နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါးမျိုး (IR64- EMF)
အပူဒဏ်ရှောင်နိုင်သော စပါး (နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါး) ၊ (IR64-EMF)
စပါးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်၏ အရေးကြီးသော အဓိက သီးနှံတစ်ခု ဖြစ်သည်။ နေ့တစ်နေ့၏ အမြင့်ဆုံးနှင့် အနှိမ့်ဆုံး အပူချိန်၊ ပူပြင်းသော နေ့ရက်များနှင့် ပူအိုက်သော ညများသည် နေရာတော်တော် များများတွင် တိုးမြင့် လာနေပါသည်။ ရာသီဥတု မတည်ငြိမ်မှုများသည် ပို၍ များပြား လာသည်နှင့်အမျှ သီးနှံများ၏ အဓိက ဖွံံ့ဖြိုးမှုဖြစ်သော ပန်းပွင့်ချိန်တွင် အပူဒဏ်ကို မကြာခဏ ဆိုသလို တွေ့ကြုံနေကြပါသည်။
ရာသီဥတုပြောင်းလဲမှု အကျိုးဆက် အနေနှင့် အပူဒဏ်ကြောင့် စပါး ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကို ဖြစ်စေပါသည်။ စပါးသည် ပန်းပွင့်ချိန်တွင် အပူဒဏ်ကို ခံနိုင်ရည် မရှိပါ။ နံနက် စောစော ပန်းပွင့်သော လက္ခဏာ [early morning flowering (EMF)] သည် ပန်းပွင့်ချိန်တွင် နေ့အပူဒဏ်ကို ရှောင်ရှားနိုင်သောကြောင့် အပူကြောင့် စပါးပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သုတေသန အဖွဲ့တို့မှ Oryza sativa Indica စပါးမျိုး (IR64)ကို စပါးရိုင်း တစ်မျိုးဖြစ်သော Oryza officinalis မှ နံနက်စောစော ပန်းပွင့်သော လက္ခဏာ ထည့်သွင်း အသုံးပြုထားသော စပါး (IR64-EMF)ကို ထုတ်လုပ်ခဲ့ပါသည်။ ၎င်းဗီဇ လက္ခဏာသည် မူလ (IR64) စပါးမျိုးထက် တစ်နာရီခွဲမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကို ဖိလစ်ပိုင်နိုင်ငံတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် မူလ Nanjing 11 စပါးမျိုးထက်လည်း နှစ်နာရီခန့် စော၍ ပန်းပွင့်နိုင်သည်ကို လည်းကောင်း စမ်းသပ်ခဲ့ပြီး ဖြစ်ပါသည်။ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင်လည်း ၂၀၁၅ ခုနစ် နွေရာသီတွင် စမ်းသပ် စိုက်ပျိုးခဲ့ရာ မူလ (IR64)စပါးမျိုးထက် တစ်နာရီမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကိုလည်း တွေ့ရှိရပါသည်။
နံနက်စောစော ပန်းပွင့်သော လက္ခဏာပါရှိသော စပါးမျိုးသည် နေ့အပူချိန် မတက်မီ ပန်းပွင့်ပြီး ဖြစ်စေသည့်အတွက် အပူကြောင့် စပါး ပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေ၍ အထွက်နှုန်းကိုလည်း တိုးတက်စေ ပါသည်။
ဒေါက်တာသန်းမြင့်ထွန်း
ကိုးကား- ၂၀၁၆ ဧပြီလ စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့များအသင်း(AUAA) မှ ထုတ်ဝေသော စာစောင်မှ ထုတ်နှုတ်ဖော်ပြသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးမျိုးများ
ဆက်စပ်မေးခွန်းများ
ဒီးစက်လေး အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 3 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငှက်ပျောမှာ ဆင်ပိုးကျတာ ဘယ်လိုလုပ်ရမလဲ။
ဒေါ်ညိုညိုစန်း • ဖြေကြားချက် 0 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
More from Green Way
အားလုံး
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026