ငမြှောင်တောင်ပိုး Fall Armyworm (sposoptera frugiperda) ကျရောက်မှု ကြိုတင်ကာကွယ်နိုင်ရန် သတိပေးချက်(Early Warning)
ငမြှောင်တောင်ပိုး Fall Armyworm(FAW) spodoptera frugiperda သည် ပြောင်းနှင့် အခြားအဓိက သီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက် နှင့် ဝါသီးနှံအပါအဝင် သီးနှံအမျိုးပေါင်း(၈၀) ကျော်ကို စားသောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ (၁၀၀) အထိ ပျံသန်းနိုင်စွမ်းအား ရှိသည့် ဖျက်ပိုးဖြစ်ပါသည်။
ထိရောက်စွာနှိမ်နင်းနိင်ခြင်းမရှိပါက သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှု အပေါ်တွင်လည်း သက်ရောက်နိုင်သည့် အလားအလာများစွာ ရှိနေသော ဖျက်ပိုးလည်းဖြစ်ပါသည်။ ယခုအခါတွင် ယင်းငမြှောင်တောင်ပိုး (FAW) ကို အာရှနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိင်ငံတွင် ပထမဦးဆုံး အနေဖြင့် တွေ့ရှိနေရပြီ ဖြစ်သောကြောင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် အရှေ့တောင်အရှနှင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ လျှင်မြန်စွာ ပျံ့နှံ့ နိုင်သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)က သတိပေးနှိုးဆော်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံနှင့် ထိစပ်လျှက်ရှိသော မြန်မာနိုင်ငံအတွင်းသို့လည်း ပျံ့နှံ့ဝင်ရောက်လာနိုင်သည့်အတွက် ၎င်းဖျက်ပိုးကို တွေ့လျှင်တွေ့ချင်း ထိရောက်စွာနှိမ်နင်းရန်နှင့် သီးနှံကာကွယ်ရေး(ရုံးချုပ်) ကိုလည်း ချက်ချင်းတင်ပြရန်နှင့် ကြိုတင် ကာကွယ်နှိမ်နင်းနိုင် သောနည်းလမ်းများအား အချိန်မီဆောင်ရွက်နိုင်ရေး အတွက်ကြိုတင်သတိပေးချက် ( Early Warning) ထုတ်ပြန်၍ လိုက်နာဆောင်ရွက်နိုင်ရန် အသိပေး အကြောင်းကြားပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(သီးနှံကာကွယ်ရေးဌနခွဲ)
ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်းများ
မူရင်းဒေသ အမေရိကဖြစ်သည့် ငမြှောင်တောင်ပိုး Fall Armyworm(FAW) spodoptera frugiperda ကို ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍ အာဖရိကတွင် တွေ့ရှိခဲ့ရပြီး ပြောင်းနှင့် အခြားအဓိက သီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံ အပါအဝင် သီးနှံမျိုးပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်းကီလိုမီတာ (၁၀၀)(ပေပေါင်း ၃ သောင်းကျော်) ထိ ပျံသန်းနိုင်စွမ်းအား ရှိကြောင်း မှတ်တမ်းများလည်း ရှိခဲ့ပါသည်။ ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိပါက သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင်လည်း သက်ရောက်နိုင်သည့် အလားအလာများစွာ ရှိနေသော ဖျက်ပိုးလည်းဖြစ်ပါသည်။ ယခုအခါတွင် ယင်းငမြှောင်တောင်ပိုး (FAW) ကို အာရှနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် တွေ့ရှိနေရပြီ ဖြစ်သေကြောင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် အရှေ့တောင်အရှနှင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ လျှင်မြန်စွာ ပျံ့နှံ့နိုင်သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)က သတိပေးနှိုးဆော်လျက် ရှိပါသည်။
အင်္ဂလိပ်အမည် - Fall Armyworm(FAW)
မြန်မာအမည် - ငမြှောင်တောင်
