အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ကြက်သွန်နီ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုတင်ပို့နေ

မြန်မာ့ကြက်သွန်နီ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုတင်ပို့နေ

Green Way
Green Way Greenovator 05/02/2020

ယခုလက်ရှိအချိန်ထိ မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ဝယ်ယူနေလျက်ရှိပြီးတင်ပို့နေရတာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အခုလက်ရှိအချိန်ထိ ဝယ်ယူနေတာဖြစ်ပြီး  စျေးနှုန်းမှာလည်း မြင့်တက်နေကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

ကြက်သွန်နီကတော့ စျေးနှုန်းရနေပါတယ်။ ဘင်္ဂလားဒေ့ရ်ှကလည်း အခုချိန်ထိဝယ်နေသေးတော့ စျေးမြင့်တာလည်းပါတယ်။ သူတို့ဘက်ကို တင်ပို့နေရတာတွေရှိတော့ စျေးနှုန်းက အရင်လတွေကဆို တော်တော်လေးမြင့်သွားတယ်

မြန်မာ့ကြက်သွန်နီကုန်တင်ကာစီးရေမှာ နယ်စုံမှ အစီးရေ (၂၇) စီးဝင်ရောက်လျက်ရှိကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ကြက်သွန်နီစျေးနှုန်းမှာ ဆိပ်ဖြူရှယ် တစ်ပိဿာကို ၁၇၅၀ ကျပ်၊ မြစ်သားရှယ် (သစ်) တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ ပခုက္ကူရှယ် (သစ်) တစ်ပိဿာကို ၁၈၀၀ ကျပ်၊ တောင်တွင်းရှယ်(သစ်) တစ်ပိဿာကို ၁၇၅၀ ကျပ်နဲ့ မြင်းခြံရှယ်သစ် တစ်ပိဿာကို ၁၈၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် စျေးနှုန်းများအရ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်

စောလှထွန်း • ဖြေကြားချက် 0 ခု

ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ

စောလှထွန်း • ဖြေကြားချက် 0 ခု

ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။

U Win Zaw • ဖြေကြားချက် 0 ခု

ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး

aye Myat mon • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းရက်60သသား ပါပိုတတ်ဘယ်လောက်နှုန်းလောက်စကြဲရမလဲ

Aung Myo Than • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။