အပင်များအတွက် ဖော့စဖိတ်ဓာတ်ရနိုင်မည့် သဘာဝရင်းမြစ်လေးမျိုး (၁)
ဖော့စဖောရပ်စ်ဟာ ပင်စည်၊ အသီး၊ အပွင့်နဲ့ အစေ့အဆန်များအတွက် အားပေးတဲ့ အာဟာရဓာတ်ဖြစ်ပြီး အပင်တွေ ရှင်သန်ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒါ့အပြင် အမြစ်ကြီးထွားမှုကိုလည်း အားပေးပြီး သီးနှံတွေကိုလည်း စောစောရင့်မှည့်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အပင်တွေကို ကျန်းမာကြံ့ခိုင်စေပြီး ပိုးမွှားရောဂါ ကျရောက်မှုကိုလည်း အထိုက်အလျောက် ခံနိုင်ရည်ရှိစေကာ သီးနှံတွေရဲ့ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာရှိနေတဲ့ သာမန်မြေဆီလွှာ အများစုမှာ အပင်ကြီးထွားဖို့အတွက် လုံလောက်တဲ့ ဖော့စဖောရပ်စ်ဓာတ်တွေ ပါရှိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးလုပ်တဲ့မြေတွေမှာတော့ စဉ်ဆက်မပြတ် စိုက်ပျိုးအသုံးပြုခြင်းတွေကြောင့် ဖော့စဖောရပ်စ်ပါဝင်မှု နည်းပါးပြီး ချို့တဲ့နေတတ်ပါတယ်။
မြေဆီလွှာမှာ ဖော့စဖောရပ်စ်ဓာတ် ချို့တဲ့ တဲ့အခါ အပင်ရဲ့အောက်ဘက်မှာရှိတဲ့ အရွက်ရင့်တွေကနေ လက္ခဏာ စပြလေ့ရှိပါတယ်။ အရွက်တွေဟာ ပုံမှန်အစိမ်းရောင်ကနေ အစိမ်းရင့်ရောင် ပြောင်းလာတာမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရွက်ရဲ့ ဘေးနှုတ်ခမ်းသားတွေပေါ်မှာ အညိုရောင်၊ ခရမ်းရောင်နဲ့ ကြေးနီရောင်တွေ စပ်ယှက်လာတဲ့ ပုံစံမျိုးကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ခြောက်သွေ့တဲ့ မြေဆီလွှာအနေအထားမှာဆိုရင်တော့ အပင်ငယ်တွေမှာပါ ဖော့စဖောရပ်စ် ချို့တဲ့မှုဖြစ်ပေါ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုချို့မယ်ဆိုရင် အပင်တွေမှာ အရွက်အနုတွေ ထွက်ရှိလာခဲ့ရင်လည်း ပုံမှန်ထက်ကို သေးငယ်နေတာမျိုး တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမြစ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပြီး ရေနဲ့ အာဟာရဓာတ်တွေ စုပ်ယူနိုင်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ဖော့စဖောရပ်စ် ချို့တဲ့ခြင်းကြောင့် အပင်ကြီးထွား ဖွံ့ဖြိုးမှုကို ညံ့ဖျင်းစေနိုင်သလို သီးနှံတွေရဲ့ အထွက်နှုန်းကိုလည်း ကျဆင်းစေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောင်းဖူးတွေမှာဆိုရင် အစေ့အဆန်ဖြစ်ပေါ်မှု နည်းပါးတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။
ဖော့စဖောရပ်စ်ဓာတ်နဲ့ ပတ်သက်လို့ တောင်သူဦးကြီးတွေအနေနဲ့ သိထားသင့်တာ တစ်ခုရှိပါတယ်။ ဖော့စဖောရပ်စ်မြေသြဇာကို သီးနှံမစိုက်ပျိုးခင် မြေပြင်ချိန်မှာကတည်းက ထည့်ထားပေးသင့်ပါတယ်။ အပင်ငယ်စဉ်ကာလမှာပဲ ၎င်းအာဟာရဓာတ်ကို အပင်ကရယူနိုင်ပြီး အပင်ကြီးရင့်သွားပါက အပင်မှရယူနိုင်ခြင်း မရှိတော့ဘဲ မြေကြီးထဲမှာသာ ကျန်ရှိနေတတ်တာကြောင့် ဖော့စဖောရပ်စ်ဓာတ်ဟာ မြေပြင်ချိန် (သို့မဟုတ်) အပင်ငယ်စဉ်မှာပဲ အသုံးပြုသင့်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။
