ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်း(အပိုင်း- ၃)

20/05/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငှက်ပျောသီး 

ဌက်ပျောခွံပေါ်မှာ အမည်းရောင်အစက်အပြောက်လေးများပါတဲ့အသီးက ရင့်ပြီး အရသာလည်းပိုကောင်းပါတယ်။ အပွေးတက်လေ ပိုချိုလေပါဘဲ။

ဘူးသီး

ကိုင်းဘူးသီး၊ စင်ဘူးသီးဆိုပြီး ၂-မျိုးရှိပါတယ်။

(ကိုင်းဘူးသီးက ဖြောင့်တန်းညီညာမှုမရှိဘဲ အညှာအနီးမှာ ချိုင့်နေတတ်ပါတယ်။ ချက်ပြုတ်တဲ့အခါ မာကြောပြီး စားရင်လည်းဆတ်တောက်တောက်ဖြစ်နေပါတယ်။ အခွံက အစိမ်းရောင်မသန်းဘဲ ဖြူနေရင် အသီးရင့်ပါတယ်။

(စင်ဘူးသီးက စားတဲ့အခါ ချို၍ညက်ညောပါတယ်။ အညှာကနေချက်တိုင်အထိ ဖြောင့်တန်းပြီး အမွှေးနုတွေရှိပါတယ်။ အစိမ်းရင့်ပေါ်မှာ အဖြူပြောက်ကျားအကွက်တွေပါနေရင် အရင့်သီးဖြစ်ပြီး “ဘူးကျား” လို့ခေါ်ပါတယ်။ ဘူးကျားကို ဘယ်လိုချက်ချက် ဆတ်တောက်တောက်ဖြစ်နေပြီး အရသာလည်းမရှိပါ။

ချဉ်ပေါင်ရွက်

ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူနဲ့ချဉ်ပေါင်ခါး(ခေါ်)ဓာတ်ချဉ်ပေါင်ဟူ၍ သုံးမျိုးရှိပါတယ်။ ချဉ်ပေါင်ဖြူက အရိုးနီသောချဉ်ပေါင်နီနဲ့ အမျိုးအစားချင်းတူပါတယ်။ ချဉ်ပေါင်ခါးက ခါးသောအရသာရှိပါတယ်။ ချဉ်ပေါင်ကြော်အတွက် ချဉ်ပေါင်ဖြူ-နီ အရွက်ရင့်ကို ရွေးပါ။ ချဉ်ရည်ဟင်းနဲ့ ဟင်းချိူအတွက်ကိုတော့ မွှေရင်ကြေလွယ်တဲ့ ချဉ်ပေါင်ရွက်အနုတွေကိုရွေးပါ။

ဂေါ်ဖီထုပ်

အထုပ်ပွပွကိုဝယ်ပါ။ ကျစ်လစ်နေတဲ့ ဂေါ်ဖီထုပ်က အလယ်အူတိုင်တွေ အဆမတန်ကြီးမားတန်ကြီးတတ်လို့ပါ။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီ ဖွေးဖွေးကျစ်ကျစ်နဲ့ လေးလေးကိုဝယ်ပါ။ အမည်းစက်ပြောက်များပါတဲ့၊ သကြားမှုန်လိုမွှေးနုပါပြီး ဝါနေတဲ့အပွင်းမျိုးကို မဝယ်ပါနဲ့။ မှောက်ရက်လှန်ပြီး အတွင်းမှာ ပိုးရှိမရှိကိုလည်း ကြည့်ပါ။ ဖြူပြီးလေးနေရင်လည်း အတွင်းမှာ ပိုးတွယ်နေတတ်ပါတယ်။

ပဲတောင့်ရှည်

ကျစ်ပြီးအလျားရှည်တဲ့ အတောင့်ကိုဝယ်ပါ။ ဖြူ၍အသားပွတဲ့ ပဲတောင့်ကမကောင်းပါဘူး။

ကြက်ဟင်းခါးသီး

အစိမ်းရင့်မျိုးနဲ့ အဖြူမျိုး ()မျိုးရှိတယ်။ ဘို့စိတ်ပြီး ဘို့ပါးတဲ့ကြက်ဟင်းခါးသီးက မကောင်းပါ။ ဘို့ကျဲ၍ထွားပြီး ကောက်ကွေ့ခြင်းမရှိတဲ့ ကြက်ဟင်းခါးသီးကို သာရွေးဝယ်ပါ..။ အနီရောင်၊ အဝါရောင် ကြက်ဟင်းခါးသီးကတော့ အမှည့်လွန်နေတာဖြစ်ပါတယ်.....

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်