သစ်ခွပင်ရဲ့ အရွက်တွေ ဘာကြောင့် အဝါရောင်ပြောင်းလာတာလဲ 

29/10/2022 09:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပထမဆုံးအနေနဲ့ အတိုချုပ်ပြောရရင်တော့ သစ်ခွပင်ရဲ့အရွက်တွေ အဝါရောင်ပြောင်းရတဲ့ အကြောင်းရင်းက အမြစ်တွေက တဖြည်းဖြည်း သေသွားလို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အမြစ်တွေဟာ အပင်ကြီးထွားရှင်သန်ဖို့ အရေးကြီးတဲ့ ရေနဲ့ အာဟာရဓာတ်တွေကို အရွက်များဆီသို့ မပေးပို့နိုင်တော့တာကြောင့် အဝါရောင်ပြောင်းလာပြီး နောက်ဆုံးမှာ သေဆုံးသွားစေတာ ဖြစ်ပါတယ်။ 

အရွက်‌တွေ အဝါရောင်ပြောင်းလာခြင်းဟာ အပင်အနေနဲ့ ကမောက်ကမ ဖြစ်နေကြောင်း ပြသနေတာဖြစ်ပြီး ၎င်းအခြေအနေဟာ အဓိကအားဖြင့် ရေနည်းလွန်းခြင်း (သို့မဟုတ်) ရေများလွန်းခြင်းတို့အပြင် အခြားသော အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပူချိန်လျော့နည်းပြီး အလွန်အေးနေတဲ့ အခြေအနေမျိုး (သို့မဟုတ်) နေရောင်နဲ့အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ခြင်းတွေကြောင့်လည်း နေလောင်ပြီး အဝါရောင်ပြောင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သစ်ခွပင်တွေဟာ ၎င်းတို့ ရှင်သန်တဲ့အလေ့အထနဲ့ သဘာဝပတ်ဝန်းကျင်ကြားမှာ သဟဇာတ မဖြစ်မှုတွေကြောင့် ရရှိလာတဲ့ အခြေအနေတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ 

ဘာကြောင့် သစ်ခွပင်ရဲ့အရွက်တွေ အဝါရောင်ပြောင်းလာတာလဲ 

(၁) ရေလောင်းများခြင်း

သစ်ခွပင်တွေကို ရေ နေ့တိုင်း လောင်းပေးဖို့ မလိုအပ်ပါဘူး။ ရေလောင်းများတဲ့အခါ အမြစ်ပုပ်တာမျိုး ဖြစ်နိုင်ပြီး အရွက်တွေ ဝါလာနိုင်ပါတယ်။ အမြစ်တွေဟာ အဝါရောင်၊ အညိုရောင်နဲ့ ပျော့အိပြီး ဖွံ့ဖြိုးမှုမရှိတော့ဘူးဆိုရင် ရေနဲ့ အာဟာရတွေကို သယ်ယူနိုင်စွမ်းမရှိတော့တာကြောင့် ရောဂါမပြန့်ပွားစေဖို့ ဖြတ်တောက်ပေးသင့်ပါတယ်။ သစ်ခွပင်တွေကို ၇ ရက်ကနေ ၁၄ ရက်လျှင် တစ်ကြိမ် ရေလောင်းပေးနိုင်ရင် လုံလောက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁ ပတ်မှာ ၁ ကြိမ်ထက်ပိုပြီး ရေလောင်းမိနေတယ်ဆိုရင် ရေလောင်းတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးသင့်ပါတယ်။ ဆောင်းရာသီလို အေးတဲ့ကာလမျိုးမှာဆိုရင်တော့ ၂ ပတ်လျှင် ၁ ကြိမ် လောင်းပေးနိုင်ပါတယ်။   