ယခုဆောင်းပါးမှာတော့ မြေဆီလွှာမှာ ဖော့စဖောရပ်စ်ဓာတ်တွေ တိုးလာစေဖို့အတွက် အလွယ်တကူအသုံးပြုနိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပါ သဘာဝပစ္စည်းတွေဟာ ဖော့စဖောရပ်စ်အပြင် အပင်အတွက် လိုအပ်တဲ့ အခြားသော အာဟာရဓာတ်များကိုပါ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
(၁) လင်းနို့ချေး

လင်းနို့ချေးမှာက အဓိကအာဟာရ ၃ မျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေတာကြောင့် တနိုင်တပိုင် စိုက်ပျိုးတဲ့ ဥယျာဉ်လေးတွေနဲ့ စိုက်ခင်းငယ်လေးတွေမှာ အသုံးပြုသင့်ပါတယ်။ လင်းနို့ချေးမှာ ပါဝင်နေတဲ့ အာဟာရအချိုးပုံစံကတော့ N:P:K ၁၀:၃:၁ နှုန်းထားနဲ့ ပါဝင်နေတာ ဖြစ်ပြီး အဲ့ဒီအာဟာရဓာတ်တွေဟာ ရေမှာပျော်ဝင်နိုင်တဲ့ သဘာဝရှိနေတာကြောင့် အမျိုးမျိုးသော အပင်တွေမှာ ရွက်ဖျန်းအနေနဲ့ အသုံးပြုနိုင်သလို အာဟာရဖျော်ရည်အနေနဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
လင်းနို့ချေးကို မြေသြဇာအနေနဲ့ အလွယ်တကူ အသုံးပြုနိုင်တဲ့ နည်းလမ်းကတော့ လင်းနို့ချေးအမှုန့်တွေကို အပင်ခြေရင်းတစ်ဝိုက်မှာ ဖျန်းပြီးနောက် ရေလောင်းပေးခြင်းဖြင့် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ လင်းနို့ချေးဖျော်ရည်အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ လင်းနို့ချေး လက်ဖက်ရည် ပန်းကန်လုံး ၁ လုံးကို ရေ ၁ ဂါလံနဲ့ ရောကာ နှံ့စပ်အောင်မွှေပြီးတဲ့နောက် တစ်ညထားရှိရမှာ ဖြစ်ပါတယ်။ ပြီးပါက ရရှိလာတဲ့ဖျော်ရည်ကို စစ်ယူပြီး နောက်ထပ် ရေ ၁ ဂါလံနဲ့ရောစပ်ကာ ရွက်ဖျန်းမြေသြဇာအနေနဲ့ အပင်တွေကို တိုက်ရိုက်ပက်ဖျန်းနိုင်သလို အပင်ခြေကိုလည်း လောင်းပေးနိုင်ပါတယ်။
တီကျစ်စာ (တီမြေဆွေး)

တီကျစ်စာ (တီမြေဆွေး) ဆိုတာဟာ မြေဆီလွှာထဲမှာရှိနေတဲ့ တီကောင်လေးတွေရဲ့ အကူအညီနဲ့ ဇီဝအညစ် အကြေးတွေကို ဆွေးမြည့်ပျက်စီးစေခြင်းဖြင့် ရရှိလာတဲ့ အော်ဂဲနစ်မြေဩဇာတစ်မျိုး ဖြစ်ပါတယ်။
တီကောင်လေးတွေ အစာစားဖို့အတွက် အော်ဂဲနစ်ပစ္စည်းများကို ထောက်ပံ့ပေးရပြီး ၎င်းအော်ဂဲနစ်ပစ္စည်းများကို စားသုံးပြီးနောက်မှာ တီကောင်လေးတွေကနေ အာဟာရပြည့်ဝတဲ့ တီကျစ်စာများကို စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။ သဘာဝနည်းဖြင့်ဆိုပါက ဆွေးမြည့်ဖို့အတွက် နာရီပေါင်း ၁၀၀၀ နီးပါးခန့် လိုအပ်တဲ့ သဘာဝပစ္စည်းများကို တီကောင်လေးတွေက နာရီအနည်းငယ်အတွင်းမှာ ချေဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။
