ကီဝီသီးအကြောင်း သိကောင်းစရာ 

24/08/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ်အမည် - Kiwi fruit

သိပ္ပံအမည်        - Actinidia deliciosa, A. arguta

     ကီဝီသီးလေးတွေရဲ့ မူရင်းဒေသတွေကတော့ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ တစ်ဆင့် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗြိတိန်နဲ့ အမေရိကအထိ ပျံ့နှံ့လာပြီး စနစ်တကျ စိုက်ပျိုးကာ ဈေးကွက်ထဲ တင်ပို့ရောင်းချရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ ကီဝီသီးလေးတွေဟာ မျိုးစိတ်ပေါင်း ၆၀ ဝန်းကျင်အထိရှိပါတယ်။ ထို့ကြောင့် မျိုး အပေါ်မူတည်ပြီးတော့ အသီးတွေရဲ့  အရွယ်အစား၊ အရောင်၊ အမွှေးပါခြင်း၊ အသား၊ အရသာနဲ့ အရည်ရွှမ်းခြင်း တို့ကလည်း ကွဲပြားတာ ဖြစ်ပါတယ်။ ကီဝီသီးဟာဆိုရင် ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ 

     ကီဝီသီးပင်လေးတွေဟာဆိုရင် အပူချိန် ကောင်းကောင်း ရပြီး သမပိုင်းရာသီဥတုရှိတဲ့ နေရာမျိုးမှာ စိုက်ပျိုးနိုင်ပါတယ်။ ဆောင်းဦးရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။ မြေဆီသြဇာထက်သန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့ မြေကို ကြိုက်နှစ်သက်ပါတယ်။ ကီဝီသီး အပင်လေးတွေဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး ၀တ်မှုန်ကူးခြင်းဟာ အလွန်အရေးကြီးပြီး လုပ်ဆောင်ရတာလည်း ခက်ခဲပါတယ်။ လေနဲ့ ဝတ်မှုံကူးနိုင်သော်လည်း မလုံလောက်တာကြောင့် မိမိစိုက်ခင်းမှာ အကျိုးပြုအင်းဆက်တွေ ဥပမာ - ပျားလေးတွေအတွက် သူတို့နေချင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားမယ်ဆိုရင်တော့ ဝတ်မှုံကူးခြင်းအတွက် များစွာ အထောက်အကူရမှာပဲ ဖြစ်ပါတယ်။ 

     ကီဝီသီးပင်လေးတွေ စိုက်ပျိုးမယ်ဆိုရင်တော့ နေရာကျယ်ကျယ် လိုအပ်ပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကို ၁၀ ပေကနေ ၁၅ ပေအထိခြားပြီး စိုက်ပျိုးပေးသင့်ပါတယ်။ အပင်လေးတွေ ကြီးထွားနေစဥ်ကာလမှာ မြေအစိုဓာတ် ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ အပူချိန်များတဲ့ အချိန်ကာလတွေမှာ ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ရေ ၂ ကြိမ်ပေးသင့်ပါတယ်။ ကီဝီသီးပင်လေးတွေဟာဆိုရင် စစိုက်ပြီး ၃ နှစ်မှ ၄ နှစ်ဝန်းကျင်ကြာမှသာ အသီးစတင်သီးမှာ ဖြစ်ပါတယ်။ ကီဝီသီးပင်တွေမှာ ပျ၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးတွေလည်း ကျရောက်တတ်တာမို့ သတိပြုသင့်ပါတယ်။ အသီးတွေ သီးပြီဆိုရင် ပထမဆုံး နှင်းခဲမရိုက်ခင် နိုဝင်ဘာလ လောက်မှာ ခူးဆွတ်တာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ခူးဆွတ်ပြီး အသီးများကို ကြာရှည်စွာ သိမ်းဆည်းရန်အတွက် အပူချိန် ၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းတွေမှာ သိုလှောင်ထားနိုင်ပါတယ်။ 

အကျိုးကျေးဇူးများ 

     ကီဝီသီးလေးတွေမှာ ဆိုရင် ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အီးနဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ထို့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီ ပါဝင်နေခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်း၊ တုပ်ကွေး စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာချေစနစ်ကိုလည်း ကောင်းစေပါတယ်။ တစ်နေ့ကို ကီဝီသီးသုံးလုံး စားပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပြီး ရေရှည်မှာ သွေးတိုးနဲ့ ဆက်စပ်ပြီးဖြစ်တတ်တဲ့ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

သတိပြုရန် 

     ကီဝီသီးဟာ လူအများနဲ့တည့်သော်လည်း  အချို့ ဓာတ်မတည့်သူတွေမှာ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူခက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ သွေးခဲခြင်းဖြစ်စဉ်ကို နှေးစေတာမို့ တစ်ခါတစ်ရံမှာ သွေးယိုခြင်း၊ သွေးထွက်ခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်ပါတယ်။ ဒါကြောင့် သွေး ရောဂါရှိသူတွေ ရှောင်သင့်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ရှိရင်လည်း စားသုံးဖို့ မသင့်တော်ပါဘူးခင်ဗျ။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

- https://en.wikipedia.org/wiki/Kiwifruit

- https://www.rhs.org.uk/advice/profile?PID=600

- https://hellosayarwon.com

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်