(၂) မှန်ကန်သော ပျိုးခံ၊ ပွားစာ (စပ်မြေ) အသုံးမပြုခြင်း 

သစ်ခွပင်တွေကို ထိခိုက်ပျက်စီးစေတဲ့ ယေဘုယျအကျဆုံးအချက်ကတော့ အစိုဓာတ်များလွန်းတဲ့ စပ်မြေတွေကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ မှားယွင်းတဲ့ စပ်မြေတွေကို အသုံးပြုတဲ့အခါ အပင်ရဲ့အမြစ်တဝိုက်မှာ အစိုဓာတ်များစွာကို ထိန်းထားတဲ့အတွက် တဖြည်းဖြည်းနဲ့ အရွက်တွေကိုဝါလာစေတာ ဖြစ်ပါတယ်။ သစ်ခွပင်တွေ စိုက်ပျိုးရာမှာ ပျိုးခံပွားစာအနေနဲ့ အုတ်ခဲကျိုး၊ အုန်းဆံခွံ၊ မီးသွေး၊ ထင်းရှူးခေါက်နဲ့ သစ်ကပ်ဖန်းပင်အလွှာ‌ခြောက် စတာတွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အဆိုပါ ပစ္စည်းတွေဟာ ရေ ကောင်းစွာစိမ့်ဝင်နိုင်ပြီး ရေဝပ်တာမျိုးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ခွရဲ့အမြစ်တွေလည်း အလွယ်တကူ တွယ်ကပ်စေနိုင်တဲ့အပြင် ပိုးမွှားကျရောက်မှုကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

(၃) ရေဆင်းပေါက်မရှိတဲ့ အိုးများအသုံးပြုခြင်း 

သစ်ခွပင်တွေဟာ ၎င်းတို့ရဲ့ အမြစ်ပတ်လည်မှာ ရေတွေ စုပုံနေတာမျိုးကို လုံးဝမကြိုက်ကြပါဘူး။ အမြစ်တွေ ရေနစ်မြုပ်ပြီး အချိန်ကြာမြင့်စွာ စိုစွတ်နေမယ်ဆိုရင် ပုပ်သွားတတ်ပြီး ကျန်းမာသန်စွမ်းတဲ့ အမြစ်တွေကိုလည်း ကူးစက်သွားနိုင်တာကြောင့် သတိပြုဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိုးရဲ့ အောက်ခြေကနေ ရေတွေ အလွယ်တကူ စိမ့်ထွက်သွားနိုင်တဲ့ အိုးမျိုးကို ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ 

(၄) ရေ အလုံအလောက် မရရှိခြင်း

အမြစ်တွေဟာ ရေကို လုံလောက်စွာမရရှိဘဲ အစိုဓာတ်နည်းနေမယ်ဆိုရင် အမြစ်များစတင်‌သေဆုံးပြီး နောက်ပိုင်းမှာ အပင်ပါသေဆုံးသွားမှာ ဖြစ်ပါတယ်။ ရေအနည်းငယ်သာ လောင်းပေးခြင်းဟာ သစ်ခွပင်ရဲ့ အမြစ်တွေကို ခြောက်သွေ့စေပြီး အရွက်များဆီသို့ ရေနဲ့ အာဟာရဓာတ်များ ပေးပို့နိုင်မှာ မဟုတ်ပါဘူး။ ရေ မလုံလောက်တဲ့အခါ အရွက်မျက်နှာပြင် တွန့်လာပြီး အဝါရောင်ပြောင်းလာတာ တွေ့ရမှာဖြစ်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရွက်များပြန်ပြီး ကောင်းမွန်လာတဲ့အထိ ရေလောင်းတဲ့ အကြိမ်အရေအတွက်ကို တိုးမြှင့်ပေးသင့်တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာတော့ ရေလောင်းပေးတာထက် ဇလားတစ်ခုထဲကို ရေထည့်ပြီး သစ်ခွပင်တွေကို ရေစိမ်ပေးတဲ့နည်းလမ်းက ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။ ရေစိမ်တဲ့နည်းလမ်းကို‌တော့ ၂ ရက် ၁ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ ရေစိမ်ပေးခြင်းဖြင့် အပင်တဝိုက်မှာ စိုထိုင်းဆတိုးစေပြီး အရွက်များ ခြောက်သွေ့ခြင်းကနေ  ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၅) နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု အချိန်ကြာခြင်း 

သစ်ခွပင်တွေဟာ အပူပိုင်းဒေသမျိုးရင်းအပင်တွေ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို နှစ်သက်ခြင်းမရှိတဲ့ အပင်တွေဖြစ်ပါတယ်။ သစ်ခွပင်တွေဟာ အပူချိန် ၁၈ - ၂၆ ဒီဂရီစင်တီဂရိတ်အတွင်းကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ အရွက်တွေဟာ နေရောင်တိုက်ရိုက် ထိတွေ့ခံရမယ်ဆိုရင် နေလောင်ပြီး အဝါရောင်ပြောင်းသွားနိုင်တာကြောင့် ပူပြင်းတဲ့ကာလတွေမှာ နေရောင်တိုက်ရိုက် မထိတွေ့နိုင်အောင် အကာအကွယ်တွေ ပြုလုပ်ထားပေးသင့်ပါတယ်။ 

