကျတတ်သလဲ ဆိုတာကို ထပ်ပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထွန်းဝင်းကျော်


(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်