အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွေးမြူရေးကဏ္ဍ ပူးပေါင်းမြှင့်တင်သွားရန် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းတို့ သဘောတူလက်မှတ်ထိုး

မွေးမြူရေးကဏ္ဍ ပူးပေါင်းမြှင့်တင်သွားရန် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းတို့ သဘောတူလက်မှတ်ထိုး

Green Way
Green Way • 03/10/2022

 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး မွေးမြူရေးကဏ္ဍတိုးတက်ရေး အကောင် အထည်ဖော်သွားဖို့ နှစ်ဖက်သဘောတူနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ MICT Park ရှိ Fortune International ရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံမွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် နှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံ နိုင်ကြရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုပုံစံများကို သုတေသနပြု ဖော်ထုတ်သွားနိုင်ရန်နှင့် လက်တွေ့ ပူးပေါင်း‌ဆောင်ရွက်သွားနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို နားလည်မှုစာချွန်လွှာ ရေးထိုးကြတာ ဖြစ်တယ် လို့ သိရပါတယ်။

“အခုလို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုက်ခြင်းအားဖြင့် မြန်မာ့မွေးမြူရေးကဏ္ဍအတွက် လိုအပ်တဲ့ သွင်းအား စုတွေ ပိုမိုလွယ်ကူလျင်မြန်စွာ ရရှိနိုင်မယ်။ နည်းပညာပိုင်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်။   ပြီးတော့ မြန်မာ့ မွေးမြူရေးထုတ်ကုန်တွေအတွက် ဈေးကွက်ပိုမိုကျယ်ပြန့်လာနိုင်မယ်။ အဲ့ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်” လို့  မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

အခုရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာအရ မန္တလေး၊ နေပြည်တော် (သို့မဟုတ်) မန်စီ၊ ရွှေလီမြို့တွေမှာ မွေးမြူရေးဆိုင်ရာပြပွဲများကို ပူးပေါင်းကျင်းပသွားဖို့ရှိပြီး အဲ့ဒီပြပွဲတွေမှာ မွေးမြူရေးနည်းပညာနှင့် စက်ပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ မျိုး၊ ဆေးဝါး အစရှိတဲ့ မွေးမြူရေးသွင်းအားစုများ၊ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြပွဲများအတွင်း နှစ်ဖက်မွေးမြူရေးပညာရှင်များရဲ့ ဆွေးနွေးဟောပြောပွဲများ၊ လုပ်ငန်းရှင်များရဲ့ business matching အစီအစဉ်များ ထည့်သွင်းကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံအတွင်း တိရစ္ဆာန်မွေးမြူရေး၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ကာ စက်ယန္တရားများအသုံးပြု‌ဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းပညာသင်တန်းများ ပူးတွဲလုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 0 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 1 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။