တီကျစ်စာမှာဆိုရင် အော်ဂဲနစ်ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အိုင်းယွန်းဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ ဒါ့ကြောင့် တီကျစ်စာကဲ့သို့ အော်ဂဲနစ်မြေဩဇာတွေ အသုံးပြုခြင်းဟာ အာဟာရပြည့်ဝပြီး ရေထိန်းစွမ်းအားကိုလည်း တိုးတက်စေကာ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
တီကျစ်စာကို အပင်အမျိုးအစားအားလုံးရဲ့ ကြီးထွားမှု အဆင့်ဆင့်တိုင်းမှာ အသုံးပြုနိုင်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတဲ့ အပင်တွေမှာဆိုရင် တီကျစ်စာ လက်တစ်ဆုပ်စာကို ၂ - ၃ လလျှင် ၁ ကြိမ် ထည့်သွင်းပေးခြင်းဖြင့် အပင်များအတွက် ကောင်းကျိုး ရရှိစေမှာ ဖြစ်ပါတယ်။
မျိုးစေ့ကနေ စတင်စိုက်ပျိုးတဲ့အခါမှာ တီကျစ်စာထည့်သွင်းပေးခြင်းဖြင့် ထွက်ရှိလာမယ့် ပျိုးပင်တွေကို ကြီးထွားမှု မြန်ဆန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်များကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ပျိုးပင်တွေမှာ ကျရောက်လေ့ရှိတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာလည်း တီကျစ်စာကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အပင်များကို ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။ တနိုင်တပိုင် သီးနှံစိုက်ခင်းငယ်လေးတွေမှာ အသုံးပြုမယ်ဆိုရင်တော့ မိမိရဲ့ စိုက်ခင်းမြေ၊ သစ်ဆွေးမြေနဲ့ တီကျစ်စာတို့ကို ဆတူရောစပ်ပြီး အပင်စိုက်ပျိုးရာမှာ ထည့်သွင်းနိုင်ပါတယ်။ တီကျစ်စာကို ရေနဲ့ ရောစပ်ပြီး အပင်တွေပေါ် တိုက်ရိုက်ပက်ဖျန်းပေးခြင်းဖြင့် အပင်တွေကို အာဟာရဓာတ် ရရှိစေနိုင်ပြီး ပိုးမွှား ရောဂါ ကျရောက်မှုများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ကျန်ရှိနေတဲ့ သဘာဝဖော့စဖရပ်စ်ရင်းမြစ်နှစ်ခုကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဇင်ထူးနိုင်
Ref: https://gardengeo.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သဘာဝမြေဩဇာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုရာဇာ
လွန်ခဲ့သော ၃ နှစ် ကတီမြေဆွေးကိုဘယ်လိုလုပ်လဲခဗျား
ကိုပိုင်ကြီး
လွန်ခဲ့သော ၃ နှစ် ကတီကောင်ကျနေတဲ့မြေးဆွေပုံကိုငရုပ်ပင်ပျိုးလို့ရလား
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကယ
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကယ
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကယ
ဆက်စပ်မေးခွန်းများ
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဘာရောဂါကြတာလဲဗျ
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
အပင်အမြစ်တွင်မှိုများကျရောက်နေသောကြောင့်ဖြစ်ပါသည်
Ma Ei Ei Naing • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026