သိပ္ပံအမည် - spodoptera frugiptera
စားသောက်ပုံ - ကိုက်ဖြတ်ခြစ်စားသည်။
ကျရောက်သည့်သီးနှံ
ပြောင်း၊ စပါး၊ အာလူး၊ ကြံ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံ
ကျရောက်သည့်အချိန်
ပျိုးပင်ငယ်အဆင့်မှ ရိတ်သိမ်းချိန်ထိ ကျရောက်တက်သည်။
ဖျက်ဆီးပုံလက္ခဏာ
ပြောင်းပင်တွင် ငမြှောင်တောင်ပိုး ကျရောက်ပါက ပင်စည်ကို ဝိုင်း၍ ထွက်သည့် အရွက်များ(whorl) တွင် ဖျက်ဆီးခံထားရသည့် အပေါက်များရှိနေခြင်း၊ အရွက်အနားများ စုတ်ပြတ်နေခြင်းနှင့် လောက်ကောင်၏ မစင်များ စသည်တို့ကို ထင်ရှားစွာ တွေ့ရသည်။ အပင်ငယ်စဉ်တွင် ဆိုးဆိုးရွားရွား ကျရောက်ပါက deart heart ခေါင်ညွှန့်သေခြင်းလက္ခဏာ (ပြောင်းပင်အလယ်ရှိ ခေါင်ညွှန့်များ ဝါခြောက်ခြင်း) ကို ထင်ရှားစွာ တွေ့ရသည်။
Fall Armyworm(FAW)နှင့် အခြားသော Armyworm တို့၏ မတူညီသောရုပ်လက္ခဏာများ
(၁) လောက်ကောင်၏ ဦးခေါင်းတွင် အဖြူရောင် အင်္ဂလိပ်အက္ခရာ “Y” ပြောင်းပြန်ပုံသဏ္ဍန်နှင့် ပိုက်ကွန် ပုံစံရှိခြင်း၊
(၂) ခန္ဓာကိုယ်၏ အဆစ် (၈) ဆစ်မြောက်တွင် အနက်ရောင်အစက်(၄)စက်ရှိခြင်း၊
(၃) ကျောလယ်ရှိအစင်းသည် ဘေးဘက်တွင်ရှိသောအစင်း (အနက်ရောင်အစင်း) များထက် ကျယ်ပြန့်၍ အရောင်ဖျော့ခြင်း၊
ငမြှောင်တောင်ပိုး(FAW)ကာကွယ်နှမ်နင်းနည်းများ
၁။ စိုက်ခင်း ပတ်ဝန်းကျင်ရှိပေါင်းမြတ်များကိုရှင်းလင်းပါ။
၂။ ကျန်းမာသန်စွမ်း၍ ငမြှောင်တောင်ပိုးဒဏ် ခံနိုင်ရည်ရှိသော မျိုးများအားစိုက်ပါ။
၃။ စိုက်ပျိုးချိန်နောက်ကျခြင်းကိုရှောင်ပါ။
၄။ သက်တမ်းတူသော မျိုးများကို စိုက်ချိန်တပြိုင်နက်တည်း စိုက်ပျိုးနိုင်အောင် ကြိုးစားပါ။
၅။ မီးထောက်ချောက် Light Trap များအသုံးပြုရန်။
၆။ ပိုတက်ရှ်မြေသြဇာကို မဖြစ်မနေထည့်ပေးရန်။
၇။ ဥမြုံများနှင့် လောက်ကောင်များအား လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်းများ ပြုလုပ်ပေးပါ။
၈။ လောက်ကောင်များခြောက်၍သေစေရန်အတွက် ပင်စည်ကိုဝိုင်း၍ထွက်သည့်အရွက်များ(whorl) တွင် ပြာမှုန့်၊ သဲမှုန့်၊ နှင့် လွှစာမှုန့်များထည့်ပေးပါ။
၉။ ထုံး၊ ဆားနှင့် အဝတ်လျှော်ဆပ်ပြာ များလည်းထည့်ပေးပါ။
၁၀။ သဘာဝပိုးနှင်ဆေး/ပိုးပြေးဆေး(တမာ၊ငရုတ်၊ ဆေးရွက်ကြီး) များပတ်ဖြန်းပေးပါ။
၁၁။ စိုက်ခင်းအတွင်းရှိ မိတ်ဆွေပိုးများဖြစ်သော ပုရွတ်ဆိတ်၊ လိပ်ခုံးကျိုင်း၊ အတောင်မာကျိုင်း၊ နဖာချေးပိုး၊ ပုဇဉ်း၊ ပင့်ကူ၊ ငှက်နှင့် နဂျီ အုပ်စုဝင် ကပ်ပါးများအား ထိန်းသိမ်းပေးပါ။
၁၂။ သဘာဝမိတ်ဆွေပိုးဖြစ်သော ပုရွတ်ဆိတ်များအားဆွဲဆောင်ရန်အတွက် သကြားရည်၊ ဟင်းချက်ဆီနှင့် ငါးဟင်းရည် စသည်များကို ပြောင်းပင်သို့ ပတ်ဖျန်းပေးနိုင်ပါသည်။
ဘဝစက်ဝန်း
ဥ အုပြီးနောက် ၄-၅ ရက်ကြာလျှင် လောက်ကောင်အဖြစ်သို့ ပြောင်းလဲပြီး ၁၄-၂၂ရက် ကြာပါက ရုပ်ဖုံးအဖြစ်သို့ ပြောင်းလဲပါသည်။ ရုပ်ဖုံးဘဝမှ ၇-၁၃ ရက်ကြာပြီးနောက် အကောင်ကြီးဘဝသို့ ရောက်ရှိပါသည်။

မှတ်ချက်။ ပိုးသတ်ဆေးယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် အညွှန်းစာ၌ပါသောညွှန်ကြားချက်များအား အတိအကျလိုက်နာပါရန်နှင့် မတူညီသောဆေးအုပ်စုများအား အလှည့်ကျသုံးစွဲရန် လိုအပ်ပါသည်။
စိုက်ပျိုးရေး ဦးစီးဌာန
wai wai
လွန်ခဲ့သော ၁ နှစ် ကကောင်းကျိုးဆိုးကျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020