(၆) မြေသြဇာ မှားယွင်းအသုံးပြုခြင်း 

အထူးသဖြင့် နိုက်ထရိုဂျင် မြေသြဇာကို အလွန်အကျွံ အသုံးပြုတဲ့အခါ အမြစ်တွေကို မြေသြဇာလောင်စေတတ်ပြီး အရွက်တွေကို အဝါရောင်ပြောင်းစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်ခွပင်တွေကို မြေသြဇာကျွေးရာမှာ ဖော့စဖောရပ်စ်ဓာတ်များပြီး နိုက်ထရိုဂျင်နည်းတဲ့ မြေသြဇာတွေကို ကျွေးပေးသင့်ပါတယ်။

အပင်ကျန်းမာသန်စွမ်းပြီး ပန်းပွင့်စေချင်တယ်ဆိုရင်တော့ ဖော်မြူလာအစုံပါဝင်တဲ့ ကွန်ပေါင်းမြေသြဇာတွေ ကျွေးသင့်ပါတယ်။ အမျိုးအစားမတူတဲ့  မြေသြဇာတွေကို တစ်ကြိမ်တည်း အတူတူအသုံးပြုတာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ မြေသြဇာတွေကို မှားယွင်းစွာအသုံးပြုခြင်းကလည်း သစ်ခွရဲ့အရွက်တွေကို အဝါရောင်ပြောင်းစေနိုင်တာ ဖြစ်ပါတယ်။ သဘာဝမြေသြဇာအနေနဲ့ဆိုရင်တော့ ကော်ဖီအမှုန့်နဲ့ ကြက်ဥခွံတို့ကို ထည့်ပေးလို့ရပါတယ်။ ကော်ဖီမှုန့်မှာဆိုရင် အပင်တွေအတွက်လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ ပါဝင်နေပြီး ကြက်ဥခွံမှာတော့ ကယ်လ်စီယမ်ကာဗွန်နိတ် ပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေဟာ ချဉ်/ငန် ကိန်းကို နိမ့်ကျစေပြီး အက်စစ်ဓာတ်ကို ပိုမိုရရှိစေနိုင်တာ ဖြစ်ပါတယ်။

(၇) အပူချိန်နိမ့်လွန်းခြင်း

အပူချိန် ၁၂ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပြီး အေးတဲ့အခြေအနေမျိုးတွေဟာ သစ်ခွပင်တွေကို ထိခိုက်ပျက်စီးလွယ်ပြီး အရွက်တွေကို အဝါရောင်ပြောင်းစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အေးတဲ့ကာလတွေမှာဆိုရင်တော့ အပင်တွေကို အကာအကွယ်ရှိပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးတွေမှာ ရွှေ့ပြောင်းထားရှိသင့်ပါတယ်။  သစ်ခွပင်တွေဟာ အပူပိုင်းဒေသ အပင်တွေဖြစ်တာကြောင့် စိုထိုင်းဆ ၅၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကြားကို နှစ်သက်ကြတာ ဖြစ်ပါတယ်။ 

(၈) ရောဂါကျရောက်ခြင်း 

ရောဂါကျရောက်ခြင်းဟာလည်း သစ်ခွပင်ရဲ့အရွက်တွေ အဝါရောင်ပြောင်းရခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါအခြေအနေအတွက် စောင့်ကြည့်ရမယ့် ရောဂါ ၂ မျိုး ရှိပါတယ်။

အကယ်လို့ သစ်ခွပင်မှာ အဝါရောင်အစက်အပြောက်တွေ ထွက်ပေါ်လာပြီး အနံ့အသက်ကတော့ ပုံမှန်အတိုင်းရှိနေမယ်ဆိုရင် မှိုရောဂါဝင်တာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မှိုရောဂါတွေဟာ အရွက်ရဲ့ အောက်မျက်နှာပြင်ကနေ အဝါရောင် အစက်အပြောက်တွေ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ၎င်း အစက်အပြောက်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး အရွက်ရဲ့ အထက်၊ အောက် မျက်နှာပြင်မှာ မြင်တွေ့လာရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဝါရောင် အစက်အပြောက်တွေကနေ အညိုရောင်နဲ့ အမည်းရောင်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အကယ်လို့ အပင်ကနေ အနံ့အသက်ဆိုးထွက်တာကို သတိပြုမိတယ်ဆိုရင်တော့ ဘက်တီးရီးယားရောဂါ ကျရောက်နေနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ 

ဇင်ထူးနိုင် 

Ref:  https://www.gardentips360.co.uk/ 

https://www.justaddiceorchids.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်